Coronavirus ကိုရိုနာဗိုင်းရပ်စ် နောက်တိုးသတင်း

နောက်ဆုံးသတင်း မဟုတ်ပါ။ ဝူဟန်ကနေ နိုင်ငံခြားသားတွေကို ပြန်လွှတ်မယ်။

သြစတေးလျကတော့ ပြန်လာသူတွေကို ကျွန်းလေးတကျွန်းပေါ်မှာထားမယ်။ ပြည်မကြီးနဲ့ မိုင် ၁၂၀၀ ဝေးတဲ့ ခရစ်စမတ်ကျွန်းပေါ်မှာ ၂ ပတ်ကြာမယ်။ အဲဒီမှာ သီရိလင်္ကာက မိသားစုတစုသာနေထိုင်တယ်။ လူ တထောင်စာ နေရာတွေဆောက်နေပြီ။

အီးယူနဲ့ အမေရိကန်တွေလည်း ပြန်ကြပြီ။ ဂျပန်လူမျိုး ၂၀၀ ပြန်ကြပြီ။ ၆၅၀ က လေယျာဉ်စောင့်နေတယ်။ တချို့က ဖျားနေကြပြီး တချို့ ချောင်းဆိုးနေကြတယ်။ သူတို့ကို အရင်ဆုံး သီးသန့်ထားမယ်။

အခုထိ တရုပ်ပြည်မှာ သေဆုံးသူ ၁၃၂ ယောက်။ တရုပ်ကျန်းမာရေးဌာနက နောက်ထပ် ၁၀ ရက်အထိ ရောဂါအရှိန်မြင့်တက်နေဦးမယ်တဲ့။

ပြန်လာတဲ့ အမေရိကန်တွေကိုလည်း သီးသန့်စစ်ဆေးမယ်။ ၂ ပတ်ကြာမယ်။ ဗြိတိန်ကလည်း ၂၀၀။ ပြင်သစ် ၂၅၀။ တောင်ကိုရီးယားက ၇၀၀။

မြန်မာပြည်သားတွေသတင်း ဆက်လာပါမယ်။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၂၀
ည ၁၁ နာရီ ၄၂ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ