သည်းညှာနု မခိုင့်တခိုင်

ကွန်မင့်တခုရတယ်။ မောင်သာရ ဝတ္ထုတွေအရမ်းကြိုက်ပါတယ်ဆရာ။ ဖတ်ချင်ပါတယ် ဆရာ။ အထူးသဖြင့် ဆရာ မောင်သာရရဲ့ စကားပြောဟန်နဲ့ ဝေါဟာရကြွယ်ဝမှုတွေကို အရမ်းသဘောကျပါတယ်ဆရာ တဲ့။

မြန်မာစာကို အရင်က ပါဠိစာလုံးတွေ အဆင့်စာလုံးတွေ၊ နဘေကာရန်တွေနဲ့ ရေးခဲ့ကြတယ်။ ၁၉၃၀ နောက်မှာ ခေတ်စမ်းစာပေပေါ်လာတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝ၊ မောင်ထင်၊ မောင်သုတ၊ ကုသနဲ့ ဧမောင်တို့က ထိပ်မှာပါကြတယ်။

နောက် ၁၉၆၀ ဝန်းကျင်လောက်မှာ စကားပြေလို့ ဖြစ်လာတယ်။ မောင်သာရက အဲဒီခေတ်မှာ စာရေးတယ်။ မန္တလေးအုပ်စုလို့ အကြမ်းပြောလို့ရတယ်။ မြန်မာစာတိုးတက်ဖွဲ့ဖြိုး စည်ပင်ခဲ့တယ်။ မြန်မာစာသတ်ပုံတွေကလည်း မှန်ကန်ခဲ့တယ်။

မောင်သာရစာအုပ်အမည်တွေကိုကြည့်ရင် မြန်မာစာသတ်ပုံကို လေ့လာလို့ရတယ်။
ဂျပန်ဖိနပ်တဖက် မန္တလေးဖိနပ်တဖက်
ဆံတပင်တင်း ချစ်ခြင်းမယား
ညှာရွှေတခက် ကြွေရက်ကယ်စော
ညိုခဲ့တလည် ကြည်ခဲ့တခါ
ညီအကို မသိတသိ
တခုသောကျေးကား ခိုးသားငါးရာနှင့် ပေါင်းမိလေ၏
တခုသောကျေးကား ခိုးသားငါးရာနှင့် ပေါင်းမိလေ၏
တချုံကွယ် တမယ်မေ့တတ်သူရဲ့
တစင်မှာ အဆင်တမျိုး တချိုးမှာ အကတဟန်
တယောက်မျက်နှာ တယောက်ကြည့်ကာ
ထမီကျွတ်၍ လွှတ်လိုက်သည်
ပရွက်ဆိတ်တမျှ သေးငယ်သွားကြုန်၏
မိန်းမတဖက် ပုလင်းတဖက်
လမ်း၌တွေ့ခဲ့သော သစ်ပင်တပင်
သစ်တပင် အရိပ်တခု
သည်းညှာနု မခိုင့်တခိုင်
သူ့အရင်ကတယောက် သူကတယောက်
အထက်တဝက် အောက်တဝက်
မောင်သာရ၏ ဝတ္ထုခေါင်းစဉ်များ
ရေကြည်ချမ်းမြ တပေါက်ကလေးကျရုံမျှနှင့်

တဝမ်းပူကို မလိုအပ်ရင် စမသတ်ပါ။ ခုခေတ်မှာတော့ သည်းညှာနု မခိုင့်တခိုင် မြန်မာသတ်ပုံတွေဟာ တခုသောကျေးကား ခိုးသားငါးရာနှင့် ပေါင်းမိပြီး၊ အထက်တဝက်အောက်တဝက် ဖြစ်လာရပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ