Gandaria မရမ်းသီး မရန်းသီး

မုံရွာတက္ကသိုလ်က ဆရာတယောက်က တင်ထားတယ်။ မရမ်းသီး Bouea macrophylla Griffith; Bouea burmanica Griff; Mangifera oppositifolia Roxb
Family: Anarcardiaceae

Common names: Gandaria or plum mango or mango plum, Baran, Baran, Barine, Barine, Mayan, Mayan, Taw-mayan, Taw-mayan, Marium plum, Maprang, စသည်။

ဆရာ့ မရမ်းသီးအမည်က ဒီအရပ်မှာ မရမ်းသီးစားရဘို့ ထက် ခက်တယ်။

ကွန်တော်က ကိုယ်နဲ့မဆိုင်တာ စိတ်ဝင်စားတယ်။ သတ်ပုံ။ ရှင်ဥတ္တမကျော်တောလားမှာ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ လို့ရေးတယ်။ မရန်းလို့ ရေးပါတယ်။

ရန်း
ကုလားနရန်း
ကျီးရန်းပြာသာဒ်
ခါးရန်းကြိုး
ခါးရန်းသီး
စက်နရန်း
စတုရန်း
ဆင်ကပ်လက်ရန်း
တြိရန်း
မရန်းပင်
မရန်းသီး
မရန်းရောင်
ခြံစောင့်ရန်း
ရန်း = အရောင်
ရန်းတား = ကာဆီးစောင့်ရှောက်ထားခြင်း
လှည်းစွယ်ရန်း
သက်တင်ရန်း
အရန်းအတား
အိမ်လက်ရန်း
ခေါင်ရန်းပန်း

ရမ်း
ကိုယ်လက်ရောင်ရမ်း
ခရမ်းကစော့ (ကဆော့) သီး
ခရမ်းခါးသီး
ခရမ်းချဉ်ပင်
ခရမ်းပင်
ခရမ်းကြွပ်ပင်
ခရမ်းသီး
ခရမ်းရောင်
ပရမ်းပတာ
ရမ်းကား = စော်ကားသည်
ရမ်းကားသူ
ရမ်းဆ
ရမ်းတုတ်
ရမ်းဗြဲကျွန်း
ရမ်းရမ်း = အားရနှစ်သက်သည်
ရမ်းရမ်းမို့မို့
ရမ်းရမ်းလွေ့ = များသည်
ရမ်းသန်းပြော
ရမ်းရော်
ရွှင်အားရမ်း
လူသရမ်း
သမိန်ပရမ်း
အရမ်း = အလွန်အကဲ (ခေတ်သုံး)
ညောင်ရမ်းမြို့
ပေါရမ်း = မြှော်ရမ်းသည်
ရော်ရမ်းမှန်းဆ
ဟော့ဟော့ရမ်းရမ်း

ဒီအသီးမှာ အချိုနဲ့ အချဉ်ရှိတယ်။ မရမ်းကချဉ်သလား မရန်းကချိုသလား မသိပါ။ အဲတာ မြန်မာစာ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး