ယနေ့ နှင့် ကနေ့

ယနေ့ကမ္ဘာ နဲ့ ကနေ့ကမ္ဘာ ဘယ်ရေးအသားက ပိုမှန်ပါသလဲဗျတဲ့။

စာလိုရေးရင် ယနေ့က မှန်။ ကနေ့ဆိုတာ စကားပြောအသုံး။ ယခုလို့စာလိုအမှန်ရေးရပြီး အခုလို့စကားပြောကြတယ်။ စကားပြောစာရေးနည်းက ပိုပြီးတွင်ကျယ်လာတယ်။

ယခင် = ယခင့် = အတိတ်ကာလ
ယခင့်ယခင်ခေတ်
ယခု
ယခုကာလ
ယခုချက်ခြင်း
ယခုလ
ယခုအခါ
ယခုအချိန်
ယခုခေတ်
ယခုနှစ်
ယမန်အခါ
ယမန်နေ့ (မနေ့)
ယမန်နေ့ည
ယခေါင် = အတိတ်ကာလ
ယနေ့

ဂျူလိုင် ၂၈။ အိပ်ရာမှာ ကြည်လင်စွာနိုးလာသည်။ ယနေ့ ဆရာဝန်ထံ သွားပြသည်။ တပတ်လောက် ကုရမည်ဟု ပြောသည်။ သို့ရာတွင် ကျွန်ုပ်အဖို့ကား ဆရာဝန်သည် အချီးအနှီးသာဖြစ်သည်။ (မြသန်းတင့်၊ စစ်နှင့်ငြိမ်းချမ်းရေး)

နားနဲ့ ခြေသံ
ရန်ဖြစ်ဖူး၏
ကနေ့အထိ။
စိတ်နဲ့လောက
ဒေါပွဖူး၏
ကနေ့အထိ။ (မောင်သွေးသစ် ကဗျာ)

အဲဒီ ပင်လုံညီလာခံကြီးဟာ ယနေ့ ပြည်ထောင်စုကြီးကို ပေါက်ဖွားလာစေရန် အုတ်မြစ်ချခဲ့တဲ့ ညီလာခံကြီးလို့ ဆိုနိုင်ပါတယ်။ (၁၉၆၂ ခု ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့နှင့် မတ်လ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံ ခန်းမဆောင်၌ ကျင်းပသော ပြည်ထောင်စုမူနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ၊ ရှမ်းပြည်နယ်ဥက္ကဋ္ဌကြီး၊ ဝန်ကြီး သတိုးမဟာသရေစည်သူ စောခွန်ချို)

ယနေ့လူသားနှင့် နှင့် မနက်ဖြန်ကမ္ဘာ တရားတော် (ပါချုပ်ဆရာတော်)

ဒေါက်တာတင့်ဆွေ
၁၉-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး