Alert သတိကြီးကြပါ

တရုပ်ပြည် ဝူဟန်မြို့ကနေစတင်ဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်နေမှုကို WHO ရဲ့ သတိပေးချက်ဖြစ်ပါတယ်။

ရင်ဆိုင်ကျော်လွှားရမှာ တကယ်ကို ကြီးမားတယ်။ နက်ဖြန်အရေးပေါ်အစည်းအဝေးကျင်းပမယ်။ အခုထိ ၁၆ နိုင်ငံကို ရောက်နေပြီ။ မြန်မာနိုင်ငံ မပါသေး။ တရုပ်ပြည်မှာ ၁၃၀ သေဆုံးပြီး ကူးစက်ခံရသူပေါင်း ၆၀၀၀ နီးပါးရှိပြီ။

အခုထိ ကူးစက်ခံရသူတွေမှာ ရောဂါလက္ခဏာတွေက သာမန်အဆင့်သာများတယ်။ ၂၀% မှာတော့ ဆိုးဝါးတယ်။ နူမိုးနီးယားဖြစ်ကြတယ်။ အသက်မရှူနိုင်ဖြစ်ကြတယ်။ ဆောရီး။

မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့သတင်းတွေကို မခိုင်မာ မတိကျ မမှန်ကန်ပဲ မတင်သင့်ကြပါ။ ရွှေလီ၊ မူဆယ်၊ မုံရွာ-လားရှိုးကား၊ အရက် သတင်းတွေ အကုန်မှားတယ်။ လိမ်ညာတာ မကောင်းပါ။ အမှားသိသူဟာ အမှန်ကို မသိ။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး