တဝမ်းပူတွေကို စမသတ်ကြသူများ

၁၉၅၂ ခုနှစ်က တရုတ်နိုင်ငံ ပီကင်း ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကွန်ဖရင့်သို့ သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှတို့နှင့်အတူ ဆရာကြီးရွှေဥဒေါင်း တက်ရောက်ခဲ့စဉ် (ဘိုဘိုလန်းစင်) လို့ ထပ်ဆင့်တင်ထားတဲ့ပုံ တွေ့တယ်။ ကျေးဇူး။

မူရင်းစာမှာ တရုတ်လို့ရေးတာ ဟုတ် မဟုတ်။ မသိ။ ကျွန်တော် စာရေးတတ် ဖတ်တတ်ကတည်းက တရုပ်လို့သာ ရေးတယ်။

သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှနဲ့ ရွှေဥဒေါင်းတို့ စာရေးကြတဲ့ခေတ်မှာ စာတွေဖတ်ခဲ့တယ်။ မြန်မာစာအရေးအသား သာမက သတ်ပုံတွေကိုပါ အတုယူတယ်။ တဝမ်းပူတွေကို မလိုအပ်ဘဲ စမသတ်ကြတဲ့ စာပေပညာရှင်တွေ ဖြစ်ကြတယ်။

သခင်ကိုယ်တော်မှိုင်းရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ ဘွိုင်းကောက်ဋီကာမှာ တကာတဦးက၊ တညီတညာတည်း၊ ပိတ်ပြီးတရက်၊ တရက်အတွက်၊ ဒဏ်ငွေတကျပ်မျှလို့ ရေးတယ်။

လူထုဦးလှရေးတဲ့စာအုပ်တအုပ်က လူတလုံး။

ရွှေဥဒေါင်း ရေးတဲ့စာအုပ်တအုပ်တွေက မျှော်တလင့်လင့်နဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ။

အခုခေတ်မှာတော့ မြန်မာစာရေးသူတိုင်းလိုလိုက သခင်ကိုယ်တော်မှိုင်း၊ လူထုဦးလှနဲ့ ရွှေဥဒေါင်းတို့ထက် တော်ကြတဲ့ လူတစ်လုံးတွေချည်းပဲ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ