ဘယ်နယ်ကလဲ

၁၉၉၀ ပုလဲမြို့နယ်အမတ် ဟုတ်ပါသလားရှင် ကျမအဖေတို့နဲ့အတူတူ ၁၉၉၀ အမတ်လို့ မှတ်ထားမိသလားလို့

ဟုတ်။ စစ်ကိုင်းတိုင်း ပုလဲမြို့မှာ ၁၉၈၃-၁၉၈၈ အထိ ၅ နှစ်မြို့နယ်ဆရာဝန်နဲ့ ၁၉၉၀ ရွေူးကောက်ပွဲမှာ ပြိုင်ခဲ့တယ်။

ဆရာက ယောအဆက်လားတဲ့။

မြန်မာပြည်ကို မသိကြတဲ့ တခြားနိုင်ငံတွေကလာကြတဲ့ ကျောင်းသူကျောင်းသားတွေက ကျွန်တော့်ကို ဂျပန်လား၊ တရုပ်လားတဲ့။ ဂုဏ်မယူပါ။ သူတို့က မြန်မာလို့ ပိုမသိကြတော့ ဘားမားလို့ ဖြေရတယ်။

ကျွန်တော်က ချင်းတွင်းမြစ်အနောက်ဘက်၊ ပုလဲမြို့တောင်ဘက် သုံးတိုင်အကွာ တောင်ယမားချောင်းပေါ်က မင်းရွာမှာ မွေးတယ်။ အမေက ပုလဲ အနောက်ဘက် ၆ မိုင်အကွာ မင်းတိုင်ပင်ရွာသူ။ အမေ့အဖိုးအဖွားတွေနဲ့ အဖေ့ မိဘတွေကလည်း အဲဒီရွာတွေကပဲ။ တောသား အညာသား အစစ်တွေ။

ယောနယ်မြောက်ပိုင်းနဲ့ ပုလဲက နယ်ခြင်းဆက်နေတယ်။ ယောနယ်က လူနာတွေကို ဆေးကုပေးခဲ့ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲနိုင်တော့ ယောနယ် ကျောရွာမှာ အောင်ပွဲသဘောလုပ်တယ်။ ကျေးဇူး။ ယောရေသောက် ယောစာတွေ စားခဲ့ရတယ်။ ယောစကား တလုံးစ နှစ်လုံးစသာ သိတယ်။

မြန်မာပြည်ကနေထွက်ပြေးစဉ်က အဲဒီနယ်ကနေ ဖြတ်ခဲ့ရပါတယ်။ နှစ်ပေါင်း ၃၀ ပြည့်သွားပြီ။ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး