မိချို


တခါတရံ ကျမတို့သည် ကိုယ်နှင့် ဘယ်လိုမှ မဆက်ဆံ မပတ်သက်ဘူးသူတို့အတွက် အလုပ်များတတ်ကြပေသည်။ ထိုသူတို့ကိစ္စအတွက် ဦးနှောက်ရှုပ်တတ်သည်မှာ တကယ်တော့ အံ့သြစရာပင်ဖြစ်ပေသည်။

ခင်နှင်းယုရေးတဲ့ဝတ္ထု။  ၁၉၆၅ ခုနှစ် မေလမှာ ဒုတိယအကြိမ်ထုတ်တယ်။ ကျွန်တော်တို့အရွယ်တွေက ဆယ်တန်း ရောက်ကြပြီ။ မြန်မာစာသတ်ပုံကို ဝတ္ထုထဲကလိုပဲ ရေးကြတယ်။

ခုခေတ်မှာ တစ်ခါတစ်ရံတဲ့။ တစ်ခါတရံတဲ့။ တခါတစ်ရံတဲ့။ တစ်ကယ်တော့တဲ့။

အံ့သြစရာပင်ဖြစ်ပေသည်။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး