Headache ခဏခဏခေါင်းကိုက်နေပါတယ်

၁။ ဆရာ ကျမ အသက် ၃၅ နှစ် ခေါင်းကိုက်နေလို့ပါရှင့် အဒေါ်နာရေးမှာငိုရာကနေ ခေါင်းတခုလုံး မခံမရပ်နိုင်အောင် ကိုက်ပါတယ် ခဏကြာရင်တော့ ကိုက်တာနည်းနည်းသက်သာသွားပါတယ်

၂။ ဆရာရေ သမီးအသက် ၂၂ ပါ။ ခေါင်းတခြမ်းက ခဏခဏကိုက်တတ်ပါတယ်ဆရာ။ ခေါင်းရဲ့ညာဘက်အခြမ်းက ကိုက်တာပါဆရာ။ နားထင်တွေရောခေါင်းရောကိုက်ပါတယ်။ နေပူထဲသွားမိရင်ကိုက်သလို နေပူထဲမသွားလဲ နေအရမ်းပူတဲ့နေ့တွေဆို ဖြစ်တတ်ပါတယ်။ သမီး ဘယ်လိုကြောင့်ဖြစ်ရတာလဲဆရာ။ ဘာတွေရှောင်ရမလဲရှင့်။

ရာသီ၊ အိမ်ထောင်ရေး၊ သွေးတိုး ကျန်အချက်အလက်တွေ မသိရ။

၃။ မင်္ဂလာပါရှင့် ကျမအသက်က ၂၀ ရှိပါပြီ computer နဲ့ အလုပ်လုပ်ပါတယ် အခုတလော ခေါင်းတခြမ်းနဲ့ ခေါင်းအနောက်ဘက် ခဏခဏ ကိုက်ပါတယ် အရင်က သိပ်သတိမထားမိပေမယ့် အခုအတော်ဆိုးနေသလိုပါဘဲ ဆေးခန်းလည်းမသွားဖြစ်ပါဘူးရှင့် အဝေးရောက်နေတဲ့အတွက် ဘာသာစကားမကျွမ်းတာလဲရှိလို့ပါရှင် မနက် ၉ ကနေ ည ၅ ထိ မနားဘဲ ထိုင်ရပါတယ် အိမ်ရောက်တော့လည်း စိတ်ပြေလက်ပျောက်ဖုန်းကြည့်တတ်ပါတယ် ဆေးခန်းသွားသင့်လာ

ခေါင်းအနောက်လို့ မရေးရ။ ခေါင်းနောက်ဖက်လို့ ရေးရတယ်။ အနောက်နဲ့ နောက်။ အရှေ့နဲ့ ရှေ့ မတူကြောင်း ၄-၅ ခါ ရေးထားတယ်။

၎။ ဦးနှောက်နှင့်အာရုံကြောဆရာဝန်ပြရင်ကောင်းမလားဆရာ ကျွန်တော့်မိန်းမ ကလေးမွေးထားပြီး ၃လလောက်ရှိပြီ ခုထိ ခေါင်းအရမ်းကိုက်တာ မပျောက်လို့ပါ ဆေးရုံကမေ့ဆေးဆရာဝန်က ခွဲမွေးထားရင် ၂ပတ်လောက်ဆို ပျောက်တယ် ပြောတာ ခုထိမပျောက်သေးလိုပါ ကူညီပါခင်ဗျာဘာ လုပ်ရင်ကောင်းမလဲဆရာ အသက်  ၃၇ ကလေး၁ယောက်ရှိ

သွေးတိုး မသိ။ ခါးထုံဆေးလား မသိ။ အကိုက်အခဲပျောက်ဆေး သောက် မသောက် မသိ။

1. Cluster headache ကလပ်စတာ ခေါင်းကိုက်ရောဂါ https://doctortintswe.blogspot.com/2017/08/cluster-headache.html
2. Headache ခဏခဏခေါင်းကိုက်နေပါတယ် https://doctortintswe.blogspot.com/2019/08/headache.html
3. Headache ရာသီနှင့် ခေါင်းကိုက်ခြင်း https://doctortintswe.blogspot.com/2018/01/headache.html
4. Lyrica ဆေး https://doctortintswe.blogspot.com/2019/03/lyrica.html
5. Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ https://doctortintswe.blogspot.com/2014/11/narcotic-pain-medications.html
6. Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
7. Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html
8. Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ https://doctortintswe.blogspot.com/2014/11/tension-headache.html

ဒေါက်တာတင့်ဆွေ
၉-၈-၂၀၁၉
၁၉-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး