Innocent Humor အပြစ်ကင်းတဲ့ ဟာသ

တရုပ်ပြည်ကနေစဖြစ်နေတဲ့ ဗိုင်ရပ်စ်သစ်ရောဂါကို အရက်သောက်ရင် ပျောက်တယ်စသဖြင့် ရေးတာအောက်မှာ တယောက်က ရေးတယ်။ ဟာသသဘောပြောတာပါ တဲ့။

ရယ်စရာနဲ့ လိမ်တာ မတူပါ။ မုသား နဲ့ ဟာသ အတော်ကိုခြားနားတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ောက်ကရေးတဲ့ ဘယ်ကျောင်းထွက်လဲပို့စ် အောက်မှာ ကွန်မင့်တခုက တိုင်းရင်းသားတွေမှာတော့ အသံထွက်ပြဿနာ နည်းနည်းရှိမယ်ဆရာ တဲ့။

ဟုတ်။ ကျွန်တော် ၂၅ နှစ်အတွင်း တိုင်းရင်းသားပေါင်းစုံနဲ့ အတူနေခဲ့ရတော့ သူတို့ လွဲတာတွေ မပီသတာတွေ သိတယ်။ အဲတာက လိမ်ပြောတာ မဟုတ်ပါ။

ဒေါ်မြမြအေးက ကော်ဖီခွက်လာချပေးရင်းပြောတယ်။ သူ့ကို ကျောင်းသူတယောက်ကပြောတယ်တဲ့။ အန်တီ အသားအရေလေးတွေက အခုထိ ဖွေးနုနေတာပဲ။ လူပျိုကြီးတုန်းကဆို ဘယ်လောက်ချောလိုက်မလဲတဲ့။ ကျောင်းသူဆိုတာ ချင်းပြည်နယ်ကလာတာ။ အပျိုကြီးနဲ့ လူပျိုကြီးကို ခွဲမပြောတတ်။

ဗမာမဟုတ်သူတွေနဲ့ အတူနေခဲ့ရတဲ့ ၂၅ နှစ်အတွင်း အဲလို ဖြူစင်တဲ့ဟာသမျိုးတွေ အများကြီး။ အခုဖေ့စ်ဘွတ်မှာက လိမ်တာတွေ များတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး