Posts

Showing posts from June, 2015

Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ

Image
ဘယ်ကင်ဆာမဆို ဘာလို့ဖြစ်သလည်း အတိအကျမသိပါ။ ကင်ဆာဖြစ်နိုင်ချေရှိတာတွေကို ကင်ဆာအန္တရာယ်လို့ ခေါ်တယ်။ မလွဲမသွေအန္တရာယ်နဲ့ နှိုင်းရအန္တရာယ်လို့ခွဲထားတယ်။ ဆေးလိပ်သောက်တာနဲ့ မိသားစုရာဇဝင်က ထိပ်ကနေတယ်။ ဒါပေမယ့် တိုက်ရိုက်သက်ရောက်တာလို့တော့ ပြောမရပါ။ တချို့မှာ အဲဒီအုပ်စုထဲပါနေပေမယ့်မဖြစ်ပါ။  ကင်ဆာအမျိုးအစားမတူရင် အန္တရာယ်လည်းမတူကြပါ။ နေရာင်ပြင်းတာကနေ အရေပြားကင်ဆာကို၊ ဆေးလိပ်ကနေ အဆုပ်၊ ခံတွင်း၊ လည်ချောင်း၊ ဆီးအိမ်၊ ကျောက်ကပ်ကင်ဆာတွေကို ဖြစ်စေနိုင်တယ်။ အသက်ကြီးတာကလည်း အချက်တခုဖြစ်တယ်။ ကြွက်နို့ဗိုင်းရပ်စ်ရှိတာလည်းပါတယ်။ ဘင်ဇင်းဓါတ်နဲ့ ထိတွေ့ခြင်း၊ ခရမ်းလွန်ရောင်ခြည်၊ လူအဝလွန်ခြင်းတွေလည်း ပါတယ်။ ရင်သားကင်ဆာ အန္တရာယ်များ အမျိုးသမီးတွေမှာ ယောက်ျားတွေထက် ရင်သားကင်ဆာ အဆ ၁ဝဝ ပိုဖြစ်တယ်။ ဆိုးတဲ့ရင်သားကင်ဆာ ၈ ယောက်မှာ ၁ ယောက်မှာသာ အသက် ၄၅ နှစ်အောက်မှာဖြစ်တယ်။ ၃ ယောက်မှာ ၂ယောက်က အသက် ၅၅ ကျော်မှာဖြစ်တယ်။ ရင်သားကင်ဆာထဲမှာ ၅% ကနေ ၁ဝ% အထိဟာ မျိုးဗီဇလိုက်တယ်။ BRCA1 နဲ့ BRCA2 တွေက အဖြစ်အများဆုံး မျိုးဗီဇခွဲတွေ ဖြစ်တယ်။ BRCA1 ထဲမှာ အများဆုံး ၈ဝ% အထိရှိပေမယ့် ပျမ်းမျှ ၅၅ to ၆၅% ရှိတယ်။ BRCA2 မှာ ၄၅% သာရှိတယ်။ အ

Ovarian cysts မျိုးဥအိမ်အိတ်များ

Image
(၁) ဆရာရှင့် ဆောင်းပါးတွေမှာ ဖတ်ဖူးတာတော့ အရွယ်အစားသိပ်မကြီးခင် 5 cm အောက်ရှိချိန်မှာ အစားသောက်ကို ဆင်ခြင်ရမယ်၊ အသားလျော့စားရမယ်၊ အသီးအရွက်များများစားရပါမယ်၊ အီစထရိုဂျင်ကိုလျော့ချမယ်၊ DIM ကိုပုံမှန် သုံးစွဲမယ်ဆိုရင် အရွယ်အစား ငယ်သွားနိုင်တယ်လို့ သိရပါတယ်။ ခက်တာက DIM (Diindolymethane) ကို ရန်ကုန်မှာ လုံးဝရှာလို့ မရပါဘူးရှင့်။ တကယ်တော့ အမျိုးသမီးအတော်များများမှာ ဒီလို case မျိုးကြုံတွေ့ နေရတယ်လို့သိရပါတယ်။ အမျိုးသမီးထုကြီးအားလုံးရဲ့ ကိုယ်စားအကြံကောင်းလေးလိုချင်ပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ (၂) ညီမမှာလည်း ရေအိတ်ရှိတယ်လို့ DR က ပြောတယ်။ အခုလ ရာသီလာတာလည်း ၂ ရက်ထဲ။ ဘယ်ဘက် သားအိမ်ရှိတဲ့ အခြမ်းကလည်း တင်းနေတယ်လို့ခံစားရတယ်။ အဲဒါ ကိုယ်ဝန်ရှိတယ်လို့သတ်မှတ်ရမလား။ ရေအိတ်ရောင်တယ်လို့ သတ်မှတ်ရမလားရှင့်။ ရေအိတ်ရောင်တယ်ဆို ဘာဆေးသောက်ရမလဲရှင့်။ ကလေးလဲ အရမ်းလိုချင်နေပါပြီ။ မေးတဲသူတွေ အသက်မသိပါ။ အမျိုးသမီးတွေဆိုတာတော့ သိပေမယ့် ရာသီ မသိပါ။ အိမ်ထောင်ရေး မသိပါ။ ဘာခံစားနေကြရသလည်း မသိပါ။ ဆေးစစ်သလား မသိပါ။ သားအိမ်နဲ့ မျိုးဥအိမ်ရောဂါအတော်များများ (အာလ်ထွာဆောင်း) ရိုက်မှသိတယ်။ Diindolylmethane (DIM) ကို

U-15 ယူ-၁၅ ဖလားပွဲ

Image
Tint Swe Counterfeit politics နကိုယ်ရှိတဲ့တိုင်းပြည် Swam Tee ဒီမိုကရေစီအတု ရွေးကောက်ပွဲအတုဖြစ်မှာကြောက်သည် - ရွေးကောက်ပွဲလို့ခေါ်တဲ့အရာ ဖြစ်ပါမည်။ - ဒီမိုကရေစီလို့ခေါ်တဲ့ဟာလည်း အခုကိုဖြစ်နေပြီ။ - အဲတာနှစ်ခုအတွက်တော့ ဘဇာမျှ ကြောင့်ကျစရာမလိုပါ။ - ဘယ်အရာမှ ရာနှုန်းပြည့်မဟုတ်နိုင်တာလည်း လက်ခံရပါမည်။ - တတိယနေရာလုပွဲ အားခဲကြပါကုန်။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၅

Fainting မူးမေ့လဲကျခြင်း

Image
ဒီစာတင်တာ နှစ်ပတ်လည်နေ့။ မနေ့က သွေးလှူပြီး မူးတဲ့မိန်းကလေးတယောက် သွေးထပ်လှူလို့ရမလား မေးတယ်။ ၁။ ဆရာခင်ဗျာ မိန်းကလေးတယောက် သွေးလှူပြီး သတိလစ်ဖူးပါသည်။ အခုဖြူဖပ်ဖြူရော်ဖြစ်နေလို့ သွေးအား အမြန်တက်စေရန် မည်သို့ပြုလုပ်ပေးရမည်ကို လမ်းညွှန်ပေးစေချင်င်ပါသည်။ ကျေးဇူးတင်ပါသည်။ ၂။ ကျတော့်အမျိုးသမီး အသက်က (၂၄) နှစ်ပါ၊ (၂၂) နှစ်တုန်းက ကိုယ်ဝန်ပျက်ကျလို့ သားအိမ်ခြစ်ဘူးပါတယ်။ သားအိမ် ခြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်ရှနာ တစ်ခုခုဖြစ်လို့ သွေးထွက်လာတာမြင်ရင် ခေါင်းမူး ခေါင်းကိုက်ချင်သလို ဖြစ်နေပြီး ပျို့ပြီး အန်ချင်လာသလို ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုကြောင့်ဖြစ်တာ၊ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာကို ညွှန်ကြားပေးပါဦး။ ၂ဝ၁၅ မြန်မာ့လွတ်လပ်ရေးနေ့ စစ်ရေးပြပွဲမှာ ချီတက်အလေးပြုရတဲ့ အမျိုးသမီးတချို့ မူးမေ့လဲကျတဲ့သတင်းတွေ ဖတ်ရပါတယ်။ ဒေလီမှာ ယမုန်နာအခမဲ့ဆေးခန်းလေးဖွင့်တော့ ဗမာစကားလဲတတ်တဲ့ ပညာအခြေခံအတော်အတန်ရှိတဲ့ ဒုက္ခသည်မိန်းကလေးတွေကို စည်းရုံးရတယ်။ ဆေးခန်းမှာ ဆရာမလာလုပ်ပါလား။ အချိန်လဲပေးနိုင်၊ ဝါသနာလဲပါ၊ ဒါနဲ့မရသေးတာက သွေးမြင်ရင်မမူးချင်မှ ဆရာမလုပ်လို့ရမယ်။ ထောက်ပံ့ကြေးတော့ မပေးနိုင်ပါ။ လူကောင်းပကတိကနေ

Flying abortion pills ကိုယ်ဝန်ဖျက်ဆေး မောင်းသူမဲ့လေယာဉ်နဲ့ပို့ပေး

Image
၂၇-၆-၂ဝ၁၅ နေ့ကသတင်းဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာ ဥပဒေအရသာကိုယ်ဝန်ဖျက်ချခွင့်ရှိတယ်။ အိမ်နီးချင်း ဂျာမဏီနဲ့ နယ်သာလင်နိုင်ငံတွေမှာတော့ ကိုယ်ဝန်ဖျက်ဆေးကို ဆရာဝန်လက်မှတ်နဲ့ဝယ်လို့ရတယ်။ ဂျာမဏီ Women on Waves အဖွဲ့က အမျိုးသမီးတွေက စာနာစိတ်ထားပြီး (ဖရင့်ဖတ်) ကနေ ကိုယ်ဝန်ဖျက်ဆေးတွေကို မောင်းသူမပါတဲ့ (ဒရုန်း) လေယာဉ်လေးတွေနဲ့ ပိုလန်နိုင်ငံကို ပို့ကြတယ်။ (ဆလူဘိစ်) ရဲမေတွေကအဲတာတွေကို သိမ်းယူလိုက်ကြတယ်။ အရင်ကလည်း ဒတ်ခ်ျက ကင့်ပိန်းလုပ်သူအမျိုးသမီးတွေကလည်း အဲလိုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဆေးပို့ပေးတယ် ဆိုတာထက် ပိုလန်နိုင်ငံရဲ့တင်းကြပ်တဲ့ ကိုယ်ဝန်ဖျက်ဥပဒေကို ဆန့်ကျင်ပြသတာဖြစ်ပါတယ်။ ပိုလန်မှာ ကွန်မြူနစ်ကာလတုံးက ကိုယ်ဝန်ကိုတရားဝင်ဖျက်လို့ရတယ်။ ၁၉၉၃ ရောက်တော့ ခရစ်ယန်ဘာသာလွှမ်းမိုးမှုနဲ့ ဥပဒေနဲ့တားမြစ်လိုက်ပါတယ်။ မုဒိန်းမှု၊ ဆွေးမျိုးချင်နီးကပ်သူချင်းကနေရတဲ့ကိုယ်ဝန်၊ အထဲကကလေးမှာ ဆိုးတဲ့မွေးရာပါ ချို့ယွင်းချက်ရှိနေရင်နဲ့ ကိုယ်ဝန်ဆက်ယူရင်မိခင်လောင်းမှာ အသက်အန္တရာယ်နီးတာမျိုးတွေအတွက်သာ ကိုယ်ဝန် ဖျက်ချခွင့် ပြုပါတယ်။ ဥရောပ ၂၆ နိုင်ငံဟာ Schengen ရှန်ဂန်သဘောတူညီချက်အရ နယ်နိမိတ်တွေကို ဖျက်ထားသလို ကူးလူး ဆက်ဆံနိုင

Date of birth မွေးနေ့

Image
- ပြည်တွင်းမှာက ဇွန်လ (၃ဝ) ရက်။ - ပြည်ပထွက်သူတွေက ဇန္နဝါရီ (၁) ရက်၊ အမှတ်ရလွယ်လို့တဲ့။ - ရက်ရာဇာမဟုတ်လည်း ရာဇာရက်ချည်းပဲ။ မင်းဘေးနဲမှည့်ကြတာကိုး။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၅

My Good Friends ဟေ့ ငယ်ချင်းရေ့

Image
ဟဲလို ဆရာ သမီးနာမည်က့ ပါ။ သမီးအမေက ဆရာနဲ့မုံရွာမှာသိခဲ့တဲ့ အတန်းသူတစ်ယောက်ပါ။ အမေက ဆရာနဲ့ ဆက်သွယ်ချင်လို့ဆိုပြီး မနေ့ကစာရေးပြီးပို့ပေးပါဆိုလို့ ပို့လိုက်ပါတယ်ဆရာ။ ဆရာအချိန်ရရင် ဖတ်ကြည့်ပေးပါနော်။ (စာတစောင်ဓါတ်ပုံ) ဟေး မေဘယ်လ့့်။ ငါလည်းဝမ်းသာတယ်ဟေ့။ စတိတ်တူး ၅ တန်းလောက် ပြန်ရောက်သွားသလိုပဲ။ စာထဲက တို့သူငယ်ချင်းတွေအကုန် မှတ်မိတယ်။ ဒီကောင်တွေကိုလည်း ပြောလိုက်စမ်းပါ။ ခင်မောင်သန်း၊ မြင့်သိန်း၊ တင်မောင်အေး၊ ညွန့်အောင်၊ သောင်းတင့်၊ မောင်မြင့်၊ မသန်းဌေး၊ ခင်အေးရီ။ ငါ့မှာ စသင်ကျောင်းက ၃ ကျောင်းတည်းမှာသာနေခဲ့ရလို့ ငယ်သူငယ်ချင်းဆိုတာ တကယ့်အမျိုးတွေလိုပဲ။ မုံရွာ ထန်းလေးပင်မူလတန်းကျောင်းက သူငယ်ချင်းတွေတော့ ကြွက်နီ နာမည်ပဲမှတ်မိတယ်။ မုံရွာစတိတ်တူးက တချို့သူငယ်ချင်းတွေနဲ့ အဆက်ရတယ်။ ဆရာဦးမောင်မောင်က ဘုရားဖူးလာရင်း ငါ့ဆီကို ဖုန်းဆက်တယ်။ ဆရာဦးဘသောင်းကလည်း ငါ့ညီဆီကတဆင့် စာရေးတယ်။ ၇ တန်းသူငယ်ချင်း NLD က အေးကြူ  (မုံရွာအောင်ရှင်) နဲ့လည်း ဒေလီမှာပဲတွေ့ကြတယ်။ ကိုသောင်းစိန် (ပုလဲ) ကတော့ ခေတ်တိုင်းမှာ လူကြီးလုပ်နေလေရဲ့။ ငါနဲ့က လိုင်းမတူဘူး။ စိုးတင့်ဝင်းက ပုလဲကနေ ဖုန်းဆက်တယ်။ ဒီကောင်က ဓါတ်ပုံ

Male contraception is coming ယောကျားသုံး ကိုယ်ဝန်တားဆေးလာတော့မည်

Image
၁၈-၆-၂ဝ၁၅ နေ့ထုတ် တယ်လီဂရပ်ဖ်သတင်းစာထဲကဖြစ်ပါတယ်။ Vasalgel ဆေးလို့ခေါ်တယ်။ ဟော်မုန်းမပါဘူး။ သတိထားဘို့က အဲဒီသတင်းကိုကြည့်ရင် ခေါင်းစဉ်မှာ Pills ဆေးလုံးလို့ ရေးထားတာတချက်နဲ့ ဆေးလုံးပုံကိုပါ ပြထားတယ်။ အဲတာ ၂ ခုလုံးမမှန်ပါ။ စားဆေးမဟုတ်ပါ။ ဆေးလည်းမပေါ်သေးပါ။ Pills လို့ပြောရင် ဆေးလုံးဆိုတာထက် တားဆေးလို့ နားလည်နေကြတယ်။ Vasalgel ဟာ Polymer ပေါ်လီမာဖြစ်တယ်။ ယောက်ျားရဲ့ သုက်ပိုးသွာရာလမ်းကို ထုံဆေးသုံးပြီး ဆေးထိုးပေးရတယ်။ ဆေးကနေ သုက်ပိုးတွေကို တားဆီးပေးမယ်။ အဲတာကို ပျော်သွားစေမယ့်ဆေးထိုးတာနဲ့ နဂိုလိုပြန်ဖြစ်မယ်။ ၂ဝ၁၆ မှာ စမ်းသပ်မှုလုပ်ပြီးရင် ဘယ်လောက်အထိ တာရှည်ခံမလည်း သိလာမယ်။ Parsemus Foundation ကနေသုတေသနလုပ်ထာတဲ့ ယောက်ျားသုံး ကိုယ်ဝန်မရေစေတဲ့တားဆေးဖြစ်ပါတယ်။ FDA ကနေ ပထမအဆင့်ကို အသိအမှတ်ပြုလိုက်ပါတယ်။ အဲတာဟာ ကွန်ဒွမ်နောက်မှာ ယောက်ျားသုံးစရာဖြစ်လာပါတယ်။ သုတေသနလုပ်သူတွေက ယောက်ျားလူဦးရေတဝက်လောက်က သုံးကြလိမ့်မယ်လို့ဆိုပါတယ်။ Gendarussa ခေါ်တဲ့ စားဆေးကို အင်ဒိုနီးရှားမှာ စမ်းသပ်မှု တတိယအဆင့်ရောက်နေပါပြီ။ ယူအက်စ်မှာစမ်းနေတာကတော့ anti-Eppin agent ဖြစ်တယ်။ သုက်ပိုးတွေကို ကူးခပ်သွားလာမှု မလုပ်စေအောင

Shocked country ရှော့ခ်ဖြစ်နေတဲ့တိုင်းပြည်

Image
မနှစ်က မေလထဲမှာ ပခုက္ကူဆေးရုံမှာ ဆေးမတည့်လို့ လူနာတယောက်သေဆုံးသတင်းနဲ့ နောက်ဆက်တွဲ သတင်းတွေ ဖတ်လိုက်ရပါတယ်။ ပုံမှာပါတဲ့ EpiPen ခေါ်တဲ့ ဆေးမတည့်လို့ဖြစ်တဲ့ ရှော့ခ် ခေါ်တဲ့ အနာဖလက်ဆစ် အရေးပေါ်ထိုးဆေး မြန်မာပြည်က ဆေးရုံဘယ်နှစ်ခုမှာ ဖြည့်တင်းပေးထားပါသလည်း။ Epinephrine autoinjector လို့ခေါ်တယ်။ ဆေးကို ဆေးထိုးအပ်နဲ့ အဆင်သင့်လုပ်ထားပြီးသား။ တိုးတက်တဲ့နိုင်ငံတွေမှာ အဲလိုအရေးပေါ်အတွက် အဆင်သင့် လုပ်ထားပေးတာတောင်မှ သေဆုံးမှုတွေရှိတတ်တယ်။ ယူကေနိုင်ငံက တော်ဝင်ဆေးပညာအသင်း ဂျာနယ်မှာ ၁-၃-၂ဝဝ၈ နေ့ထုတ်ထဲမှာ သုတေသနတခုရှိပါတယ်။ အင်္ဂလန်နိုင်ငံမှာ အနာဖလက်ဆစ် ခေါ်တဲ့ဓါတ်မတည့်မှု (ရှော့ခ်) တမျိုးသားလုံးဖြစ်နှုန်းနဲ့ ကုသဆေး အဒရီနယ်လင် ဆေးသုံးခြင်းကို လေ့လာမှုပြုထားတာ ဖြစ်ပါတယ်။ စုဆောင်းရယူခဲ့တဲ့ ၂ဝဝ၁ ကနေ ၂ဝဝ၅ အတွင်းက မှတ်တမ်းပေါင်း ၉ သန်းရှိတယ်။ အသက်-လိင်ခွဲခြားထုတ်ယူတယ်။ ရလဒ် • Age-sex standardized incidence of anaphylaxis ၂ဝဝ၁ မှာ လူနာ တသိန်းမှာ ဖြစ်နှုန်း ၆့၇ ယောက်။ • Lifetime age-sex standardized prevalence ဖြစ်ပွါးနှုန်း ၂ဝဝ၁ မှာ လူနာ တသိန်းမှာ ဖြစ်နှုန်း ၅ဝ ယောက်။ • Age-sex standardized incidence of ana

G6PD links

Image
Jun 28th, 5:09am ဆရာရှင့် ခုဒီတစ်ခေါက်ကတော့ ဆရာ့ကိုကျေးဇူးတင်ကြောင်းပြောမလို့ပါ။့ Facebook မှာ ကိုယ်ဝန်ဆောင်မိခင်များ စကားဝိုင်းဆိုပြီး Group လေးရှိပါတယ်။ အဲ့ဒီမှာ ကိုယ်ဝန်ရှိဖို့ကြိုးစားနေသူတွေ ကိုယ်ဝန်ဆောင်သူတွေနဲ့ မိခင်တွေအတွေ့အကြုံ ဗဟုသုတတွေဖလှယ်ကြပါတယ်။့ သားလေးက G6PD ပါဆရာ။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဆရာရေးထားတာကိုဖတ်ဖူးပါတယ်။ ကိုယ်တိုင်မွေးလာတော့လဲ ဒီလိုဖြစ်လာတော့  တခြားသူတွေထက် ပိုစိတ်ပူမိပါတယ်။ မိဘတွေ အဒေါ်တွေကတော့ ဒီရောဂါအကြောင်း မသိကြတော့ ကို ပိုတယ်လို့တောင်ထင်ပါတယ်။ ထင်လဲထင်ချင်စရာပါ။့ သားလေးကို မွေးတော့စိတ်ချရအောင် အပြင်ဆေးရုံမှာ မမွေးဘဲ ဗဟိုအမျိုးသမီးဆေးရုံမှာမွေးတာပါ။ ကြားထဲက လိုအပ်ချက်တွေတော့ မပြောတော့ပါဘူး။ ကလေးမှာ ဒီလို တွေ့ရတယ်ဆိုတာကို ဆရာဝန်ကအခန်းထဲဝင်လာပြီး ရော့နင်ဒါတွေသိသင့်တယ်ဆိုပြီး မိတ္တူစာရွက်တရွက်ရယ် လက်ကမ်းစာစောင်တခုရယ် ပေးလိုက်ပါတယ်။ မိတ္တူစာရွက်မှာ G6PD အတွက်ရှောင်ရန်နဲနဲပါးပါးရေးထားတယ်။ လက်ကမ်းစာစောင်က အသားဝါအကြောင်းသိကောင်းစရာပါ။ မိတ္တူစာရွက်ကိုတွေ့တော့ ဆရာဝန်ကို မေးတော့မှ အေး နင့်ကလေး အဲ့ဒါဖြစ်နေတာ၊ အဲဒါကြောင့်လာပေးတာဆိုပြီး ပြန်သွားတယ်။့ မှာ အ

Fournier gangrene ဖေါင်းနီးယား ဂင်ဂရင်း

Image
ဆရာခင်ဗျား Fournier's gangrene ရောဂါက ဘယ်လိုကြောင့် လိင်အင်္ဂါနေရာမှာဖြစ်ရတာပါလဲခင်ဗျာ။ (ဖေါင်းနီးယား ဂင်ဂရင်း) ကို ရောဂါဗေဒလို ကျား-မ အပြင်ပိုင်း လိင်အင်္ဂါတွေမှာ အရွတ်လွှာသွေးမရလို့ တစ်ရှူးတွေ ပျက်စီးပြီး သေသွားတာမျိုးဖြစ်တယ်။ ဆီးချိုလိုခုခံအားနည်းနေသူတွေမျာ ပိုဖြစ်တတ်တယ်။ ထိခိုက်မိရာကနေလည်း ဖြစ်တယ်။ ပိုးဝင်လာလို့ပိုဆိုးလာတယ်။ အပေါ်ယံမှာ ပိုးဝင်ရာကနေ ပန်းတံနဲ့ ကပ်ပယ်အိပ်ဆီပြန့်လာနိုင်တယ်။ ဝမ်းဗိုက် ရှေ့ပိုင်းဆီလည်းရောက်သလို အဲလိုဖြစ်စဉ်ပြောင်းပြန်လည်း ဖြစ်နိုင်တယ်။ ကျားအစေ့ထိရောက်တာက ရှားတယ်။ ပိုးပြင်းတာနဲ့ ခုခံအားနည်းတာတွေကနေ ဆိုးတာ သိပ်မဆိုးတာကိုဖြစ်စေတယ်။ ၇၅-၉၅% မှာ အကြောင်းရှာလို့သိတယ်။ စအိုနဲ့အစာဟောင်းအိမ်လမ်း၊ ဆီး-လိင်လမ်းနဲ့ အရေပြားလမ်းတွေကနေ ဝင်တယ်။ မတော်ဆနည်းလမ်းတွေများတယ်။ ယောက်ျားတွေမှာ ခွဲစိတ်ခြင်း၊ ထိခိုက်မိခြင်း၊ လိင်အင်္ဂါကိုကွင်းတပ်ခြင်း၊ လိင်တံထဲကိုကိန်းဆေးထိုးခြင်း၊ ဆီးပိုက်ထည့်ခြင်း၊ လိင်အင်္ဂါအတုတပ်ခြင်း၊ ဆေးထိုးခြင်း၊ စတီရွိုက်ဆေး စအိုကနေသွင်းခြင်း၊ စအိုထဲ အခြားပစ္စည်း ဝင်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။ မိန်းမတွေမှာ ကိုယ်ဝန်ပျက်ရာပိုးဝင်ခြင်း၊ မိန်းမကိုယ်၊ ဘာသိုလ

UTI in children ကလေးတွေဆီးလမ်းပိုးဝင်ခြင်း

Image
ဆရာရှင့် ကျွန်မသားလေး ဒီနေ့ပဲ အသက်တနစ်နဲ့နှစ်လပြည့်ပါတယ်။ လွန်ခဲ့တဲ့တပတ်လောက်ကစပြီး သားလေး ဆီးနည်းနည်းကို အကြိမ်များများသွားပြီး ဆီးသွားဝမ်းသွားတိုင်း ကျင်သလိုတုန်ခါသွားတတ်ပါတယ်။ ကောင်းသွားမှာပါ ဆိုပြီး စောင့်ကြည့်တာ အခုထိမသက်သာသေးတာမို့ ကလေးအထူးကုဆီသွားလိုက်ပါတယ်။ ဆရာဝန်မကြီးက ဆီးလမ်းကြောင်းပိုးဝင်တာလို့ပြောပြီး သောက်ဆေးတမျိုးပေးလာပါတယ်။ 5 ml တရက် နစ်ကြိမ် တပါတ်တိုက်တဲ့။ ကျွန်မသိချင်တာက ဒီအရွယ်ကလေးငယ်တွေ ဆီးလမ်းကြောင်းပိုးဝင်တတ်ပါသလား။ ဘာကြောင့် ဖြစ်တတ်ပါသလဲ။ ဘယ်လိုသတိထားရှောင်ရပါမလဲ။ diaper သုံးခြင်းနဲ့လဲသက်ဆိုင်ပါသလား။ ကျွန်မသားလေးကို ညတိုင်းသုံးပေးပါတယ်။ ပေါင်ဒါ ပေါင်ကြား ဖြူးပေးတာကလဲဖြစ်တတ်ပါသလား။ ဆရာအချိန်ရရင် ဗဟုသုတအနေနဲ့ မှတ်သားထားချင်လို့ ပြန်ဖြေပေးပါနော်။ ကလေးအထူးကုသမားတော်ကို ဘာလို့ဒီမေးခွန်းတွေ မမေးလဲလို့ ဆရာ တွေးနေမိမယ်ထင်ပါတယ်။ ဆရာမကြီးက ကလေးတယောက်ကို ငါးမိနစ်ပဲအချိန်ပေးပါတယ်ရှင်။ ဆရာ့ကို အမြဲရိုသေလေးစားလျက်ပါ။ ကလေးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာ ခပ်သင့်သင့်အဖြစ်များတယ်။ ဗက်တီးရီးယားကနေဖြစ်စေတယ်။ သုံးနေကြ ပိုးသေဆေးနဲ့ရတယ်။ ထပ်ထပ်ဖြစ်တာဆိုရင်တော့ ဆီးလမ်းမှာချို့ယွင်းချက

Gangrene (ဂင်ဂရင်း) အသားသေသွားခြင်း

Image
Gangrene (ဂင်ဂရင်း) ဘာကြောင့်ဖြစ်ရသလည်း သွေးကအဓိကဖြစ်တယ်။ သက်ရှိဆဲလ်တိုင်းက သွေးမရလို့မဖြစ်ပါ။ သွေးထဲမှာ အာဟာရဓါတ်တွေပါတယ်။ ခုခံအားတွေ ပါတယ်။ သွေးမရရင် အဲလိုဟာတွေမရတော့ပဲ ဆဲလ်တွေသေမယ်။ ဒီရောဂါရှိသူတွေမှာ ဂင်ဂရင်းဖြစ်လာတတ်တယ်။ - Diabetes ဆီးချိုရောဂါ၊ - Atherosclerosis သွေးကြောကျဉ်းရောဂဂါ၊ - Peripheral arterial disease အဖျားအနားသွေးကြောရောဂါ၊ - Smoking ဆေးလိပ်သောက်သူ၊ - Trauma or serious injury ဖိခိုက်ဒဏ်ရာရခြင်း၊ - Obesity အဝလွန်ခြင်းနဲ့ - Raynaud's phenomenon ရောဂါ။ အမျိုးအစားများ ၁။ Dry gangrene အခြောက်အမျိုးအစား ဆီးချိုရှိသူတွေနဲ့ အော်တိုအင်မြူးရောဂါခေါ် ခုခံအားကမောက်ကမဖြစ်တာရှိသူတွေမှာဖြစ်တယ်။ ပိုးဝင်လာရာကနေ အစိုမျိုးပြောင်းသွားတာလည်းရှိတယ်။ ၂။ Wet gangrene အစိုမျိုး ပိုးဝင်လို့ဖြစ်ရတယ်။ မီးလောင်နာ၊ ထိခိုက်မိတာကနေ ခုခံအားနည်းပြီး ပိုးဝင်လို့ဖြစ်ရတယ်။ ရောင်လာမယ်။ အပူဖူး ပေါက်လာမယ်။ ပြန့်လာမယ်။ အသက်ကိုရန်ရှာနိုင်တယ်။ အစိုမျိုးထဲမှာ မျိုးခွဲတွေရှိသေးတယ်။ (က) Internal gangrene အတွင်းစိုမျိုး ကိုယ်အတွင်းထဲမှာ သွေးမရလို့ဖြစ်တယ်။ ဥပမာ အူအတက်၊ အူမကြီး။ (ခ) Gas g

Milk of Magnesia (MoM)

Image
MOM လည်းခေါ်တယ်။ Cream of Magnesia လို့လည်းခေါ်တယ်။ Magnesium hydroxide (မက်ဂနီဆီယမ် ဟိုက်ဒရောဆိုက်) ဝမ်းပျော့ဆေးဖြစ်တယ်။ အသုံးများတယ်။ တလွဲသုံးနေသူတွေကို သတိပေးချင်လို့ သည်စာကိုရေးပါတယ်။ တခြားအသုံးတွေကိုလည်းသိစေချင်လို့။ (အော့စ်မောတစ်) အမျိုးအစားဝမ်းနုပ်ဆေးဖြစ်တယ်။ (အော့စ်မောတစ်) ဖိအားသဘောအရ ကိုယ်ထဲကရေကို အူမကြီးထဲကို စုပ်ယူပေးတယ်။ ဆေးရည်ရှိတယ်။ ဆေးပြားရှိတယ်။ ဆေးသောက်ပြီး နာရီဝက်ကနေ ၆ နာရီမှာ ဝမ်းသွားစေမယ်။ သတိပေးချက် = ရေတိုအတွက်သာသုံးပါ။ ကြာကြာသုံးရင် အူမကြီးအလုပ်ကိုထိခိုက်မယ်။ ဝမ်းချုပ်တာဖြစ်လာစေမယ်။ ကျောက်ကပ်မကောင်းသူ မသင့်ပါ။ ဘေးထွက်ဆိုးကျိုးများ = ဗိုက်နာ၊ ဗိုက်အနေရခက်၊ အန်၊ ဝမ်းလျော၊ Dasatinib (Sprycel), Delavirdine (Rescriptor), Digoxin (Digox, Lanoxin), Phosphate supplements နဲ့ Some antibiotics တချို့ပိုးသေဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။ ဆေးဘယ်လောက်ပေးမလည်း လူကြီး (၁၂ နှစ်အထက်) = ဟင်းစားဇွန်း ၁-၂ ဇွန်းညအိပ်ယာဝင်၊ ရေတဖန်ခွက်နဲ့သောက်ပါ။ ၆-၁၁ နှစ် လူကြီးထက် တဝက်သောက်ပါ။ ၆ နှစ်အောက် ဆရာဝန်ပြောပြီးမှသောက်ပါ။ Antacid အက်စစ်ပျယ်ဆေးအနေနဲ့လည်းသုံးတယ်။ ဝက်ခြံမှာလည်း ပိုးသေဆေးေ

Surgery for chronic low back pain နာတာရှည်ခါးနာခြင်းနဲ့ ခွဲစိတ်ခြင်း

Image
Wai Tun ခွဲစိပ်မူက အောင်မြင်မူလွယ်လားဒေါက်တာ။ ခွဲစိပ်မူကြောင့် တစုံတရာ ပိုပြီးထိခိုက်နိုင်ပါသလား။ Lumbar spondylosis ကို Spinal arthritis နဲ့ Spinal osteoarthritis လို့လည်းခေါ်တယ်။ အမှန်က ဇရာဖြစ်စဉ်ပါ။ ဇရာဆိုတာ သိတဲ့အတိုင်း အန်တုရတာ အင်မတန်ခက်ခဲတယ်။ အသက်ရလို့ဖြစ်တာနဲ့ အသုံးများလို့ဖြစ်တာ ဆိုပြီး ၂ မျိုးကနေဖြစ်တယ်။ ဒါကြောင့် အသက်သိပ်မကြီးသေးသူတွေမှာလာဖြစ်တယ်။ အရွတ်၊ အဆစ်နဲ့ ခါးရိုးတွေကြား အရွတ်တွေမှာ ပြောင်းလဲဖြစ်စဉ်တွေရှိတယ်။ နောက်ဆက်တွဲတွေထဲကတခုက အာရုံကြောပေါ်ကို သက်ရောက်တာ ဖြစ်တယ်။ Cervical spine လည်ပင်းပိုင်း၊ Thoracic spine ရင်ခေါင်းပိုင်းနဲ့ Lumbar spine ခါးပိုင်း (၃) နေရာလုံးမှာ ဖြစ်နိုင်တယ်။ နာတာရှည်ခါးနာသူတွေကို ခွဲစိတ်ကုသပေးရတာက ငြင်းခုန်းစရာတခုဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်လာသလား၊ နာတာတွေသက်သာသလား၊ ဒုက္ခိတဖြစ်နေတာ ကောင်းလာသလား လေ့လာမှုတွေလုပ်နေရပါတယ်။ ဒါကြောင့် Physical therapy ဖီဇီယိုကုသနည်းနဲ့ Pain management နာတာကုသနည်းကိုသာအားကိုးစေရတာများတယ်။ ခွဲဘို့မလုပ်ပါနဲ့လို့ ပြောတာတော့မဟုတ်ပါ။ လိုအပ်တာနည်းပါတယ်။ ဖြစ်နေတာ ရက်မကြာသေးသူတွေ၊ အာရုံကြောထိခိုက်မှု မဆိုးသူတွေက ခွဲစိတ်ဘို့မ

Raining ဘာမိုးလည်း

Image
အင်ဒီယာနာပိုးလစ်မှာ မိုးရွာနေလို့ သမီးက မိုးရွာလိုက်တော့ ပိုစိမ်းလာတဲ့ သစ်ရွက်လေးတွေကို ပန်းလေးတွေနဲ့ တွဲပေးလိုက်ပါတယ်တဲ့။ ဒေလီမှာလည်း မိုးရွာနေသတဲ့။ ကျွန်တော့်ရုံးမှာအလုပ်လုပ်ခဲ့သူနေ တင်တယ်။ ခုချိန်ဆို တို့လယ်တောမှာ မိုးရေတွေလည်း ဖွေးနေတော့မလေ လွမ်းထှာတဲ့။ ကျွန်တော့်စိတ်ထဲမှာလည်း တောရွာတရွာမှာ မိုးရွာခဲ့တာကို အမှတ်ရနေတယ်။ အိမ်ပေါ်ရောက်လာကတည်းက ဘာအလုပ်မှ မယ်မယ်ရရမလုပ်တဲ့ သားမက်ကနေ တညမှာ အဘရာ ကျုပ်ကို မိုးရွာရင်နိုးဗျာ။ မိုးလည်းကျလာတော့ နိုးလိုက်တယ်။ ဖါးထွက်ရိုက်မလို့လား အားကိုးထားတယ်။ ဘယ်ဟုတ်မလည်း မိုးတစိမ်စိမ့်နဲ့ ဆံစက်မြိတ်မှာ ဆေးလိပ် ထိုင်သောက်ရတာ ဇိမ်ကျသတဲ့။ မြန်မာပြည်မှာတော့ ဒေါသမိုးတွေရွာနေတယ်။ ဖါးသာထွက်ရိုက်ကြပေတော့ဗျာ။ ဒေါက်တာတင့်ဆွေ ၂၆-၆-၂ဝ၁၅

Ankylosis အဆစ်ရောဂါ

Image
ကျွန်တော် အသက် ၄ဝ ရှိပါပြီ။ ကျွန်တော်မှာ Anchylosis ရောဂါဖြစ်နေပါတယ်။ ဆရာဝန်တွေက ကုလို့မရဘူးလို့ ပြောပါတယ်။ အမှန်ဘဲလားဆိုတာ သိချင်ပါတယ်ဆရာ။ Ankylosis ဆိုတာ အဆစ်ကပုံမှန်မလုပ်နိုင်တာကိုခေါ်တယ်။ လုံးဝဖြစ်တာနဲ့ တစိတ်တိုင်းဖြစ်တာရှိတယ်။ ဒဏ်ရာကြောင့်နဲ့ ရောဂါကြောင့်ဖြစ်ရတယ်။ Ankylosing spondylitis လို့လဲခေါ်တာရှိတယ်။ ခါးရိုးဆစ်တွေမှာဖြစ်တယ်။ အဆစ်တွေခိုင်နေလို့ ပုံမှန် လှုပ်မရဖြစ်မယ်။ Ankylosing Spondylitis ဘာလို့ဖြစ်တယ်ဆိုတာ တိတိကျကျမသိရပါ။ မျိုးဗီဇလိုက်တဲ့တချက်တော့ သိတယ်။ သူ့ဆီမှာ HLA-B27 ခေါ်တဲ့ ပရိုတင်း ရှိနေနိုင်တယ်။ ဒါ့ပြင် ဗက်တီးရီားကိုလဲ သံသယရှိတယ်။ Treatment ကုသနည်းတွေရှိပါတယ်။ • Medication ဆေးပေးနည်း • NSAIDs ဆေးအုပ်စုထဲက ibuprofen, phenylbutazone, diclofenac, indomethacin, naproxen နဲ့ COX-2 inhibitors တွေကိုပေးတယ်။ • Opioid analgesics ပိုဆိုးရင် ဘိန်း (မူးယစ်) ဆေးပါတဲ့အနာသက်သာဆေးတွေသုံးတယ်။ • DMARDs ဆေးအုပ်စုထဲက cyclosporin, methotrexate, sulfasalazine နဲ့ corticosteroids ဆေးတွေလဲသုံးတယ်။ • Tumor necrosis factor-alpha blockers ဆေးအုပ်စုဝင် biologics etanercept, infliximab

Genital warts (2) လိင်လမ်းကြွက်နို့ (၂)

အမျိုးသမီးတွေမှာ လိင်လမ်းကြွက်နို့ဖြစ်ကြတာ မနည်းလှပါ။ အတွဲတခုမှာ တယောက်မှာ ရောဂါရနေရင်၊ ပြနေရင် ကျန်တယောက်မှာလဲ ဘာမှလက္ခဏာမပြလည်း ပိုးရှိနေပြီ။ ဒါပေမဲ့ တယောက်မှာ အဲလိုတွေ့တိုင်း ဖေါက်ပြန်သူဆိုပြီး စွပ်စွဲလို့ မရသေးပါ။ တယောက်မှာ လိင်လမ်းကြွက်နို့ရှိနေရင် သူ့အဖေါ်ကိုပါ ဆေးစစ်ရမယ်။ အမျိုးသမီးမှာ ဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝကင်ဆာ ရှိ-မရှိ စစ်ဆေးတာကို အနည်းဆုံး တနှစ်တခါ လုပ်သင့်တယ်။ ကြွက်နို့က သားအိမ်ဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လတခါလုပ်ရမယ်။ (ကွန်ဒွန်) က HIV အတွက်သာမက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်အဝကင်ဆာ အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှုမပေးနိုင်ပါ။ အတူနေအဖေါ်ဆိုတာ သတ်သတ်မှတ်မှတ် ရှိသင့်တယ်။ ကိုယ့်အဖေါ်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။ ကြွက်နို့ရှိနေပေမဲ့ ကလေးမရတာမဖြစ်စေပါ။ ကိုယ်ဝန်ကို မထိခိုက်ပါ။ ကိုယ်ဝန်ဆောင်နေစဉ်ဖြစ်တဲ့ လိင်လမ်း ကြွက်နို့အတွက် Imiquimod, Sinecatechins, Podophyllin နဲ့ Podofilox တွေကို မသုံးပါနဲ့။ ခွဲစိတ်တာ လုပ်ချင် လုပ်နိုင်တယ်။ (ဗဂျိုင်းနား) ကြွက်နို့ကို Liquid nitrogen နဲ့ Cryotherapy လုပ်ရတယ်

Polygamy and Health (2) မယား များများယူရင် (၂)

Image
အရင်ကဆိုရင် မွတ်ဆလင်တိုင်းပြည်တွေမှာ ဘာသာရေးဓလေ့ထုံးစံတွေကြောင့် HIV/AIDS ရောဂါကာကွယ်မှု ရစေတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဥပမာ ယောက်ျားလေးမှန်သမျှ ပန်းအဖျားလှီးဖြတ်စေတာမျိုးဟာ HIV/AIDS ကို ကာကွယ်နိုင်တယ်လို့ သုတေသနတချို့က ထောက်ခံလာတယ်။ WHO တောင်ပါတယ်။ ကျွန်တော့်အမြင်က သဘောမတူချင်ပါ။ သုတေသနလုပ်တာတွေ နည်းသေးတယ်။ ရလဒ်တွေဖတ်တာ အချိန် သိပ်စောသေးတယ်လို့ ထင်ပါတယ်။ ကျန်းမာရေးမှာ နိုင်ငံရေးတွေသိပ်များနေသလား သံသယရှိတယ်။ HIV/AIDS ရောဂါကို ထိရောက်တဲ့ တခြားနည်းသုံးပြီး ကာကွယ်စေဘို့မလိုတော့ဘူးလို့ ထင်သွားစေနိုင်တယ်။ မွတ်ဆလင်နိုင်ငံတွေမှာ အိမ်ထောင်မပြုခင်လိင်ဆက်ဆံတာ၊ အိမ်ထောင်ရေးဖေါက်ပြားတာ၊ ကိုယ်ခန္ဓာရောင်းစားတာ၊ လိင်တူဆက်ဆံတာနဲ့ မူးယစ်ဆေးထိုးတာတွေ နည်းပါးတယ်။ ဒါပေမဲ့ တချို့ ဘာသာရေးအခြေခံ ခေါင်းဆောင်တွေက HIV/AIDS (ဆီမီနာ) လုပ်တာကို သပိတ်မှောက်ကြတယ်။ ၁၉၉၅ မှာ အင်ဒိုနီးရှား Ulemas ဘာသာရေးကောင်စီက (ကွန်ဒွမ်) ကို လက်ထပ်လင်မယားတွေကိုသာ ဆရာဝန်လက်မှတ်နဲ့ ရောင်းရမယ်လို့ လုပ်ခဲ့တယ်။ အိမ်ထောင်မဟုတ်ဘဲ လိင်ဆက်ဆံတာကို ဘာသာရေးတင်းကြပ်မှုနဲ့ တားနိုင်တယ်လို့ ယူဆတာမို့ လုပ်တယ်လို့ဆိုပါတယ်။ ကမ္ဘာမှာ မွတ်ဆလင်ဦးရေ ၁့၃

Polygamy and Health (1) မယားများများယူရင် (၁)

Image
မိန်းမတယောက်မကယူတာကို Polygamy (ပိုလီဂမီ) ခေါ်ပါတယ်။ ယောက်ျားတယောက်မက ယူတာကို Polyandry (ပိုလီအန်ဒရီ) လို့ခေါ်တယ်။ မိန်းမတယောက်ကနေ ညီအစ်တွေကို ယူတာကြတော့ Fraternal polyandry ခေါ်တယ်။ ဟိန္ဒူဘာသာဝင်တွေမှာ (ပိုလီဂမီ) ရှိတယ်။ (မဟာဘာရတ) ထဲက (ဒရာအူပါဒီ) ဟာ (ပန်ဒါဘာ) ညီအကို ၅ ယောက်ကို ယူထားတယ်။ ရာမယနထဲက ရာမဘုရင်မှာ မိဖုရား ၃ ပါးရှိတယ်။ (လော့-ခရစ်ရှနာ) မှာ မိန်းမပေါင်း ၁၆၁ဝ၈ ယောက် ယူထားတယ်။ ခုခေတ်မှာတော့ ဟိန္ဒူတွေက တလင်တမယားမဟုတ်ရင် အပြစ်ဖြစ်တယ်လို့ လက်ခံလာကြတယ်။ ဗုဒ္ဓဘာသာမှာ ရဟန်းဝတ်ရင်၊ ဥပုသ်စောင့်ရင် အိမ်ထောင်သားမွေးကိစ္စ လုံးဝရှောင်ကျဉ်ရတယ်။ ဂျပန် ဗုဒ္ဓဘာသာ ကတော့ ဓမ္မကထိကတွေနဲ့ ဘုန်းကြီးတွေက မိန်းမယူနိုင်ကြတယ်။ ထေရဝါဒဗုဒ္ဓဘာသာအများစုရှိတဲ့ ထိုင်း၊ သိရိလင်္ကာနဲ့ မြန်မာနိုင်ငံတွေမှာ မိန်းမတယောက်မကယူတာကို ဥပဒေအရတော့ ခွင့်ပြုထားတယ်။ ယေဘုယျပြောရရင် ဗုဒ္ဓဘာသာမှာ လူမှုရေးအရလက်ခံတာရှိပေမဲ့ အားမပေးဘူး။ အတန်းအစားခွဲခြားခံရမယ်။ တရုတ်နိုင်ငံမှာ ဗုဒ္ဓစာပေတွေကို ဘာသာပြန်တော့ အမြှောင်မယားတွေကို သရော်တဲ့သဘောရေးထားတယ်။ တိဘက်မှာတော့ သိပ်မနှိမ်ဘူး။ ဖအေနဲ့ သားတို့က မယားတယောက်ထဲကို အတူယူထားတာမျိုးပါရှိတယ်။ (ဂျူဒဇင်)

First cousins marriage မောင်နှမတဝမ်းကွဲ လက်ထပ်ခြင်း

Image
မောင်နှမ တဝမ်းကွဲတွေ လက်ထပ်ပေါင်းသင်းလို့ ကျန်းမာရေးအရ စိုးရိမ်စရာတွေဟာ ပြောကြသလောက်မဆိုးပါလို့ ၄-၄-၂ဝ၁၂ နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ ရေးထားတယ်။ မောင်နှမတဝမ်းကွဲလက်ထပ်လို့ မွေးလာကြမယ့် ကလေးတွေမှာ မျိုးဗီဇချို့ယွင်းမှုတွေရှိမယ်ဆိုတာ သိပ္ပံနည်းကျပြောရရင် အများထင်ကြသလောက်မဟုတ်ဘူးလို့ သိလာရပါတယ်။ ဒါကြောင့် မောင်နှမတဝမ်းကွဲ လက်မထပ်သင့်လို့ ဇီဝဗေဒ အကြောင်းပြချက် မခိုင်လုံးဘူလို့ ကောက်ချက်ချနိုင်ပါမယ်။ မောင်နှမတဝမ်းကွဲတွေမှာ ဆိုးဝါးတဲ့မွေးရာပါချို့ယွင်းချက်တွေ၊ ဉာဏ်ရည်နိမ့်ကျတာတွေ၊ မျိုးဗီဇရောဂါတွေ ရစေနိုင်တာ ကတော့ အမျိုးမတော်တဲ့စုံတွဲတွေထက်တော့ ဖြစ်နိုင်ချေပိုတာမှန်တယ်။ ထင်ထားတာထက်တော့ နည်းပါတယ်။ လူဦးရေတခုလုံးမှာ မွေးလာတဲ့ကလေးမှာ spina bifida ခါးရိုးဆစ်အပေါက်ပါတာတို့ cystic fibrosis ဆစ်စတစ် ဖိုက်ဘရိုးဆစ်ရောဂါတို့နဲ့ မွေးလာနိုင်ချေဟာ ၃% ကနေ ၄% ရှိပါတယ်။ မောင်နှမတဝမ်းကွဲကနေဆိုရင် ၁့၇% ကနေ ၂့၈% ပိုတာတွေ့ရတယ်။ ၂ ဆနီးပါးပိုတာဖြစ်ပေမယ့် ဒီလိုဖြစ်တာဟာ အဲလိုမယူကြနဲ့လို့ပြောဘို့အထိတော့ မလုံလောက်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်က ပါမေက္ခ Dr. Arno Motulsky ကဆိုပါတယ်။ ပေါင်းလိုက်ရင် ၇% ဖြစ်နိုင်ချေြ

FIA ဖွတ်စအိုနာကုထုံး

Image
- မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတယ်။ အရပ်သားလွှတ်တော်အမတ် ၁ဝ% ကနေ ၃၃% အထိကနေ ကန့်ကွက်မဲပေးခဲ့တယ်။ - အရပ်သားဆိုတိုင်းကို ကိုယ့်ဖက်ကလို့ (အရပ်သားဖက်ကလို့) ထင်မနေကြနဲ့။ - အဲလိုအမတ်တွေကို မဲပေးခဲ့ကြတဲ့အရပ်သားတွေရှိလို့သာ သူတို့က လွှတ်တော်တက်နေကြတာ။ အရပ်ထဲလာရင်လည်း အဲလိုအမတ်တွေကို ယပ်ခပ်တောင်ပေးကြသေးတယ်။ - ပြောတုံးဟောတုံးက ဒီမိုကရေစီ။ ပါတီနာမည်ကလည်း ဒီမိုကရေစီပဲ။ ဝတ်တာစားတာကလည်း တိုက်ပုံအင်္ကျီ၊ စုံချပုဝါနဲ့။ - လာလိမ့်အုံးမယ် နောက်ရွေးကောက်ပွဲမှာ အဲသည်အတိုင်း။ - နာမည်နဲ့ အဝတ်အစားချည်း မကြည့်ကြနဲ့။ စစ်သားချည်းအပြစ်မြင်မနေကြနဲ့။ ဘုန်းတော်ကြီးတွေထဲလည်း အဲလိုပဲ။ - လှိုက်စားတဲ့အနာဆိုတာ ဆေးပညာမှာ သိပ်အကုရခက်တယ်။ ခွဲစိတ်လှီးထုတ်၊ အနာသစ်လုပ်ပြီး အောက်အခြေကနေ အသားနုတက်စေမှသာ ရတယ်။ ဒေါက်တာတင့်ဆွေ ၂၅-၆-၂ဝ၁၅

Boxes အခိုးခံရသော ပုံးများ

Image
၁။ လွှတ်တော်မဲပုံး၊ ၂။ အလှူခံပုံး၊ ၃။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဲပုံး၊ သတင်းများ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ ခုကို ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက် မဲခွဲ ဆုံးဖြတ်ရာမှာ ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆၊ နှစ်ခုစလုံးကို မပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ ညောင်ဦးတွင် မတ်လ (၁၇) ရက် နံနက် (၁) နာရီအချိန်ခန့်က ထီးလိုမင်းလိုဘုရားရှိ အလှူခံပုံးများအား ဖွင့်ဖောက် အခိုးခံခဲ့ရ။ ၂ဝဝ၇ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတုံးက ကော်မရှင်ကနေ ဘိုးဘိုးအောင်လုပ်လိုက်လို့ မဲရုံတခုမှာ ၁ဝ၂% တောင်မှ ထောက်ခံပါသတဲ့။ ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁ဝ၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။ ဒေါက်တာတင့်ဆွေ ၂၅-၆-၂ဝ၁၅

Level playing field ဆင်ချေးကျုံးများနေ့

Image
Sein Win ကျုပ်က NLD ကလွဲလို့ ဘယ်ပါတီကိုမှ မထောက်ခံခဲ့ဖူးဘူး။ - ဆရာလည်း အဲလိုပဲ။ ခက်တာက ကျွန်တော်တတွေ မနေ့ကမဲမပေးရဘူးဗျ။ - မဲမိုးကရေစီခေတ်ကိုး။ ဓါးမိုးကတော့ ကလာကာနောက်မှာ ရောက်သွားပြီ။ - သံလျက်ကိုတော့ ဖင်ခုထားသေးသဗျ။ - သံလျက်ကိုင်နဲ့ ဆင်ချေးကျုံး မြင်းချေးကျုံးတွေ လယ်ဗယ်တူကစားနိုင်ကြမှာကတော့ ရွေးကောက်ပွဲပဲ။ - ကစားကွင်းကတော့ ပုံထဲကအတိုင်းပဲဗျ။ Dr. တင့်ဆွေ ၂၅-၆-၂ဝ၁၅

Royal Sword သံလျက်တော်ပျောက်မှု

Image
Koko Laykoko ဆရာ ပဒကုသလ အနည်းအကျဉ်းပြောပြပါလား။ ကျနော်အပါဝင် မသိသူများ မျက်စိပိုကျယ်သွားတာပေါ့။ ပဒကုသလဇာတ်ဆိုတာ ဘုရားအလောင်း ပဒကုသလလုလင်အကြောင်းဖြစ်တယ်။ သူ့မိခင် ဘီလူးမကပေးခဲ့လို့  စိန္တာမဏိဂါထာကို ရထားတယ်။ စိန္တာမဏိဂါထာအစွမ်းကြောင့် ပဒကုသလဟာ ခြေရာကောက်အတတ်ပညာကို တတ်တယ်။ ဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ဘဏ္ဍာကိုပါ ရှာဖွေဖေါ်ထုတ်ပေးနိုင်ခဲ့တယ်။ ဘုရင်ဟာ သူ့ကိုအသက်အန္တရာယ်ပြုလာမှာကို စိုးရိမ်လာတယ်။ သန်လျက်ကို ကိုယ်တိုင်ဖွက်ထားပြီး၊ ပဒကုသလကို သန်လျက်အရှာခိုင်းတယ်။ ဇာတ်မင်းသားတွေကနေ ဒီဇာတ်ကိုခင်းတဲ့အခါ ငိုချင်းချကြတယ်။ အကြံရခက်လေသနော့့် သံလျက်တော်ယူသည့် သူခိုးရယ်က၊ သူ့အမျိုးဟာ ဧကရီမို့ အမျိုးအမည်ကို ထုတ်ဖော်ကာ မပြောပါရစေနဲ့ ဓား ကုပ်ပေါ်မှာဝဲ့။ အကြံရခက်လေသနော့့် သန်လျက်တော်ယူသည့် သူခိုးကိုလ၊ သူ့အမျိုးထုတ်ဖော်ပြောရလျှင်၊ ဓားကုတ်ပေါ်မှာဝဲ၊ သူခိုးကလိမ္မာ့ မျက်နှာကြီးဟာမို့၊ စနက်မီးပမာ၊ ထိရာက ရှပါလိမ့်မယ့့်။ သန်လျက်ကို ဘုရင်ကိုယ်တိုင် ဖွက်ထားတာကို ပဒကုသလကသိတယ်။ ဘုရင်ကိုယ်တိုင် အကောက်ကြံတာကိုလည်း သိတယ်။ မြန်မာနိုင်ငံသားတွေလည်း စိန္တာမဏိဂါထာရကြလို့ ဘယ်သူအကောက်ကြံထားသလည်း သိနေကြတယ်။ ေ

ချင်းဖဝေးဇာတ်မဟုတ်

Image
ချင်းတိုးတက်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် = ဘဘ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီသွားပြီးတော့ ဘဘဆီက မေတ္တာ၊ စေတနာ၊ နူတ်ထွက်စကား တောင်းသင့်တယ်။ ချင်းအမတ်မင်း အကြံကုန်၍ ပဒကုသလဇာတ်ခင်းသည်။ အကြံရခက်လေသနော့့် သံလျက်တော်ယူသည့် သူခိုးရယ်က သူ့အမျိုးဟာ ဧကရီမို့ သူ့အမည်ကို ထုတ်ဖော် မပြောပါရစေနဲ့ ဓားကုပ်ပေါ်မှာဝဲ့ ဒေါက်တာတင့်ဆွေ ၂၄-၆-၂ဝ၁၅

Grateful to you ဝမ်းမြောက်ရပါ၏

Image
အခုလေးတင် ပြည်တွင်းနေ အမျိုးသမီတဦးက သူမေးချင်တာမေးတယ်။ ဖြေလိုက်တယ်။ ခဏနေတော့ ဆရာဝန်မပါလို့ ထပ်မိတ်ဆက်ပြီ့း့ 12:05 am တစ်မျိုးတော့ မထင်ပါနဲ့ဆရာ။ ဆရာ့အတွက် consultation fee ကို မြန်မာနိုင်ငံက ဆရာဆန္ဒရှိတဲ့ နေရာတစ်ခုခုမှာ လှူဒါန်းပေးပါမယ်ဆရာ။ ဆရာလည်းကုသိုလ်ရ သမီးလည်းကုသိုလ်ရ၊ လိုအပ်နေတဲ့နေရာလည်း အထောက်အပံ့ရတာပေါဆရာ။ ဆရာလှူချင်တဲ့နေရာကို ပြောပါဆရာ။ ဒေါ်လာ ၂ဝ၊ ၃ဝ ဝန်းကျင်လောက်ဆိုရလားဆရာ။ သမီးတတ်နိုင် သလောက်လေးပါ။ ဟုတ်။ ဆရာ သည်လိုပဲလုပ်နေရတာ အကျင့်ရနေပါပြီ။ အများကြီးကျေးဇူးတင်တယ်။ ဟုတ် ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ။ ဒေါက်တာတင့်ဆွေ ၂၅-၆-၂ဝ၁၅

S.T.EYE condoms that change color when they come in contact with STIs

Image
ဗြိတိန်က ဆယ်ကျော်သက် ၃ ယောက်နေ တီထွင်မှုတခုလုပ်ပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် ကွန်ဒွမ် အရောင်ပြောင်းသွာမယ်လို့ ဆိုပါတယ်။ S.T.EYE condom လို့နာမည်ပေးထားတယ်။ အဲလိုအရောင်ပြောင်းနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ ကလာမိုင်ဒီးယားနဲ့ ဆစ်ဖလစ်တွေဖြစ်ပါတယ်။ လိင်လမ်းရေယုံနဲ့ လိင်လမ်း ကြွက်နို့တွေကိုလည်းသိမယ်။ မော့ဇ် နောဝပ်ဇ်က ၁၃ နှစ်၊ ဒယ်နီရယ် အလီက ၁၄ နှစ်နဲ့ ချီရက်ရှာက ၁၄ နှစ်အရွယ်ရှိကြတယ်။ လန်ဒန်အရှေ့ပိုင်းက Isaac Newton Academy ကျောင်းသားတွေဖြစ်ပါတယ်။ အဲဒီကွန်ဒွမ်ကိုသုံးပြီးအတူနေရင် ဘယ်သူ့မှာ အဲလိုရောဂါရှိနေနေ အရောင်ပြောင်းမယ်လို့ သီအိုရီအရဆိုပါတယ်။ လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် အဲဒီလူရဲ့ကိုယ်ကနေ အင်တီဘော်ဒီထွက်မယ်။ ကွန်ဒွမ်ကနေ အဲဒါကိုသိမယ်။ အရောင်ပြောင်းလာမယ်။ ကွန်ဒွမ်အသစ်အမျိုးအစားမှာ အလွှာပိုတခုပါတယ်။ အဲတာကနေ ကလာမိုင်ဒီးယား၊ ဆစ်ဖလစ်၊ လိင်လမ်းရေယုံနဲ့ ကြွက်နို့တွေကို စမ်းမှာဖြစ်ပါတယ်။ WHO စာရင်းဇယားတွေအရ နေ့စဉ် လူပေါင်း ၁ သန်းဟာ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးစက်ခံနေကြရတယ်။ ကလာမိုင်ဒီးယားက အဖြစ်အများဆုံး။ တီထွင်သူကျောင်းသားတွေ TeenTech Awards ဆု ပေါင် ၁ဝဝဝ ရသွားကြတယ်။ ကလာမိုင

Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး

Image
ဆရာရှင့်‌ သမီးကအခုကိုယ်ဝန် ၂ လထဲမှာပါ။ ပြီးခဲ့တဲ့ရက် ၂ဝ ‌လောက်ကမှ ကိုယ်ဝန်ရှိပြီဆိုတာ ဆီးစစ်ကြည့်လို့ သိရပါတယ်။ ညဘက်အိပ်မရတာ အိပ်‌‌ဆေး‌သောက်လို့ရလားဆရာ။ ကိုယ်ဝန် နောက်ဆုံး ၃ လမှာ အအိပ်ပျက်တာများကြတယ်။ နုသေးရင် ကိုယ်ရောစိတ်ရော အကြောင်းခံတွေကနေ အိပ်ရေးကို ဒုက္ခပေးနိုင်တယ်။ ကြွက်တက်တာ၊ ဆီးထသွားချင်တာ၊ အလွန်ဆော့တဲ့ကလေး၊ ကိုယ်ဝန်အရွယ်အစား ကြီးလာလို့ ဘယ်ညာလှည့်တိုင်းနိုးလာတာ၊ ခါးနာတာ၊ အိပ်မက်၊ မွေးဖွါးရမှာကို ကြိုပြီးကြောင့်ကျစိတ်ဝင်တာတွေကနေ ဖြစ်စေတယ်။ ကြွက်တက်တာသက်သာအောင် ခြေပိုင်းလေ့ကျင့်ခန်းလို လှုတ်ရှားမှုမျိုး အမြဲလုပ်ပါ။ Calcium ဆေးသောက်ပေးပါ။ အိပ်ရင် တဖက်စောင်း၊ ဒူးကွေးအိပ်ပါ။ ခါးနာသက်သာအောင် ခေါင်းအုံးပို လိုတဲ့နေရာမှာုံးပါ။ ဆီးထမသွာရအောင် အိပ်ခါနီး ရေ-အရည် (ကော်ဖီ၊ လဖက်ရည်) လျှော့သောက်ပါ။ နေ့ခင်းမှာ ပိုသောက်ဘို့ မမေ့ပါနဲ့။ Two-ply sheet with two glossy sides စပါယ်ရှယ်အိပ်ယာခင်းသုံးပါ။ မအိပ်ခင် တီဗွီကြည့်တာ၊ စာဖတ်တာတွေထဲ စိတ်ထိခိုက်၊ အနှောင့် အယှက်ပြုမှာတွေ ရှောင်ပါ။ စိတ်ငြိမ်နည်း၊ ပုတီးစိတ်၊ တရားထိုင်၊ ချည်ထိုး၊ ရေနွေးချိုး၊ သာယာညင်သာတဲ့ တေးဂီတ။ • Benadryl နဲ့ Ambien တွေကို Cl

Pregnancy Wi-Fi router causes controversy in China

Image
ကိုယ်ဝန်အတွက် ပိုစိတ်ချရတယ်ဆိုတဲ့ (ဝိုင်-ဖိုင် ရောက်ဒါ) သစ် တရုပ်ပြည်မှာ အငြင်းပွါးနေ Qihoo 360 ကနေ ထုတ်လိုက်တဲ့ (ဝိုင်-ဖိုင် ရောက်ဒါ) သစ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက် ပိုပြီးစိတ်ချရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တွေဆီကို ဓါတ်ရောင်ခြည်သင့်တာ ၇ဝ% သက်သာတယ်လိုလည်း ထုတ်ပြန်ထားတယ်။ ဒါပေမယ့် Xiaomi ကနေပြန်ငြင်းတာက Qihoo ဈေးကွက်ကိုဆွဲဆောင်ဘို့အဲလိုပြောတာသာဖြစ်တယ် Wi-fi ဟာလည်း စိတ်ချရတယ်လို့ဆိုပါတယ်။ ဒီလိုငြင်းခုန်မှုကို Weibo ဆိုရှယ်မီဒီယာမှာလုပ်နေကြတာပါ။ သူတို့က အကြီးစားပြိုင်ဖက်တွေဖြစ်ပါတယ်။ Xiaomi ကနေလည်း အသစ်တခုထုတ်ထားသေးတယ်။ အဲဒီ ရောက်ဒါဟာ six terabytes storage ရှိတယ်၊ high-speed မြန်တယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်စိတ်ချရမှုကိုထည့်ပြောထားတာမရှိပါ။ Low-level non-ionising kind အလွန်နည်းပါးနိမ့်ကျတဲ့ အိုင်ယွန်နိုက်ဖြစ်စဉ်ရှိတာမှန်ပေမယ့် Wi-Fi ကနေ လူတွေအပေါ် သက်ရောက်တဲ့ Electromagnetic signals အီလက်ထရောနစ် အချက်ပြတွေရဲ့ ကျန်းမာရေးကို အမြဲစောင့်ကြည့် နေပါတယ်။ ဒီအဆင့်က လူကိုအန္တရာယ်မပေးနိုင်ပါ။ အမေရိကမှာအခြေစိုက်တဲ့ BabySafe Wireless Project ကနေ Wireless radiation ဝိုင်ယာလက်စ်ရောင်ခြည်ဟာ ကို

Insecticide Lindane causes cancer

Image
အင်းဆက်ဆေး လင်ဒိန်းကနေ ကင်ဆာဖြစ်စေနိုင် ကမာ့္ဘကျန်းမာရေးအဖွဲ့ကြီးကနေ ထုတ်ပြန်လိုက်တဲ့သတင်းဖြစ်ပါတယ်။ ဒီပိုးသတ်ဆေးကို အီးယူနိုင်ငံဗတွနဲ့ ယူအက်စ်မှာ မသုံးဘို့ တားမြစ်ထားပြီးဖြစ်ပါတယ်။ Non-Hodgkin's lymphoma ခေါ်တဲ့ အကျိတ်ကင်ဆာကို ဖြစ်စေတာ အထောက်အထားခိုင်လုံလို့ဖြစ်ပါတယ်။ ဒါပေမယ့် Lindane ကိုမဖွံ့ဖြိုးသေးတဲ့တိုင်းပြည်တွေမှာတော့ ဆက်သုံးနေကြပါတယ်။ ဒီပိုးသတ်ဆေးကို သန်းပျောက်ဆေးနဲ့ ဝဲပျောက်ဆေးတွေထဲမှာလည်း ထည့်ထားတယ်။ ၁၉၇ဝ ကျော်ကတည်းက ပိတ်ပင်ထားပြီးဖြစ်တဲ့ DDT ပိုးသတ်ဆေးကနေလည်း လူတွေမှာကင်ဆာဖြစ်စရာအကြောင်း ရှိတယ်လို့လည်း သိထားပြီးဖြစ်ပါတယ်။ ဒါမေယ့် တချို့အစားအသောက်တွေမှာ စစ်ဆေးတော့ တွေ့နေသေးတယ်။ တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်ထဲမှာရှိနေသးလို့ဖြစ်ပါမယ်။ ဒေါက်တာတင့်ဆွေ ၂၄-၆-၂ဝ၁၅

By order of the dictatorship နုတ်ကျိုးနေသူများ

Image
(အဘ) လို့ဆက်ခေါ်နေသူတွေဆီကို မက်ဆေ့ကနေ (အဘ) စာကို ပို့လိုက်ပါတယ်။ နောက်ထပ်တော့ လေးစားလို့ဖြစ်ဖြစ်၊ အရွယ်အိုမင်းလို့ခေါ်တာဖြစ်ဖြစ်၊ ခေါ်တဲ့သူတိုင်းကို (ဘလော့ခ်) လုပ်ပါတော့မယ်။ (အဒ်) လုပ်စရာတွေများလာလို့လည်း ပါတယ်။ • တကယ်အမျိုးမတော်ဘဲ အကို၊ ဦးလေး၊ အဘလို့ အခေါ်ခံရတာနဲ့ ကိုယ်ကိုယ်ကို သားလို့၊ သမီးလို့ရေးတာတွေက ကျွန်တော့်အတွက် အခက်အခဲရှိပါတယ်။ • မေးတာတွေဖြေတဲ့အခါ နားလည်းရခက်တယ်။ သမီးဆိုသူက သူ့အကြောင်းလား၊ သူ့သမီးအကြောင်းလား၊ သမီးရဲ့သမီး ဆိုတော့ မြေးလားမသိနိုင်ပါ။ • ကျမဆိုတာကို မသုံးတော့တာကို စိတ်မကောင်းပါ။ • ဆရာဝန်နဲ့လူနာကြားမှာ တွယ်ကပ်မှုကင်းရတယ်။ အမျိုးစပ်မှုရှင်းရတယ်။ • အဘဆိုတာ စစ်အစိုးရထဲက လူကြီးတွေကို ခေါ်ကြတယ်။ တပ်ရင်းမှူးကို အဘလို့ ခေါ်ကြသတဲ့။ • နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူ သူကိုယ်တိုင်က ထောင်ကလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဲသည်ကတည်းက ကျွန်တော့မှာ အဘဆိုတာကို ခါးသီးလာတော့တာပဲ။ • ဆရာတလုံးတည်းသာ အမှန်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒေါက်တာဆိုတာလည်း နားယဉ်ပြီးသားမြန်မာစကား ဖြစ်လာနေပါပြီ။ • ကျွန်တော့်အသက်ကို အမှန်အတိုင်းရေးထာတာမို့ ငယ်ချင်လို့မဟုတ်မှန်းလဲ သိကြမ

Xenical ဇန်နီကယ်

Image
၁။ ဆရာ ဒီဆေးနဲ့ပက်သက်ပြီး ကောင်းကျိုးဆိုးကျိုးလေး သိချင်ပါတယ်ဆရာ။ သမီးအဲဆေးကို သောက်နေတာပါ။ သူငယ်ချင်းတယောက်နဲ့စကားစပ်မိပြီး အဆီကျချင်တယ်ပြောတော့ ဒီဆေးကို လမ်းညွှန်တာနဲ့ သောက်ဖြစ်တာပါဆရာ။ ဆိုးကျိုးဆိုတာကိုမေ့ထားပြီး သောက်မိနေတာပါ။ အခုအသေအချာလေး သတိထားကြည့်လိုက်တော့ ဆရာဝန်က သေချာ လမ်းညွှန်ထားတာမဟုတ်တော့ စိုးရိမ်စိတ်လဲဖြစ်လာမိပါတယ်ဆရာ။ ၂။ Xenical ဆိုတာဘယ်လိုဆေးမျိုးပါလဲဆရာ။ အဆီကျတယ်ဆိုလို့ ဆရာဝန်ညွှန်ကြားမှုမရှိပဲ တနေ့တလုံးသောက်ရင် ဘာဖြစ်နိုင်လဲဆရာ။ • Xenical ဇန်နီကယ်ဆိုတာ Orlistat ဆေးဖြစ်တယ်။ Alli နာမည်တွေနဲ့လည်း ရောင်းတယ်။ Tetrahydrolipstatin ဆေးဖြစ်တယ်။ ကိုယ်အလေးချိန်ကျစေဘို့ပေးပါတယ်။ စားလိုက်တဲ့အဆီကို ကိုယ်ကနေ စုပ်ယူတာကို ပိတ်ပင်ပေးမယ်။ ကိုယ်အလေးချိန်နည်းအောင် ကယ်လိုရီနည်းတဲ့ အစားအသောက် ရွေးတာနဲ့ တွဲဖက်ရမယ်။ ဆီးချို၊ သွေးတိုး၊ (ကိုလက်စထော) များသူတွေက အဲတာမျိုးလိုအပ်ကြတယ်။ • အွန်လိုင်းကနေ ဒီဆေးဝယ်တာစိတ်မချရပါ။ ဆေးထဲမှာ Sibutramine (Meridia) ဆိုတဲ့ ကိုယ်အလေးချိန် ကျဆေးပါတယ်။ စိတ်ချရမှုကို အာမခံချက်မရှိသေးဘူး။ ကိုယ်ဝန်ဆောင်နေသူတိုင်း မသောက်ရပါ။ သည်းခြေ မကောင်းသူ၊ နာတာရှည် အစာစုပ်မယူနို

NSAID အကိုက်အခဲပျောက်ဆေး သတိပေး

Image
• Naproxen, Diclofenac နဲ့ Ibuprofen လို အနာ-အဖျား-အရောင်ကျဆေးတွေကနေ ရေရှည်သောက်ရင် အစာအိမ်နဲ့ အူလမ်းတွေမှာ အနာဖြစ်လာစေနိုင်တယ်။ • လေးဘက်နာ၊ အဆစ်နာ၊ နာတာရှည်ခါးနာရောဂါရှိသူတွေက အဲလိုဆေးကို အကြာကြီးသောက်နေကြရတယ်။ • အဲလိုဆေးတွေကို Non-steroidal anti-inflammatory drugs (NSAIDs) လို့ခေါ်တယ်။ သူတို့ကနေ Prostaglandins ဓါတ်ထုတ်လုပ်တာကို တားတယ်။ ဒီဓါတ်ကနေ အစာလမ်းကအဖုံးလွှာကို အက်စစ်ဓါတ်ကို ပျယ်စေအောင်လုပ်ပေးနေတာမို့ အစာလမ်းမှာ အနာဖြစ်လာရတာပါ။ အဲလိုအနာသက်သာဆေး ၁ နှစ်ကျော်သောက်နေသူတွေထဲက ၁-၂% မှာသာ အစာလမ်းမှာ အနာဖြစ်ပါတယ်။ ဒီလိုဖြစ်မှာကို သက်သာစေဘို့ လေဆေးလိုဆေးမျိုးနဲ့တွဲသောက်ရမယ်။ • NSAIDs ဆေးတွေကြောင့် အစာအိမ်နာဖြစ်တာကို ပျောက်စေဘို့၊ ကာကွယ်ဘို့နဲ့ ပြန်မပေါ်အောင် Proton-pump inhibitors ဆေးအမျိုးအစား ဥပမာ Prevacid (lansoprazole) နဲ့တွဲသောက်သင့်တယ်။ • အလားတူ NSAIDs ဆေးတွေနဲ့ တွဲသောက်သင့်တဲ့လေနာဆေးတွေ = Cimetidine (Tagamet, Parenteral) 300 mg ထိုးဆေး၊ စားဆေး၊ တနေ့ ၂ ကြိမ်၊ 400 mg စားဆေး အိပ်ယာဝင်။ Ranitidine 150 mg စားဆေး အိပ်ယာဝင်။ Omeprazole 40 mg တနေ့ ၁ ကြိမ် အစာမစားမီ၊ ၄-၈ ပါတ်။ Pantopra

Train passengers ရထားစီးခရီးသည်များ

Image
အရွယ်ရဲ့သဘော စောကြောမိတယ်။ ဇရာအကြောင်းမဟုတ်၊ ဆေးပညာစာလည်းမဟုတ်ပါ။ နိုင်ငံရေးပါ။ အားလုံးအကုန် ခြုံပြီးပြောချင်တာလည်း မဟုတ်သေးပါ။ ပညာတတ်လို့ သတ်မှတ်မလား၊ ပညာရှင်ပဲ ခေါ်တွင်သလား၊ ကျောင်းသက် မနည်းလှသူတွေ၊ လူသိသူသိလည်း များတဲ့သူရဲ့တွေ အုပ်စုတခုတည်းကို ကွက်ကွက်ကလေး တွေးကြည့်မလို့ပါ။ စာအုပ်တွေထဲမှာ မပါ။ သုတေသနလည်း မဟုတ်ပါ။ ဖြတ်သန်းနေရတဲ့ခပ်တိုတို အတွေ့အကြုံ မပြည့်မစုံကနေ ကောက်ချက် ကြမ်းကြမ်းဆွဲကြည့်ချင်တာပါ။ လူ့အသက်ကိုပိုင်းခြားပြီး ဘယ်အရွယ်မှာ ဘာလုပ်ဘို့အကောင်းဆုံးလို့ သတ်မှတ်ထားတာတွေရှိတယ်။ ဆေးပညာမှာ ရှိသလို ဘာသာရေးမှာလည်းရှိတယ်။ နိုင်ငံရေးမှာ ဘယ်အရွယ်တွေက အကောင်းဆုံးပါလည်း။ အမျိုးမျိုးပြောကြမှာပါ။ ပြောတာတွေက မှားမှာတော့မဟုတ်ပါ။ တူချင်မှတော့ တူမယ်။ ၄ဝ-၅ဝ ကိုယူချင်တယ်။ ကောလိပ်တို့ တက္ကသိုလ်တို့လည်း ပြီးမြောက်ခဲ့ကြပြီ။ ဗဟုသုတလည်းစုံလှပြီ။ အတွေ့အကြုံတွေလည်း မနည်းမနော။ အတွေးအမြင်တွေလည်းစူးရှနေကြပြီ။ ဟိုအသင်းသည်အဖွဲ့မှာလည်း တာဝန်ယူဘူးတယ်။ နောက်တဆင့်တက်ကြရမယ်။ တက်ကြပါတယ်။ မီရာရထားလိုက်ကြသူက များသလားလို့။ အခုဂျင်နရေးရှင်းမှ မဟုတ်ပါ။ ဒိအရင်မျိုးဆက်တွေလည်း အဲလိုလုပ်ကြသူက အတော်များပါတယ်။ အားလ