Embargo

Oo Yetun ပုဒ်မ ၄၃၆ ကိုပြင်ဆင်ခြင်းဖြင့် တပ်မတော်ကိုပါဝါလျှော့

ဒီနေ့ ဆက်ပြီးဝေဖန်ဆွေးနွေးလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဘို့ တင်ပြထားတဲ့ ဥပဒေကြမ်းထဲက အမှတ်စဉ် ၅ ပါ၊ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို ပြင်ဆင်ချက်ဖြစ်ပါတယ်။

၄၃၆ (က) ပြင်ဆင်ချက်မှာ ဆိုထားတာကို အတိုချုပ်ပြီးပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သောအရေးကြီး ပြဌာန်းချက်တွေကို ပြင်ဆင်ချင်တယ်ဆိုရင် အစည်းအဝေးတက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅% က သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြုလုပ်တဲ့အခါ ဆန္ဒမဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲရရှိဘို့ လိုအပ်တယ်ဆိုတာနဲ့ ၄၃၆ (ခ) ပြင်ဆင်ချက် ကတော့ အဲဒီအရေးကြီး ပြဌာန်းချက်တွေမှအပ အချို့သောပြဌာန်းချက်များကို ပြင်ဆင်ချင်တယ် ဆိုရင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% က ထောက်ခံရင် ပြင်နှိုင်တယ်လို့ ဆိုထားခြင်းဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်က မူလပြဌာန်းချက်ထက် အများကြီးတိုးတက်လာတဲ့သဘောကို ဆောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလပြဌာန်းထားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော်ထောက်ခံမှသာ ပြင်နိုင်မယ်လို့ဆိုထားတာကြောင့် လွှတ်တော်ထဲက ၂၅% အရေအတွက်ရှိတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ မထောက်ခံရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့ အဖြေထွက်နေခဲ့တာပါ။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း အရွေးကောက်ခံတွေလို သီးခြားစီလွတ်လပ်သူတွေမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားခံရသူတွေဖြစ်ပြီး အမိန့်ကို နာခံလုပ် ဆောင်ရသူတွေလို့ သိရှိထားလေတော့ ကာကွယ်ရေးဦးစီးချုပ်သဘောမတူရင် ဘာကိုမှပြင်ဆင်လို့မရဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေပါတယ်။ မူလပြဌာန်းချက်မှာက အရေးကြီးပြဌာန်းချက်တွေအတွက်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံရမဲ့အပြင် ပြည်သူလူထုဆန္ဒခံယူပွဲမှာလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲရမှသာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဒီမှာလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူအားလုံးရဲ့ ၅ဝ% ကျော်ဆိုတဲ့ မူလပြဌာန်းချက်ကို ဆန္ဒမဲပေးသူအားလုံးရဲ့ ၅ဝ% ကျော်လို့ ပြင်ပေးထားတာက ပိုမိုလွယ်ကူစေဘို့ ရည်ရွယ်တာဖြစ်ကြောင်းထင်ရှားပါတယ်။ ဒါကြောင့် အခုပြင်ဆင်ဘို့ အဆိုပြုထားတဲ့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ပြင်ဆင်ချက်သာအောင်မြင်ခဲ့မယ်ဆိုရင် နောက်ပိုင်းကာလမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်ချင်တဲ့အခါ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံခြင်း ၊ မထောက်ခံခြင်းအပေါ်တည်မှီမနေတော့ဘဲ အရွေးကောက်ခံကိုယ်စားလှယ်အားလုံးရဲ့ ၉၄% ကသာ ထောက်ခံခဲ့ရင် ပြင်ဆင်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုပြုချက်ကတော့ တိုးတက်တဲ့ လက္ခဏာတစ်ရပ်ဖြစ်လို့ ကြိုဆိုသင့်ကြောင့်း့။

ဦးရဲထွန်းရေ့ နိုင်ငံရေးမှုနဲ့ တသက်တကျွန်းချခံထားရာကနေ ထောင်ဒဏ်အနှစ်နှစ်ဆယ်ဆိုတော့ ကိုကိုးကျွန်း မပို့လာကိုပဲ ကျေးဇူးတင်ရမှာပေါ့။ ဗမာတွေက ကျေးဇူးတင်စရာကို ကြံဖန်ရှာတတ်ကြပါတယ်။

Oo Yetun သို့သော်လည်း လွှတ်တော်မှာ ဆွေးနွေးမဲခွဲကြတဲ့အခါမှာတော့ အောင်မြင်မှုရဘို့လည်း အင်မတန် ခက်ခဲမဲ့အကြောင်း ပြောလိုပါတယ်။

ဟောဗျာ့ ဒါဆိုရင် အဲဒီကျေးဇူးစကားကို မဲခွဲပြီးတဲ့အထိ (အင်ဘာဂို) လုပ်ထားလိုက်မယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး