China, Myanmar focus on win-win ties
တရုပ်-မြန်မာ သူနိုင်-ကိုယ်နိုင် အာရုံထားဆိုတဲ့ခေါင်းစီးနဲ့ (ဂလိုဘယ်လ် တိုင်းမ်) တရုပ်အစိုးရသတင်းစာ အယ်ဒီတာ အာဘော်က ရေးသားလိုက်ပါတယ်။
တရုပ်သမတ (ဇီ ဂျင်းပင်) ဟာ မြန်မာပြည်က NLD ခေါင်းဆောင်ကို ကြာသပတေးနေ့က ဘေဂျင်းမြို့တော် လူထု (ဂရိတ် ဟောလ်) မှာတွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးတရုပ်ခရီးစဉ်မှာ ပါတီခေါင်းဆောင်မှုအောက်မှာ တရုပ်နိုင်ငံရဲ့ ကြီးမားတဲ့ စွမ်းဆောင်နိုင်မှုတွေကို ဒေါ်စုက အားကျကြောင်းပြောလိုက်ပါတယ်။
အဲလိုစကားလုံးတွေဟာ သူ့နှလုံးသာကနေလာတာလို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ဒေါ်စုရဲ့ပထမဆုံးခရီးစဉ်မှာ တရုပ်ပြည်သူတွေရဲ့ချစ်ကြည်မှုနဲ့ တိုင်းပြည်ရဲ့စွမ်းဆောင်နိုင်မှုတွေကနေ အထင်ကြီးစေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အခုထိဆင်းရဲသေးတဲ့အခြေအနေမှာ အမျိုးသားဖွံ့ဖြိုးရေးမှာ ရင်ဆိုင်ကျော်လွှားစရာတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။ ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်စုဟာ အမျိုးသားအကျိုးစီးပွါးကို ဦးစားပေးရမှာ ဖြစ်ပါတယ်။
တရုပ်-မြန်မာဆက်ဆံရေးဟာ နက်နဲပြီးချစ်ကြည်မှုပေါ်မှာတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင် နှစ်တွေမှာတော့ နှစ်နိုင်ငံကြား နောက်ပြန်ဆွဲမှုတွေကြုံတွေ့ခဲ့ရပါတယ်။ နိုင်နိုင်ငံကြားမတူညီတွေဟာ မြန်မာ့ပြည်တွင်း နိုင်ငံရေးကနေဖြစ်လာတာပါ။ ဒါ့ပြင် နိုင်ငံတကာ ပထဝီ ပဋိပက္ခတွေကနေလည်း လွှမ်းမိုးစေခဲ့တာပါ။
၂ဝ၁၁ ကတည်းက မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို စတင်ခဲ့လို့ ပြည်တွင်းနိုင်ငံရေးမှာ များစွာ ပြောင်းလဲစေခဲ့ပါတယ်။ အနောက်တိုင်းပြည်မီဒီယာတွေကနေ ဒီပြုပြင်ပြောင်းလဲရေးကို မြန်မာပြည်က တရုပ်လွှမ်းမိုးမှု အောက်ကနေခွါထွက်လာပြီး ဆက်ဆံရေးဆုတ်ယုတ်လာတယ်လို့ပုံဖေါ်နေကြပါတယ်။ အဲတာဟာ လမ်းလွဲကိုဦးစေတာ ဖြစ်ပါတယ်။
တရုပ်ဟာ မြန်မာ့အမျိုးသားဖွဲ့ဖြိုးရေးမှာ အစားထိုးမရနိုင်ခဲ့အခန်းကဏ္ဍမှာရှိတာပါ။ နောက်ပြီး မြန်မာ့ပထဝီ တည်နေရာ ကိုယ်၌က တရုပ်အတွက်အရေးကြီးပါတယ်။ နှစ်ဖက်လုံးဟာ အပြန်အလှန်ဆက်ဆံရေးမှာ ရေရှည် အကျိုးရှိတဲ့ ဖွဲဖြိုး တိုးတက်ရေးကို ဦးတည်ပါတယ်။ တရုပ်ရဲ့မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုဟာ အပြန်အလှန်ကျိုးတူ အကျိုးစီးပွါးအခြေခံ ဖြစ်ပါတယ်။ အင်ပါယာတည်ဆောက်မှုရည်မှန်းချက် ထားတာမဟုတ်ပါ။ မြန်မာ့ပြည်တွင်းရေးမှာလည်း ဝင်ရောက် စွက်ဖက်မှုမလုပ်ပါ။
နှစ်နိုင်ငံဟာ ပထဝီဆက်စပ်မှုအရ မြန်မာပြည်ကို လူမှုရေးနဲ့ စီးပွါးတိုးတက်ရေးကနေ တည်ငြိမှ်ုရှိရေးအတွက် ကူညီဘို့ဟာ တရုပ်ရဲ့အကျိုးစီးပွါးဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးကို အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကနေ လမ်းညွှန်ပါတယ်။ အိုင်ဒီယော်လော်ဂျီကနေ မဟုတ်ပါ။ ဒေါ်စုကို တရုပ်ကွန်မြူနစ်ပါတီကဖတ်ကြားမှုကိုယ်၌က တရုပ်-မြန်မာ ချိတ်ဆက်မှုဟာ အိုင်ဒီယော်လောဂျီထက် လွန်ကဲတာကို ပြသနေတာဖြစ်ပါတယ်။
တရုပ်ရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း လျင်မြန်စွာ တိုးတက်လာမှုမှာ သီးခြားဆောင်တဲ့ ဖွံ့ဖြိုးမှုမော်ဒယ်နဲ့ တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်။ အဲတာကနေ မဖွံ့ဖြိးတဲ့နိုင်ငံတွေကိုဆွဲဆောင်စေပါတယ်။ တရုပ်ရဲ့ အကြီးစား ဆင်းရဲမှုသက်သာရေးအတွေ့အကြုံ၊ သင့်လျှော်အံဝင်တဲ့ ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ အထွေထွေလူမှုရေး တည်ငြိမ်မှုကို စီမံနိုင်စွမ်းတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ တရုပ်ပုံစံဟာ တရုပ်အိမ်နီးချင်းနိုင်ငံတွေကို အပြုသဘောလွှမ်းမိုးစေပါတယ်။
တကယ်တော့ တရုပ်ရဲ့ ဒေသတွင်းဖွံ့ဖြိုးရေးအတွက်ဆန္ဒရှိမှုနဲ့အညီ ခါးပတ်လမ်းတခု၊ လမ်းမကြီးတခုလို အစပျိုးမှု အစီအမံကို တရုပ်ရဲ့ သူနိုင်-ကိုယ်နိုင်ရလဒ်အတွက် အိမ်နီးချင်းတွေနဲ့ဒေသတွင်း ဖွံ့ဖြိုးမှုတိုးမြှင့်ရေးဆန္ဒနဲ့ အလားတူ ဖီလောဆော်ဖီကို အခြေခံပါတယ်။
ဒေါ်စုရဲ့အလည်အပတ်ခရီးကနေ တရုပ်ရဲ့ အောင်မြင်တဲ့ အနီးအနားအိမ်နီးချင်းသံတမန်ရေးနမူနာတခုကို ပြလိုက်တာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၆-၂ဝ၁၅

Comments
Post a Comment