Eyes on the Moon လမင်းမှာ

• တမြို့တရွာစီမှာနေတဲ့သူအချင်ချင်း၊ လမင်းမှာ မျက်နှာချင်းဆုံမယ်ဆိုတဲ့အသုံး ငယ်တုံးကဆို အင်မတန်ကို ခေတ်စားခဲ့တာ။
• ခုနေမှာ တပြေတရွာလည်းမကပါ၊ သမုဒ္ဒရာချောင်းမြောင်း၊ ပြည်ရွာထောင်သောင်း၊ မိုင်ပေါင်းသောင်းကျော်၊ ဒီမှာလပေါ်ရင် ဟိုမှာက နေအတော်မြင့်နေပြီ။ အဲဒီမှာ အိပ်စက်ကုန်ကြ၊ ကိုယ့်မှာကအိပ်ယာထ၊ လမင်းမှာဆုံချင်လို့မရပါ။

• လမျက်နှာမှာ ကျွန်တော့်စာထားခဲ့ချင်တာ။ နေဝင်တဲ့အခါ ထွက်လာမယ့်လကို ထကြည့်လိုက်ပါ။ ကောင်းကင်ပြာပြာ အနောက်အရပ်မှာ သောကြာကြယ်အနားမှာ လဝါဝါတွေ့ကြမှာပါ။ လမျက်နှာမှာ ဆုတောင်းစာကလေး ဖတ်ပေးကြပါ။
• လမဝင်အင်ပါယာ အတူဆောက်ကြအောင်ဗျာ။ လအလင်းမှာ ကျန်းမာခြင်းဆု အခုရကြစေဗျာ။
• နေအလင်းမှာ အချင်းချင်းယိုင်းပင်းကြပါ။ ကျွန်တော်မလိမ္မာ ဆုံးမကြပါ။ ကိုယ်တိုင်မလိမ္မာသေးလည်း ဆုံးမပေးပါ။

• အားလုံး ကျန်းမာ လိမ္မာ၊ လမဝင်အင်ပါယာ အတူဆောက်ကြအောင်ဗျာ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၅
ဓါတ်ပုံ = အင်ဒီယာနာပိုးလစ်မြို့၊ ဒေသစံတော်ချိန် ည ၁ဝ နာရီ ၃၈ မိနစ်၊ ဒီညလနဲ့ သစ်ကိုင်းကြားမှာ သောကြာကြယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး