Gestational age ကိုယ်ဝန်မှာ ကလေးအသက် ခန့်မှန်းနည်း
ကလေးအဖေ ဟုတ်-မဟုတ် အငြင်းပွါးတဲ့အမေးကို ဖြေရတယ်။ အာလ်ထွာဆောင်း အဖြေကို ကိုင်ပြောကြတယ်။
ကိုယ်ဝန်မှာ ကလေးအသက် ခန့်မှန်းချင်ရင် (အာလ်ထွာဆောင်း) မပေါ်ခင်က ရာသီရက်နည်းနဲ့ တွက်ချက်ခဲ့ရတယ်။ ဒိနောက် Doppler ကရိယာနဲ့ ကလေးနှလုံးခုန်တာကို နားထောင်နိုင်ရင် ၁ဝ-၁၂ ပတ်လို့သိနိုင်တယ်။ နားကြပ်နဲ့ဆို ၁၉-၂၁ ပတ်ရောက်မှကြားရတယ်။ ၃ လ (၁၂ ပတ်) ရှိမှ ဆီးစပ်ကနေစမ်းလို့ရတယ်။ ၃ လမတိုင်ခင် မွေးလမ်းကနေ လက်နှစ်ဖက် စမ်းနည်းလည်း လုပ်နိုင်တယ်။ သားအိမ်အမြင့် တိုင်းနည်းလည်း လုပ်ပါတယ်။ ဒီနည်းအားလုံးက သိပ်မတိကျပါ။
ကိုယ်ဝန်ဆောင် ၂ဝ% ကနေ ၄ဝ% တို့က နောက်ဆုံးရာသီလာရက်ကို မသိကြဘူး။ ၁၈% မှာသာ မှန်တာတွေ့ရတယ်။ ၁၅% သာမှန်တဲ့ နောက်သုတေသနလည်းရှိတယ်။ ကျန်စမ်းသပ်နည်းတွေမှာလည်း တိကျမှုနည်းတယ်။ ဘယ်တုံးက မျိုးဥထွက်သလည်းစမ်းနိုင်တယ်။ ကိုယ်အပူချိန်တိုင်းနည်းနဲ့ LH ဟော်မုန်းတက်လာချိန် တိုင်းတာနည်းတွေမှာ ၄-၆ ရက် ကနေ ၂-၄ ပတ် ကွဲလွဲချက်ရှိနိုင်တယ်။
ကိုယ်ဝန် ပထမ ၃ လအတွင်း အာလ်ထွာဆောင်းနဲ့ Gestational Sac Mean Diameter အချင်းမျဉ်း ပျမ်းမျှကိုတိုင်းတယ်။
Crown-rump length (CRL) သန္ခေသား ခေါင်းထိပ်ကနေ တဖက်စွန်းအထိ အတိုင်းအတာကို ၅-၆ ပတ်ကစတိုင်းလို့ရပြီ။
± ၇ ရက်သာကွာနိုင်တယ်။
ဒုတိယသုံးလပတ်မှာ (ပါရာမီတာ) တမျိုးတည်း (BPD, HC, or FL) နဲ့ (ပါရာမီတာ) အများအပြား (BPD or HC and FL ± AC) နည်းသုံးတယ်။ Biparietal diameter (BPD) ဦးခေါင်းဘေးအစွန်နှစ်ဖက်အကွာအဝေး၊ Head circumference (HC) ဦးခေါင်းပတ်လည်၊ Abdominal circumference (AC) ဗိုက်ပတ်လည်နဲ့ Femur length (FL) ပေါင်ရိုးအရှည်တွေကို တိုင်းတယ်။
ကွဲလွဲနိုင်ချေတွေရှိတယ်။
- Crown-rump length = ± ၅-၇ ရက်
- BPD, 12–26 ပတ် = ± ၁ဝ-၁၁ ရက်
- HC, 12–26 ပတ် = ± ၁ဝ-၁၄ ရက်
- AC, 12–26 ပတ် = ± ၁ဝ-၁၄ ရက်
- FL, 12–26 ပတ် = ± ၁ဝ-၂ဝ ရက်
တတိယသုံးလပါတ်မှာ ခက်တယ်။ ကွဲလွဲနိုင်တယ်။ ရာသီရက်သိရင်တော့ ကောင်းတယ်။
- BPD, 27–42 ပတ် = ± ၂-၃ ပတ်
- HC, 27–42 ပတ် = ± ၂-၃ ပတ်
- AC, 27–42 ပတ် = ± ၂-၃ ပတ်
- FL, 27–42 ပတ် = ± ၂-၃ ပတ်
ကိုယ်ဝန်မှာ ကလေးအသက် ခန့်မှန်းဘို့ ကိုယ်ဝန် ၈-၁၈ ပတ်မှာရိုက်တာက အတိကျဆုံးဖြစ်တယ်။ ဒိနောက်မှာ အဲလောက် မတိကျတော့ဘူး။ LMP နောက်ဆုံးရာသီလာခဲ့တဲ့ရက်တွက်နည်းနဲ့ပါ တွဲသင့်တယ်။ နောက်ဆုံး ရာသီ လာခဲ့တဲ့လတုံးက သွေးစဆင်းတဲ့ရက်နောက် ၁၁-၂၁ ရက်မှာ သန္ဓေဖြစ်တယ်။ အဲဒါကို ဘယ်သူမှမပြောနိုင်လို့ နောက်ဆုံး ရာသီလာခဲ့တဲ့လတုံးက သွေးစဆင်းတဲ့ရက်ကို ယူပြီးတွက်ရတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၆-၂ဝ၁၅

Comments
Post a Comment