Cooperation ပေါ့တဲ့၊ ဟဲဟဲ တဲ့

Aung Moe ဟိုသီချင်းလိုပေါ့ "သူဟာအဖြူဆို ကိုယ်က အမည်း ဒီအဖြစ်လေးက ရှင်းနေသားပဲ ဟဲဟဲ" ဘာပဲဖြစ်ဖြစ်ပေါ့ ဆရာ ကိုယ့်နိုင်ငံအတွက်လို့ ခံယူထားတာပဲလေ Cooperation ပေါ့ (ဆရာလုပ်တာတော့ မဟုတ်ပါဘူး)

Cooperation ဆိုတာ တွဲလုပ်ခြင်း၊ သမဝါယမ၊ ဖက်စပ်လုပ်ခြင်း။

Collaborator ဆိုတာ
1. a person who works jointly on an activity or project တဖက်လူနဲ့အတူလုပ်သူ။
2. a person who cooperates traitorously with an enemy; a defector ရန်သူနဲ့တွဲလုပ်သူ။ သစ္စာဖေါက်။

အဓိပ္ပါယ်ကွဲပေမယ့် နိုင်ငံရေးမှာ အတူတူလို့သာမြင်ကြတယ်။ ကျွန်တော်က စစ်အစိုးရမျိုးတွေနဲ့ ၂ နည်းလုံးမလုပ်ပါ။ သမဝန်ကြီးမဖြစ်ချင်ပါ။

ကျွန်တော်က စကားပြောပြီးတိုင်းအဆုံးမှာ ဟဲ ဟဲ ဘယ်တော့မှမလုပ်ပါ။ စစ်ထောက်လှမ်းရေးတွေ အန်တီဆီလာပြီး၊ အမကြီး ဒေါက်တာတင့်ဆွေကို ကွာရှင်းကြောင်းလက်မှတ်ထိုးပေး။ သစ်ကွက်လုပ်စားပေါ့၊ ဟဲ ဟဲ လို့ပုလဲအိမ်မှာ လာပြောတယ်။

မနေ့က လွှတ်တော်တခုဥက္ကဋ္ဌတယောက်ကလည်း အင်တာဗျူးအဆုံးမှာ ဟဲ ဟဲ တဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး