Up to you လွတ်လပ်မှု အပြည့်အဝခံစားနိုင်ကြသော လူနာများ

ကျွန်တော့် ပို့စ် = Balm ပရုပ်ဆီ

Thant Zin သုတများစွာရလို့ ကျေးဇူးတင်ပါတယ်ဆရာ။ နည်းနည်းအထွန့်တတ်မေးခွန်းလေးမေးပါရစေ။ MBBS က အနောက်တိုင်းဆေးဝါး နည်းဥပဒေသတွေကို ရွေးချယ်ခိုင်းတာလားခင်ဗျာ။ ဥပမာ အဲ့ဆေးဝါးမရောက်တဲ့နေရာဒေသ၊ အယုံကြည်မဲ့သူ၊ တခြားဆေးပညာယုံကြည်တဲ့လူမျိုးတွေနဲ့တွေ့ရင် ဘယ်လိုကုသမလဲ။ လူနာတစ်ဦးအတွက် ရောဂါ ပျောက်ကင်းရေးက အရေးကြီးသလား။ စိတ်ကျေနပ်မှုက အရေးကြီးသလား။

မြန်မာပြည်မှာ လူနာနဲ့ လူနာ့ဆွေမျိုးတွေမှာ ရွေးချယ်ပိုင်ခွင့် အပြည့်ရှိကြပါတယ်။ ဘယ်ဆရာဝန်ကမှ အတင်းမလုပ်ကြပါ။ ဆရာဝန်တွေက စိတ်တိုလို့ ပြောမိကောင်းပြောမိကြပါလိမ့်မယ်။ လူနာ့သဘောကိုဆန့်ကျင်ပြီး ဆေးထိုးမပေးပါ။ မေ့ဆေး ပေးတာနဲ့ ခွဲစိတ်စရာကို လက်မှတ်ထိုးပါမှသာ လုပ်ကြရပါတယ်။ သလိပ်ထဲ ပိုးတွေ့တဲ့တီဘီဆိုရင် ဆေးကုလာအောင် စည်းရုံးရတယ်။ အဲတာလည်း ဆေးမကုတာကို ဆရာဝန်ကတရားစွဲလို့မရပါ။ HIV လည်းအဲလိုပါပဲ။

မေးခွန်းရဲ့ ဒုတိယအပိုင်းကိုဖြေရရင် ရောဂါပျောက်ရေးရော စိတ်သက်ရာရရေးပါ လူနာ့သဘောအတိုင်းသာဖြစ်ပါတယ်။

တိုးတက်တဲ့နိုင်ငံတွေမှာ လူနာရဲ့ ကိုယ်ရေးအချက်အလက်တွေကို တနေရာနဲ့တနေရာ ဥပမာ ကျန်းမာရေးအာမခံဌာန၊ လူမှုဖူလုံရေှးဌာနဆီကို မျှဝေခွင့်ကအစ လူနာဆီက လက်မှတ်ထိုးသဘောတူညီချက်ယူရပါတယ်။ ကုန်ကုန်ပြောရရင် ဝေဒနာတွေကို မခံနိုင်လို့ သေချင်ပါပြီဆိုတဲ့လူနာကို ဆရာဝန်က သေဆေးထိုးပေးလို့မရပါ။ ယူအက်စ်မှာ မထိုးမနေရ ကာကွယ်ဆေးကို သတ်မှတ်ချက်မှာ အကြုံးဝင်သူတိုင်းထိုးကြရတယ်။ အပြည့်မထိုးတဲ့ ဒုက္ခသည်တွေ (ဂရင်းကပ်) လျှောက်တဲ့အခါ မရနိုင်ပါ။

မြန်မာပြည်ကလူနာတွေမှာ ကာကွယ်ဆေးထိုးတာ၊ ဆေးကုသတာမှာ ရွေးချယ်ခွင့်နဲ့ ငြင်းပယ်ခွင့် အပြည်အဝ ကျင့်သုံး နေကြပါတယ်။ ဘယ်အရာမဆို အဆိုးအကောင်းတွဲနေတာပါ။ အဲလို ပေါ့လျော့ထားမှုတွေကြောင့် မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာ ကူးစက်ရောဂါတွေ ပိုများနေတဲ့အကြောင်းခံတချက်လို့လည်း ပြောနိုင်ပါတယ်။ စီးပွါးဥစ္စာဆင်းရဲလို့ တချက်တည်းကြောင့် မဟုတ်ပါ။ အသိတရားနဲ့ ဥပဒေမှာပါ အားနည်းသေးလို့ဖြစ်ပါတယ်။

ကျွန်တော့်ကိုမေးရင်တော့ ဆေးကျောင်းကသင်ပေးလိုက်တဲ့ပညာနဲ့သာ ကုသပါလို့ မဲဆွယ်မိမှာပါခင်ဗျား။ လူတိုင်းက မဲမပေးမယ်မှန်းလည်း သိပါတယ်။ ၁၉၉ဝ တုံးက မဲ ၆၁့၁၅% သာရခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ