Boxes အခိုးခံရသော ပုံးများ

၁။ လွှတ်တော်မဲပုံး၊
၂။ အလှူခံပုံး၊
၃။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမဲပုံး၊

သတင်းများ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ ခုကို ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက် မဲခွဲ ဆုံးဖြတ်ရာမှာ ပုဒ်မ ၅၉(စ) နဲ့ ပုဒ်မ ၄၃၆၊ နှစ်ခုစလုံးကို မပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ညောင်ဦးတွင် မတ်လ (၁၇) ရက် နံနက် (၁) နာရီအချိန်ခန့်က ထီးလိုမင်းလိုဘုရားရှိ အလှူခံပုံးများအား ဖွင့်ဖောက် အခိုးခံခဲ့ရ။

၂ဝဝ၇ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတုံးက ကော်မရှင်ကနေ ဘိုးဘိုးအောင်လုပ်လိုက်လို့ မဲရုံတခုမှာ ၁ဝ၂% တောင်မှ ထောက်ခံပါသတဲ့။ ၁၅-၁၁-၂ဝ၁ဝ နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁ဝ၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး