Wednesday, June 24, 2015

Pregnancy Wi-Fi router causes controversy in China

ကိုယ်ဝန်အတွက် ပိုစိတ်ချရတယ်ဆိုတဲ့ (ဝိုင်-ဖိုင် ရောက်ဒါ) သစ် တရုပ်ပြည်မှာ အငြင်းပွါးနေ

Qihoo 360 ကနေ ထုတ်လိုက်တဲ့ (ဝိုင်-ဖိုင် ရောက်ဒါ) သစ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက် ပိုပြီးစိတ်ချရတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်တွေဆီကို ဓါတ်ရောင်ခြည်သင့်တာ ၇ဝ% သက်သာတယ်လိုလည်း ထုတ်ပြန်ထားတယ်။
ဒါပေမယ့် Xiaomi ကနေပြန်ငြင်းတာက Qihoo ဈေးကွက်ကိုဆွဲဆောင်ဘို့အဲလိုပြောတာသာဖြစ်တယ် Wi-fi ဟာလည်း စိတ်ချရတယ်လို့ဆိုပါတယ်။

ဒီလိုငြင်းခုန်မှုကို Weibo ဆိုရှယ်မီဒီယာမှာလုပ်နေကြတာပါ။ သူတို့က အကြီးစားပြိုင်ဖက်တွေဖြစ်ပါတယ်။ Xiaomi ကနေလည်း အသစ်တခုထုတ်ထားသေးတယ်။ အဲဒီ ရောက်ဒါဟာ six terabytes storage ရှိတယ်၊ high-speed မြန်တယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင်စိတ်ချရမှုကိုထည့်ပြောထားတာမရှိပါ။

Low-level non-ionising kind အလွန်နည်းပါးနိမ့်ကျတဲ့ အိုင်ယွန်နိုက်ဖြစ်စဉ်ရှိတာမှန်ပေမယ့် Wi-Fi ကနေ လူတွေအပေါ် သက်ရောက်တဲ့ Electromagnetic signals အီလက်ထရောနစ် အချက်ပြတွေရဲ့ ကျန်းမာရေးကို အမြဲစောင့်ကြည့် နေပါတယ်။ ဒီအဆင့်က လူကိုအန္တရာယ်မပေးနိုင်ပါ။

အမေရိကမှာအခြေစိုက်တဲ့ BabySafe Wireless Project ကနေ Wireless radiation ဝိုင်ယာလက်စ်ရောင်ခြည်ဟာ ကိုယ်ဝန်ဆောင်နဲ့ မွေးစကလေးတွေတွေကို ဒုက္ခမပေးနိုင်လို့ဆိုပါတယ်။

ဒါပေမယ့် World Health Organization ကတော့ အထောက်အထားမခိုင်လုံသေးဘူးလို့ဆိုပါတယ်။ ကိုယ်ဝန်ပျက်စေတာ၊ ကလေးပုံမှန်မဟုတ်တာနဲ့ ကလေးအလေးချိန်နည်းတာတွေဖြစ်စေတဲ့ အထောက်အထားတော့ မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...