Move Vs Change ရွေ့တာတဲ့လား
Min Swe Hnit မုံရွာရောက် သင့်ဘဝ တင်မောင်သန်းနဲ့ စကားလက်ဆုံ
မြန်မာပြည်ကြီး အရွေ့(သို့) မြန်မာ့နိုင်ငံရေး အနီးကြည့် အဝေးကြည့်
ဦးချစ်ခင်၊ ဝင်းမောင် (သမိုင်း)၊ ရွှေတောင်တန်း၊ မုံရွာ။
ကျွန်တော်လည်းမုံရွာသား။ လူပါး (လူဝါး) ဝလိုက်အုံးမယ်။ လူရွယ်တွေ ပါးစပ်ဖျားကနေ အရွေ့ဆိုတဲ့စကားလုံးမပါရင် စာမဖတ်သူ အထင်ခံရမှာစိုးလို့လားမသိ၊ ပြောနေကြတယ်။ လူကြီးတွေက စပြောတာကိုး။
ကျွန်တ်ာက နိုင်ငံရေးသိပ္ပံဆိုတာ မသင်ခဲ့ရပါ။ ရူပဗေဒနဲ့ ဓါတုဗေဒတွေတော့ သင်ဘူးတယ်။ အမှတ်တခုကနေ တခြား အမှတ်တခုကို ရွေ့သွားတာကို ရူပဗေဒဝေါဟာရနဲ့ (အရွေ့) လို့ သတ်မှတ်ထားတယ်။ ၁၉၆ဝ ကျော်ကတည်းက သိပ္ပံဘာသာရပ်တွေကို စပြီးမြန်မာမှုပြုစဉ်ကတည်းက သုံးနေတာပါ။ ခေတ်စကားလို့ ထင်နေကြသလားမသိပါ။
ရူပဗေဒမှာ (မိုးရှင်း) ခေါ်တယ်။ (ချိန်း) မဟုတ်ပါ။ အမှတ်တခုကနေ နောက်အမှတ်တခုကို ရွေ့သွာတယ်။ (အရှိန်)၊ (လားရာ) နဲ့ (အချိန်) အပေါ်မှာမူတည်တယ်။ (ကိုယ်ထည်) နဲ့ (နေရာ) ပြောင်းတာကိုသိရမယ်။ အခုဟာက ကိုယ်ထည် အတူတူ နေရာပြောင်းတာသာ ဖြစ်တယ်။
ဓါတုဗေဒလိုပြောကြရင်လဲ ရုပ်ပြောင်းလဲခြင်း သဘောသာဖြစ်ပြီး ဓါတ်ပြောင်းတာမဟုတ်ပါ။
ကောလိပ်ရောက်တော့ သင်ခဲ့ရတဲ့ ဇီဝဗေဒအလိုအရလဲ သက်ရှိလောကကြီးဟာလဲ တည်မနေပါ။ အမြဲရွေ့နေတာပါ။ ပြောင်းနေတာပါ။ ဟောင်းလာ၊ သေသွားပြီး၊ အသစ်တွေဖြစ်လာနေတာပါ။ (ဘာသာရေးပြောနေတာ မဟုတ်ပါ။)
မြန်မာ့နိုင်ငံရေးကလဲ အဟောင်းနေရာမှာ အသစ်တွေဝင်လာနေတာ မရပ်မနားဖြစ်ပါတယ်။ သေတာတွေက သေကြပြီ။ အသစ်တွေပေါက်လာကြတယ်။
ဆေးပညာလည်းသင်ရတယ်။ မျိုးရိုးဗီဇဆိုတာ ပြောင်းမရပါ။ တမာမျိုးကနေ ခါးတဲ့အသစ်၊ ငရုပ်မျိုးကနေ စပ်တဲ့အသစ်သာ ဖြစ်လာနိုင်တာပါ။ ချိုတာလိုချင်ရင် တမာထပ်မစိုက်ပါနဲ့။ မြန်မာနိုင်ငံသားတွေ ခါးသီးတဲ့ဘဝတွေက လွတ်မြောက်ကြပါစေ။
ကျွန်တော်တော့ အကွေ့လိုသာမြင်တယ်။ အချိုးအကွေ့မှာ အဆိုးတွေမတွေ့အောင်လုပ်ကြရပါမယ်။
ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၅

Comments
Post a Comment