Xi Jinping meets with Aung San Suu Kyi in Beijing
ဇီ ဂျင်းပင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
တရုပ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး (ဇီ ဂျင်းပင်) နဲ့ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဘေဂျင်းမြို့တော်မှာ ကြာသပတေးနေ့လည်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုအတွင်းမှာ (ဇီ ဂျင်းပင်) က နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှု ဆက်လက်ရေးနဲ့ မိတ်ဖက်ဖြစ်မှုကို လေးစာသမှုပြုဘို့ အဆိုပြုလိုက်ပါတယ်။ ပြည်တွင်းရေး အပြောင်းအလဲတွေရှိစေကာမူ နှစ်နိုင်ငံ မဟာဗျူဟာကျပြီး ရေရှည်ဖွံ့ဖြိုးရေးအတွက် တရုပ်ပြည်အနေနဲ့ ကြည့်မြင်တယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။
(စီပီစီ) နဲ့ (အင်နယ်လ်ဒီ) တို့အကြား ဆက်ဆံရေး လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ (စီပီစီ) အပေါ် ပိုမိုနားလည်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ နှစ်နိုင်ငံပြည်သူတွေကြား ပူးပေါင်းရွက်ဆောင်ရေး တိုးပွါးစေမယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ပါတီက တိုင်းပြည်နှစ်ခုကြား မိတ်ဖြစ်မှုကို တန်ဘိုးထားကြောင်းနဲ့ တရုပ်ပြည်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ချီးမွမ်းကြောင်းနဲ့ သူ့အနေနဲ့ ခရီးစဉ်ကနေ ပါတီချင်းဆက်ဆံရေး လေးနက်စေမယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၆-၂ဝ၁၅
https://www.facebook.com/cctvnewschina/videos/986138104760343/?fref=nf

Comments
Post a Comment