Happy birthday

ဒီလထဲမှာ မွေးနေ့ကျသူတွေ တန်းစီနေတယ်။ အမျိုးထဲကရော၊ အသိမိတ်ဆွေတွေရာ၊ ဒေါ်စုလည်းပါတာပေါ့။

နက်ဖြန်မှာကျမယ့် မိတ်ဆွေဆီကို ကနေ့တည်းက ဆုတောင်းစကားပါးလို့ရလာတယ်။ ပြောပြောနေကြတဲ့ အပြောင်းအလဲ ဆိုတာ အရင်ကထက်ပါ မြန်လာသကိုး။ အမေဆုံးတုံးက (၄) လနေမှသာသိခွင့်ရနိုင်ခဲ့တယ်။ ဒိနောက် အဖေဆုံးတော့ ညတွင်းချင်း သိနိုင်လာတယ်။

ညီအရင်းဆီကို သူ့မွေးနေ့တုံးက ည (၁၂) နာရီထိုးတာနဲ့ ရေးလိုက်တယ်။ တို့တိုင်းပြည်ရဲ့ အပြောင်းအလဲဆိုတာ မင့်မွေးနေ့မှာ ဟက်ပီးဘာ့သ်ဒေး လှမ်းလုပ်နိုင်တာထူးခြားတယ်ကွ။ ဗမာပြည်ကြီးကတော့ ဟက်ပီးမဖြစ်သေးပါဘူးကွာလို့။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး