Sayar အတတ်လည်းသင် ဆရာဝန်

Noe Lay ဆရာသာ မြန်မာပြည်မှာရှိနေရင် ဆရာ့ဆီမှာအလုပ်လုပ်ကြည့်ချင်တယ်။ မကုန်နိုင်တဲ့ အသိပညာဗဟုသုတတွေ ရမယ်လို့ ယုံကြည်တယ်။

ကျွန်တော်က တိုင်းပြည်အပြင်မှာနေရင်းနဲ့ အခြေခံတောင်မှမရှိခဲ့သူတွေကို အများဆုံးသင်ပေးရပါတယ်။ စုစုပေါင်းလိုက်ရင် ၈၄ ယောက် စာရင်းလုပ်ထားတယ်။ တချို့လည်း ခဏသာလာနိုင်တယ်။ တချို့ကဇွဲကောင်းတယ်။ လိုချင်သူတွေက တတ်သွားကြတယ်။ တချို့က ခွဲစိတ်တာမှာ ကူနိုင်ကြတယ်။ မွေးလမ်းချဲ့တာနဲ့ ပြန်ချုပ်တာအထိ တတ်သွားသူတွေလည်း ရှိတယ်။ ညှပ်ဆွဲမွေးပေးတာလည်း တယောက်နှစ်ယောက်ကို သင်ပေးခဲ့သေးတယ်။ တချို့ကို သွားနှုတ်တာပါ သင်ပေးခဲ့သေးတယ်။

သူတို့ကို အတတ်ပညာသာပေးနိုင်တယ်။ ဘာဘွဲ့၊ ဘာဒီပလိုမာမှမပေးနိုင်ခဲ့ပါ။ တယောက်ကတော့ တခြားနိုင်ငံတခုကို ရောက်ပြီး သူနာပြုဒီဂရီတောင်ရသွားပြီ။ သူဆိုရင် ကလေး ၂ ယောက်အမေဖြစ်မှ ဆေးခန်းကိုလာကူတာ။ ဇွဲရော ဉာဏ်ပါ ကောင်းတာကိုး။

စာသင်ချိန်ဆိုတာကလည်း မွေးလူနာစောင့်ကြရင်းနဲ့ သင်ရတာ။ ဘာသာစကားကလည်း ကြားမှာကွာဟလို့ စာသင်ရတာ လက်ဝင်တယ်။ ပျော်စရာပါပဲ။ ဗမာစကားနည်းနည်းမှမတတ်သူက ၂ ယောက်ပါသေးတယ်။ ခပ်ငယ်ငယ်လေး တယောက်ရောက်ကာစမှာ ဆီးစစ်နည်းကို သူ့အရင်ရောက်တဲ့ဆရာမကို သင်ပေးခိုင်းတယ်။ ပြီးမှ ကျွန်တော်က ပြန်မေးရင်း ဖြည့်သင့်တယ်။ ဆီးကိုဘယ်လောက်ထည့်၊ ဆေးရည်ကိုဘယ်လောက်ထည့်။ အေ့း့ အခုစစ်တာဘာလည်း။ Urine sugar လို့ဖြေစေချင်တာ။ ဆရာမလေးက (သေး) တဲ့။

ဆရာ သူတို့ကိုထားခဲ့ရပြီးထွက်ခဲ့တော့ သူတို့တတွေက ကလေးမွေးပေးနိုင်ကြတာကို အတော်ကျေနပ်နေမိတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၃
ဓါတ်ပုံ = ၁၄-၅-၂ဝ၁၃ ယမုန်နာဆေးခန်းအဖွဲ့ (အမျိုးသားတယောက်က အမေရိကန်ဆေးကျောင်းသား ဆေးခန်းမှာ ၆ လကြာလာကူခဲ့သူ Nick နဲ့ ကျန်တယောက်က ဆေးမှူး)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး