Wednesday, April 25, 2018

သံသရာမှာ ပါမသွားစေချင်ပါ

ရန်​ကုန်​မှာရှိသူအားလုံး...
ဗိုလ်​တစ်​​ထောင်​​စေတီဘက်​စုံပြုပြင်
နေတယ်​။
သံသရာမှာ ပါမသွားစေချင်ပါ

ရေးထားတာ ၃ ရက်သာရှိသေးတယ်။ ထပ်တွေ့တယ်။

ရန်ကုန်မှာရှိသူအားလုံး ဗိုလ်တစ်ထောင်စေတီဘက်စုံပြုပြင်နေတယ်တဲ့။

အရင်တယောက်ကလည်း ပြန်လည်မျှဝေပေးနော်.. ဗိုလ်တစ်ထောင် ဆံတော်ရှင်.. တဲ့။

ကျွန်တော်သိသလောက် ဗိုလ်တထောင်ဘုရားသာရှိတယ်။ ဗိုလ်တစ်ထောင်ဆိုတာ အသစ်တည်လိုက်တားလားတော့ မသိ။ ကျွန်တော်က မြန်မာပြည်မရောက်တာ ၂၈ နှစ်ဆိုတော့ မသိပါ။ ဆောရီး။

တနေ့ကလည်း ဗောဓိတစ်ထောင်ဆိုပြီး ဘုရားဘွဲ့အမည်တော်ကို ပေါ်လစီသတ်ပုံပြောင်းရေးတာကို ဗောဓိတထောင် အမှန်သတ်ပုံကို ဓါတ်ပုံရိုက်ပြီး ရေးလိုက်ရသေးတယ်။ ဗိုလ်တထောင်ဘုရားရော သတင်းစာပါ အမိန့်ရသတ်ပုံတွေ ပြောင်းမထားကြောင်းပါ။

သတ်ပုံအမှားတွေကို သံသရာမှာ သယ်မသွားစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၈
၂၅-၄-၂ဝ၁၈

Centrum အားဆေး

ရန်ကုန်လေဆိပ်မှာ Centrum အားဆေးပါလာရင် စစ်တာ သိမ်းတာတွေလုပ်နေတယ်လို့ သတင်းကြားရတယ်။ ဟုတ် မဟုတ် သေချာ မသိပါ။ ယူအက်စ်အေမှာတော့ အားဆေးဆိုတာထဲမှာ ရောင်းအားအများဆုံးဆေးဖြစ်ပါတယ်။

၂ဝ၁၆ နိုဝင်္ဘာလထဲမှာ အဆိပ်ဓာတ်နှင့် ဆိုးဆေးအရောင်အတုများပါဝင်နေသော Centrum အားဆေးလို့ ခေါင်းစဉ် တပ်ထားတဲ့ စာတပုဒ်ကို တယောက်ကနေပို့ပေးလို့ ဖတ်ရပါတယ်။ အမေရိကန်မှာ ရောင်းအားအကောင်းဆုံး နာမည်ကြီးတံဆိပ်အားဆေး Centrum အားမရှိစေတဲ့အပြင် လူကို အန္တရာယ်တောင်ဖြစ်စေနိုင်လို့လည်းပါတယ်။ စာကို တော်တော်ရှည်ရှည်ရေးထားပေမဲ့ အချုပ်ကို ထုတ်ယူတော့ -

(စ) မလိုအပ်ပဲ သတ်မှတ်ထားတဲ့ ပမာဏထက် ကာရိုတင်းကိုပိုစားမိရင် အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို ၂၀% မြင့်တက်လာစေတာတွေ့ရတယ်။ ဗီတာမင်အီး လိုတာထက် ပိုစားသုံးရင်၊ ပရိုစတိတ်ဆီးကျိတ်ကင်ဆာ ၁၇% အထိ မြင့်တက်လာစေတယ်။ ဖောလစ်အက်စစ်နဲ့ ဗီတာမင်တွေကို ပမာဏထက်ပိုသောက်ခဲ့ရင်၊ အဲဒီအူကင်ဆာ ဖြစ်နိုင်ခြေတောင် ပိုမြင့်တက်လာစေနိုင်ပါတယ်။ ကျန်တာတွေမှာတော့ သဘာဝနည်းနဲ့ ဗီတာမင်ရယူနည်း၊ ဖြည့်စွက် ဗီတာမင်အားဆေးတွေဖြတ်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။ (ဆုံး)

အဲတာနဲ့ ဝဘ်ဆိုက်တွေကို လိုက်ဖတ်ရပါတယ်။ အကိုးအကား ၂ ခုကိုသုံးပြီး ကျွန်တော့်အယူအဆကို တင်ပြပါရစေ။

၃-၁-၂ဝ၁၄ နေ့စွဲနဲ့ Centrum ဆင်ထရမ်က ဗီတာမင်တွေက စိတ်ချရသလားဆိုတာအရင်ဖတ်ပါတယ်။ လူတွေ အဲလို ဆင်ထရမ်ကထုတ်တဲ့ ဗီတာမင်တွေထဲမှာ တခြားဟာတွေပါနေလို့ တချို့လူတွေအတွက် စိတ်ချရသလားဆန်းစစ်တယ်။ တခုကတော့ ခဲဓာတ်ဖြစ်ပါတယ်။ အဲတာကြောင့် FDA ကနေ ခဲဓာတ်ပါဝင်မှုကို လေ့လာတော့ လူတွေအတွက် အန္တရာယ်ပေးနိုင်ချေအောက်မှာရှိတယ်လို့ ဆုံးဖြတ်ပါတယ်။ အလာဂျီရစေတာများတဲ့ Shellfish ငါးလည်း မပါဝင်လို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသင့်ပါလို့ Centrum ဝဘ်ဆိုက်မှာရေးထားပြီးဖြစ်တယ်။ ဗီတာမင်အေ 800 micrograms ပါနေတာဟာ စိတ်ချရတယ်။ များရင်သာ အထဲကကလေးအတွက် မကောင်းပါ။ ဆရာဝန်အညွှန်း ဆေးပုလင်းအညွှန်းထက် မကျော်ရင် စိုးရိမ်စရာမရှိပါ။

နောက်သတိပေးစာတပုဒ်ကတော့ Centrum နောက်ကွယ်က အမှန်တရားလို့ခေါင်းစဉ်ပေးထာတယ်။ ရက်စွဲမတွေ့ပါ။
ကနေ့ လူတွေစားသောက်နေတာထဲမှာ အာဟာရဓါတ် မှန်ကန်အောင် ပါမနေပါ။ အမေရိကန် ၇ဝ% ဟာ ဆေးတွေကို မှီဝဲနေကြတယ်။ အဲတာက ပြဿနာဖြစ်တယ်။ Centrum ဆေးတွေကို Pfizer ကနေထုတ်တယ်။ Pfizer က အမေရိကန် ဆေးဈေးကွက်ရဲ့ ၇ဝ% ကိုကြီးစိုးထားတယ်။ ၂ဝ၁၅ ခုနှစ်ထဲမှာ အမြတ်ငွေ ၄၈ ဘီလီယန်ရရှိခဲ့တယ်။

Centrum ရဲ့ အချက်အလက်မှန်များ
၁။ ဆေးထုတ်လုပ်သူ စိတ်ချရတယ်။
၂။ ဆေးညွှန်းအတိုင်သာသောက်ရမယ်။ ဆရာဝန်ညွှန်တာထက် နည်းတယ်။
၃။ အာဟာရဓါတ်တန်ဖိုး ဈေးအချိုဆုံးဖြစ်တယ်။ စုပ်ယူနိုင်စွမ်းနည်းတယ်။
၎။ ဆေးမဟုတ်တာတွေပါတယ်။ ဓါတုဆေးအမည်တွေ မထည့်တော့ပါ။
၅။ တနေ့ တလုံးတည်းသာဆိုတာ အကွက်ချလုပ်တာဖြစ်တယ်။ ရေထဲမှာပျော်ဝင်ကြတဲ့ ဗီတာမင် ဘီ နဲ့ စီတွေဟာ ကိုယ်ထဲရောက်တာနဲ့ ၄ နာရီသာခံတယ်။ တရက်တလုံးဆိုတာ မမှန်ပါ။ တနေ့ ၂-၃ ကြိမ်လိုတဲ့ဓါတ်ဖြစ်တယ်။

ဆေးထဲမှာပါတာတွေကတော့ -
၁။ Calcium Carbonate ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။
၂။ Magnesium Oxide ဟာ စုပ်ယူမှုအနည်းဆုံးဖြစ်တယ်။ ဆေးထဲက နည်းနည်းသာသွေးထဲရောက်မယ်။ ဈေးအချိုဆုံးဖြစ်တယ်။
၃။ Ferrous Fumarate ကနေ ဝမ်းချုပ်စေနိုင်တယ်။
၎။ Vitamin E (DL-Alpha Tocopherol) ဈေးကြီးတာနဲ့ ဈေးချိုတာရောထားတယ်။
၅။ B vitamins ပါဝင်တာ အလွန်နည်းတယ်။

မြန်မာလိုသတိပေးစာမှာရေးထားသလောက် စိုးရိမ်စရာမရှိပါ။ ဆေးထက် အစားအသောက်ကနေရတဲ့ ဗီတာမင်တွေကို ပိုပြီး ဖြစ်နိုင်ရင်လုံးလုံး အားကိုးသင့်ပါတယ်။ အစာအာဟာရချို့တဲ့နေသူတွေ၊ တချို့ကိုယ်ဝန်ဆောင်တွေ၊ အရက်သောက်သူတွေ၊ အစာလမ်းရောဂါရှိသူတွေ၊ တမင်တကာ အစာရှောင်သူတွေ၊ အစာရှောင်ဘို့ ဆရာဝန်က ညွှန်ထားသူတွေ ဗီတာမင်ဖြည့်စွက်ဘို့ လိုကြတယ်။ ဒါပေမဲ့ တယောက်လိုတာနဲ့ တယောက်လိုတာ အမျိုးအစားရော ပမာဏပါ မတူကြပါ။ ဈေးကြီးရင် ဆေးပိုကောင်းမယ်ဆိုတာတော့ ငြင်းမရပါ။ ဒါပေမဲ့ ဆေးဝယ်ရင် ဆေးပုလင်းပါစာကို တန်းမယုံပါနဲ့။

1. Centrum အားဆေး https://doctortintswe.blogspot.com/2016/11/centrum.html
2. Liver Tonics အသည်းအားဆေး https://doctortintswe.blogspot.com/2017/09/liver-tonics.html
3. Tonics အားဆေး http://doctortintswe.blogspot.com/2014/11/tonics.html
4. Vitamin A ဗီတာမင် (အေ) http://doctortintswe.blogspot.com/2015/04/vitamin.html
5. Vitamin B complex ဗီတာမင် (ဘီ) အုပ်စု http://doctortintswe.blogspot.com/2014/11/vitamin-b-complex.html
6. Vitamin B12 and Iron supplement ဘီ-၁၂ နှင့် သံဓါတ်လိုအပ်ချက် http://doctortintswe.blogspot.com/2014/11/vitamin-b12-and-iron-supplement.html
7. Vitamin C ဗီတာမင် (စီ) http://doctortintswe.blogspot.com/2015/04/vitamin-c.html
8. Vitamin D ဗီတာမင် (ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html
9. Vitamin E ညိုချောလေးတွေ http://doctortintswe.blogspot.com/2014/11/vitamin-e.html
10. Vitamin K ဗီတာမင် (ကေ) http://doctortintswe.blogspot.com/2014/11/vitamin-k.html
11. Vitamin Supplements and Children ကလေးအားဆေး https://doctortintswe.blogspot.com/2016/02/vitamin-supplements-and-children.html
12. Vitamins and memory ဗီတာမင်တွေက မှတ်ဥာဏ်တိုးစေနိုင်သလား http://doctortintswe.blogspot.com/2015/03/vitamins-and-memory.html

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၆
၂၅-၄-၂ဝ၁၈

Mbps မြန်နှုန်း နှေးတဲ့အရပ်ဆီသို့

ကျွန်တော့်အချိန် ကနေ့ညပိုင်းကစပြီး မေးတာတွေကို အခုလိုဖြေနိုင်ပါတော့မလား မသိပါ။ ရက်တွေနည်းနည်း ကြာနိုင်တယ်။ အင်တာနက်နဲ့ ဝိုင်ဖိုင်အခက်အခဲရှိတဲ့နေရာကို သွားစရာရှိလို့။ အဖြေမလာရင် တခြားဆရာဝန်တွေကိုသာ မေးကြစေလိုပါတယ်။ ဆောရီး။

ကမ္ဘာပေါ်မှာ တနေရာနဲ့တနေရာ ကွာခြားချက်တွေက အမျိုးမျိုး။ အဲတာတွေကလည်း ပြောင်းလဲနေတယ်။ အခုဆိုရင် အင်တာနက်ရှိတဲ့နေရာတွေနဲ့ မရှိတဲ့နေရာတွေဆိုပြီး ကွာခြားသွားပြီ။ ရှိပြန်ရင်လည်း မြန်တဲ့နေရာနဲ့ နှေးတဲ့နေရာက ကွာသေးတာ။

အင်တာနက်မြန်နှုန်း ပျမ်းမျှ 7.2 Mbps သုံးနေကြတယ်။ ၂ဝ၁၆ ကထက် ၁၅% ပိုမြန်လာတာဖြစ်တယ်။ ၇-၆-၂ဝ၁၇ နေ့က သတင်းအရ ယူအက်စ်အေက 10.7 Mbps သာမြန်လို့ ထိပ်ဆုံး ၂၅ နိုင်ငံထဲမှာတောင် မပါ။ မြန်နှုန်းအများဆုံး ၁ဝ နိုင်ငံထဲမှာ ထိပ်ဆုံးက တောင်ကိုရီးယား။ နံပတ် ၂ နော်ဝေ၊ ၃ ဆွီဒင်၊ ၄ ဟောင်ကောင်၊ ၅ ဆွစ်ဇာလန်၊ ၆ ဖင်လန်၊ ၇ စင်္ကာပူ၊ ၈ ဂျပန်နဲ့ ၉ ဒိန်းမတ်နိုင်ငံ။

ကမ္ဘာမှာ ယူအက်စ်အေက Wireline internet speeds မှာ နံပတ် (၁ဝ) နေရာနဲ့ Mobile internet speeds မှာ နံပတ် (၂၈) မှာသာ ရှိတယ်။ နောက်သတင်းတခုအရ အင်တာနက် အမြန်ဆုံးသုံးနိုင်တာ ယူကေနိုင်ငံလို့ ဆိုပါတယ်။ နောက် ရီပို့တ်တခု အဆိုအရ ယူအက်စ်အေထဲမှာ ဒစ်စရိတ်-ကိုလမ်ဘီယာဒေသက 28.1 megabits နဲ့အမြန်ဆုံး။ အဲဒီမှာ သမတရုံး၊ စစ်ဌာနချုပ် စတာတွေရှိတယ်။ သတင်းတခုအရ ယူအက်စ်အေမှာ မြန်နှုန်း အဆ (၅ဝ) တိုးပါမယ်တဲ့။

မေးတာတွေ အဖြေမလာရင် တခြားပုဂ္ဂိုလ်တွေကိုသာ မေးကြစေလိုပါတယ်။ ဆောရီး။ လူ့အလို အင်တာနက်မလိုက်နိုင်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၈

Vitamin A ဗီတာမင်အေ နဲ့ ကြက်အရေပြား

၁။ ဆရာရှင့် ကျွန်မ သမီးလေးက အသက် ၂နှစ် ၄လပါ ရန်ကုန်မှာနေပါတယ်။ ကြာဆူးလေးတွေ ခြေသလုံးမှာ ထွက်ပြီး အရေပြား ကြမ်းကြမ်းလေးဖြစ်နေပါတယ်။ ပုံလေးတွဲပို့ပေးထားပါတယ် တနေ့ကို baby lotion ၂ကြိမ် လူးပေးပါတယ်။ သနပ်ခါးလည်း လူးပါတယ်။ အသားအရေခြောက်တဲ့ အမျိုးအစားပါ။ ခု ဂျိုင်းမှာ ထပ်ထွက်လာပါတယ်။ ပျောက်ကင်း နိုင်ပါ့ မလားရှင်။

၂။ ဆရာရှင့် ကျမက အသက် ၄၃ နှစ်ပါ။ ငယ်ငယ်ကတည်းက ကြာဆူးလို အဖုလေးတွေပေါက်လို့ ဆရာ့ကို မေးထားပါတယ်။ ကြာဆူးသေချာရင် ဗီတာမင်အေလိုမယ်လို့ ပြောထားပါတယ်။ ကြာဆူးသေချာအောင် ဘယ်လို စစ်ရမလဲဆရာ။ ညှစ်ရင်တော့ အဖုလေးတွေထွက်ပါတယ်။ ဗီတာမင်အေက ရန်ကုန်မှာ ဝယ်လို့မရဘူးဆရာ။ A ပါတဲ့ ဆေးဝယ်ထားထာ သောက်လို့ရမရစစ်ပေးပါဆရာ။

၃။ ဆရာရှင့် အခုပုံပါဆေးကို အမတယောက်သောက်တာ ခြောက်လအကြာမှာ မျက်မှန်ပါဝါနှစ်ရာကျော်ကနေ မျက်မှန်မလိုတော့ပဲ ဖြစ်သွားပါတယ်။ အခု သမီးတို့က ကွန်ပျူတာအမြဲကြည့်ရတဲ့သူတွေပါ ညဘက်ဆို မျက်လုံးတွေ အရမ်းပင်ပန်းနေပါတယ်။ အဲ့ဒီဆေးသောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး ရှိမရှိ သိပါရစေရှင့်။ ဆရာဝန်ညွှန်ကြားမှုမရှိပဲ သောက်သုံးလို့ ရနိုင်ပါသလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၎။ ဆရာရှင့် Vitamin A 2100 IU ပါဝင်တဲ့ Calcivita ဆေးကို ကိုယ်ဝန်ဆောင်သောက်သင့်ပါသလား။ ကြွက်မတက်အောင် သောက်ဖို့ OG ကပြောထားလို့ပါရှင့်။ ကိုယ်ဝန်ဆောင်က Vitamin A များတာနဲ့ မသင့်တော်ဘူးလို့ ဖတ်ဖူးလို့ပါရှင့်။

၅။ ဆရာရှင့် ကျွန်မက အသက် ၂၄၊ သားဦးကိုယ်ဝန်လွယ်ထားတာ ၃၅ ပတ်ရှိပါပြီ။မေးချင်တာကတော့ အပျိုတုန်းက တင်ပါးနောက်နဲ့ပေါင်ရင်းမှာ ကြာဆူး လိုဖုသေးသေးလေးတွေအနည်းငယ်ရှိပါတယ်။ အခုကိုယ်ဝန်ရမှာပိုများလာပါတယ်။ အဲ့ဒါဘာဓာတ်ချို့ချွင်းလို့လဲဆရာရှင့်။ ဘာဆေးလိမ်းပြီး ဘာဆေးသောက်လို့ရနိုင်မလဲဆရာ။

ဗီတာမင်အေနည်းတာ အစာအာဟာရချို့တဲ့သူ၊ အစောရှောင်လွန်းသူ၊ အသည်းခြောက်သူ၊ အရက်သောက်များသူတွေမှာ ဖြစ်နိုင်တယ်။

ဗီတာမင်အေနည်းနေရင် Nyctalopia အလင်းရောင်နည်းရင် မျက်စိကနေ အဆင်ပြေအောင်လုပ်နိုင်တာ နှေးတယ်။ ကြက်မျက်သင့်တယ်လို့ ခေါ်တယ်။ Keratomalacia မျက်စိရောဂါ၊ Xerophthalmia မျက်စိခြောက်ရောဂါ၊ မျက်ကြည်လွာ ပေါက်ခြင်းတွေဖြစ်စေနိုင်တယ်။ မျက်မှန်တပ်ရတာကိုတော့ အပြောင်းအလဲ ရှိစေမှာမဟုတ်ပါ။ လူကြီး = 15,000-500,000 နေ့စဉ်။ ကလေး = 20,000 IU/Kg ပေးတယ်။

ကြာဆူးခေါ် တံတောင်ဆစ်နဲ့ ဒူးနားမှာ အရေပြားကြမ်းပြီး ဆူးလိုလိုဖြစ်တာအတွက် ဗီတာမင် (အေ) လိုတယ်။
Vitamin A 100,000 IU နေ့စဉ် ၃ ရက်သောက်ပါ။ နောက် 50,000 IU ၂ ပတ်သောက်ပါ။ နောက် 10,000-20,000 IU ၂ လသောက်ပါ။ ဗီတာမင် (အေ) ဟာ ငါးကြီးဆီ၊ အသည်း၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာပါတယ်။

Chicken skin ကြက်ရေအရေပြားလို့ခေါ်တာရှိတယ်။ လက်မောင်းနောက်ဖက်နဲ့ နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်တယ်။ သေးသေးလေးတွေ၊ နည်းနည်းလေးအထက်ကြွနေမယ်။ Follicular hyperkeratosis မွှေးညှင်းပေါက်လေးတွေပိတ်တာ ဖြစ်နိုင်တယ်။ ဗီတာမင်အေ၊ ဘိုင်အိုတင်၊ သွပ်ဓါတ်နဲ့ အိုမီဂါသရီး ဓါတ်တွေနည်းလို့ ဖြစ်မယ်။

အဲတာတွေအပြင် အရေပြားခြောက်မယ်။ ဆံပင်ခြောက်မယ်။ ယားယံမယ်။ လက်ည်းခြေသည်း မာကြောမယ်။  ခုခံအား ကောင်းဘို့၊ ဆဲလ်တွေ အသစ်ဖြစ်စေဘို့လည်း အားပေးတယ်။ ဗီတာမင်အေ အမျိုးအစား (၃) မျိုးရှိတယ်။ Retinol, beta Carotenoids နဲ့ Carotenoids တွေဖြစ်တယ်။

ဗီတာမင်အေ သတိထားစရာတွေ
ကိုယ်ဝန်ဆောင်မှာ ဗီတာမင် (အေ) များနေရင် ကလေးအင်္ဂါချို့ယွင်းတာဖြစ်နိုင်တယ်။ မိခင်ကိုလဲ သွေးတိုး တက်စေတယ်။ ဗီတာမင် (အေ) 25,000 IU/kg ဆိုရင် အဆိပ်သဘောဖြစ်တယ်။ ငါးကြီးဆီထဲမှာ (အိုမီဂါ-သရီး) နဲ့အတူ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။ စားသောက်တာထဲမှာလဲ ဒီဓါတ်တွေပါနေတာမို့ များသွားရင်သာ သွေးခဲစနစ်ကို သက်ရောက်လို့ သွေးယိုနိုင်တယ်။ ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီဆေးသောက်နေရင် ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲ နေရမယ်။ ကယ်လိုရီအများကြီးရစေတယ်။ ငါးကြီးဆီလက်ဖက်ရည်ဇွန်း တဇွန်း (13.6 g) ထဲမှာ ငါးကြီးဆီ တနေ့တာ စားသုံးသင့်တဲ့ ဗီတာမင် (အေ) ထက် 136% ပါနေတယ်။ ပိုတဲ့ ဗီတာမင် (အေ) တွေက အသည်းမှာလာပြီး စုထားတယ်။ အဆင့်တခုရောက်လာရင် Hypervitaminosis A ဗီတာမင် (အေ) လွန်ကဲခြင်းရောဂါ ရလာမယ်။ ကီလို ၅ဝ ရှိသူ တယောက်ဟာ 1.25 kg စားသောက်ရင် အဆိပ်ဖြစ်တယ်။ ယောက်ျားတွေမှာ (အိုမီဂါ သရီး) လိုတာထက် ပိုစားသူတွေမှာ ဆီးအကျိတ်ကင်ဆာ ပိုဖြစ်တာတွေ့ရတယ်။ ၂၅ နှစ်အရွယ် အတွက် တနေ့မှာ ဗီတာမင် (အေ) အများဆုံး 3,000 micrograms/day = 10,000 IU ဖြစ်တယ်။ များရင် ပျို့-အန်ချင်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိ ကြည့်မကောင်း၊ ရာသီဆင်းမမှန်ဖြစ်မယ်။ ငါးတွေမှာသာမက အကောင်တွေရဲ့ အသည်းမှာလဲ ဒီဓါတ်ပါတယ်။ ဝင်ရိုးစွန်းနေ အကောင်တွေမှာ ပိုများတယ်။ (ပိုလာ) ဝက်ဝံအသည်း 30 - 90 grams စားလိုက်ရင် လူသေနိုင်တယ်။ စွပ်ဖါးဆွဲခွေးလဲ ရောဂါရမယ်။ ဗီတာမင် (အေ) များလွန်းရင် Osteoporosis အရိုးအားနည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ ဗီတာမင် (အေ) 5,000 IU ထက်မပိုရပါ။ မွေးလာတဲ့ကလေးတွေမှာ (အေ) နည်းနေရင်လဲ မကောင်းပြန်ပါ။ မွေးပြီး ၂ ရက်အတွင်း 50,000 IU (15 mg) ပေးရင် မွေးစကလေးသေနှုန်း သိသိသာသာနည်းတယ်။

Vitamin B 1 (Thiamine) ဗီတာမင်ဘီဝမ်းကို ထုံနာ-ကျင်နာ၊ အာရုံကြောကောင်းစေဘို့ပေးပါတယ်။ အရက်နာကိုလည်း ပေးရတယ်။ ထုံနာကျင်နာ၊ အာရုံကြောအလုပ်ကောင်းစေဘို့ပေးတယ်။ ဗီတာမင်ဘီဝမ်းကို နည်းလွန်းရင်(ဗယ်ရီဗယ်ရီ) ရောဂါရစေတယ်။ အားယုတ်မယ်။ အစားမစားချင်ဖြစ်မယ်။ အသားမျိုးစုံ၊ (ရိစ်)၊ ဥ၊ အသည်း၊ အစေ့အဆံ၊ အသားတို့မှာ ပါတယ်။

Vitamin B 12 (Cobalamin) ဗီတာမင်ဘီ-၁၂ ကို ခန္ဓာကိုယ်ကြီးထွားစေရန်၊ ဆဲလ်တည်ဆောက်ရန်၊ ခန္ဓာကိုယ် ကြီးထွားရန်၊ သွေး-အာရုံကြောတွေ အလုပ်ကောင်းစေဘို့ပေးတယ်။ အသည်း၊ အသား၊ နို့ထွက်အစာ၊ ငါးတွေမှာပါတယ်။ ချို့တဲ့ရင် Pernicious Anaemia သွေးအားနည်းရောဂါ ရစေသည်။

Vitamin B 2 (Riboflavin) ဗီတာမင်ဘီ-၂ ကို အသည်း၊ နို့ထွက်အစာ၊ အသီးအရွက်၊ ဥ၊ ဆန်၊ ဂျုံ၊ (ရိစ်) တို့မှာပါတယ်။ ချို့တဲ့ရင် ကျီးကန်းပါးစပ်နာဖြစ်စေသည်။

Vitamin B 6 (Pyridoxine) ဗီတာမင်ဘီ-၆ ကို တချို့ဆေးတွေကြောင့် ဒီဓါတ်နည်းရခြင်းအတွက်ပေးတယ်။ ဥပမာ တီဘီဆေး၊ သွေးအားနည်းရောဂါတမျိုး၊ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါတဲ့ ဆေးများ။

Vitamin B 9 (Folic Acid) ဖေါလစ်အက်စစ် သွေးနီဥ သန်စွမ်းစေဘို့ပေးတယ်။ ကိုယ်ဝန်ဆောင်မှာ မလွဲမသွေပေးရမယ်။

Vitamin B Complex ဗီတာမင် ဘီအုပ်စု၊ ပုံမှန်ဇီဝဖြစ်စဉ်တွေ လုပ်နိုင်စေဘို့အားပေးတယ်။ အရက်သောက်သူ၊ ကိုယ်ဝန်ရှိသူ၊ မီးလောင်နာကြီးသူ၊ ခွဲစိတ်ထားသူများပေးဘို့ပေးတယ်။

Vitamin C (Ascorbic Acid) ဗီတာမင်စီကို အနာကျက်စေရန်၊ နာတာရှည်ရောဂါ၊ အရိုး၊ သွား၊ သွားဖုံး၊ အရွတ်၊ သွေးကြောတွေ ကောင်းစေဘို့ပေးတယ်။ ခုခံအားအတွက်အသုံးကျတယ်။ ချို့တဲ့ရင် (စကာဗီ) ရောဂါရမယ်။ မီးလောင်နာ၊ 100-500 mg daily ပေးတယ်။ စိမ်းသည့်အသီးအရွက်၊ ချဉ်တဲ့အသီးတွေနဲ့ အသီးအနှံတွေမှာပါတယ်။

Vitamin D ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ဘို့အသုံးဝင်တယ်။ အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစပြီး အသက်ကြီးသူတွေ 10 mcg (400 IU) နဲ့ ၇ဝ ကျော်တွေ 15 mcg (600 IU) ပေးသင့်တယ်။ နေရောင်မရသူတွေ တနေ့ 25 mg (1000 IU) ပေးသင့်တယ်။ ငါးကြီးဆီ၊ နို့ထွက်အစာမှာပါတယ်။ နေရောင်ကြောင့် ဗီတာမင် အေ မှ ဒီ ဖြစ်လာတယ်။ အရိုးတည်ဆောက်ရန်ဘို့မှာ အလွန်အရေးပါတယ်။ ချို့တဲ့ရင် အရိုးပြော့ရောဂါရစေတယ်။ Alfacalcidiol (Calciferol) 1.4 ug/kg daily ပေးမယ်။

Vitamin E ဗီတာမင်အီးက အသီးအရွက်ကရတယ်။ ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့၊ ဥ၊ အစေ့အဆံတို့မှာပါတယ်။ သွေးဥ၊ အာရုံကြော၊ ကြွက်သားတွေ အလုပ်လုပ်စေဘို့ကောင်းတယ်။

Vitamin K ဗီတာမင်ကေကို သွေးထွက်ရောဂါအတွက်ပေးတယ်။ မုံလာရွက်၊ မုံလာထုပ်၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။

ဒေါက်တာတင့်ဆွေ

Tuesday, April 24, 2018

Niti Literature နီတိကျမ်း

ကျွန်တော် လောကနီတိနှင့် ငြင်းခုန်ခြင်းရေးတာ ၅ ခုရှိပြီ။ အသိ ဦးဇင်းတပါးရဲ့ ကွန်မင့်လည်းရတယ်။ ကျေးဇူးပါဘုရား။

Ashin Nipuna လောကနီတိက အိန္ဒိယ သက္ကတကျမ်းကလို့ မှတ်ဘူးတယ်။ စတုရင်္ဂဗလအမတ်ကြီး မြန်မာဘာသာ ပြန်တာဖြစ်မယ်။ ပုနေးရောက်တော့ ပုနေးတက္ကသိုလ် ဆရာတစ်ယောက်က ဆွေးနွေးစရာရှိလို့ဆိုပြီး မေးဘူးတယ်။ သက္ကတကျမ်းက လောကနီတိမှာ ဂါထာတစ်ပုဒ် လိုနေလို့ဆိုပြီး ။ မြန်မာဘာသာ လောကနီတိမှာလဲ အဲဒီဂါထာ မပါဘူး။ သက္ကတနှင့်တူနေတယ် ဆရာ။

တင်ပါ့ဘုရား။

လောကနီတိဆိုတာ ဗုဒ္ဓဘုရားဟော မဟုတ်ပါ။ သက္ကရာဇ် ၇ဝ၄ ခုနှစ် သီဟသူမင်းလက်ထက်က အမတ်ပညာရှိ စတုရင်္ဂဗလကနေ ပါဠိလိုစရေးခဲ့တယ်။ အမတ်ကြီးဟာ သဒ္ဒါကျမ်း၊ ကဗျာလင်္ကာ၊ ဓမ္မသတ်ကျမ်းနဲ့ စစ်မှုရေးရာ၊ အရည်အချင်းလေးမျိုးနဲ့ ပြည့်စုံတယ်လို့သိရပါတယ်။

နီတိဆိုတာ ပါဠိစာလုံးပါ။ မြန်မာလို လမ်းညွှန်လို့အဓိပ္ပါယ်ရတယ်။ လောကနီတိဆိုတာ လောကအကြောင်းနဲ့ စပ်လျဉ်းပြီး ကြီးပွါးတိုးတက်ရေးလမ်းညွှန်ချက်တွေဖြစ်ပါတယ်။ လောကနီတိအပြင်၊ တကျွန်းနီတိ၊ ရာဇနီတိ၊ ဓမ္မနီတိ၊ မဟာရဟနီတိတွေ ရှိသေးတယ်။ ဘုရားဟောမဟုတ်ပေမယ့် ဘုရားဟောကျမ်းဂန်တွေထဲက ကိုးကားချက်တွေ ပါနေတယ်။

အိန္ဒိယမှာရှိတဲ့ ဟင်ဒူဘာသာရေးထဲက Nitisastra နီတိဆက်စထရာဆိုတာက သက္ကတ (သင်္သကရိုက်) ဘာသာနဲ့ပါ။ အင်္ဂလိပ်လို Ethics ဖြစ်တယ်။ မြန်မာလို ကျင့်ဝတ်၊ ကိုယ့်ကျင့်တရား၊ ကိုယ်ကျင့်သိက္ခာလို့ ဘာသာပြန်တယ်။ အဲတာက Bhagavad Gita ဘဂဗဒ် ဂီတထဲက Virtue နဲ့လည်းဆင်တယ်လို့ဆိုပါတယ်။ အမှန်နဲ့ အမှားကို ဆွေးနွေးထားပါတယ်။

Virtue ကို သုစရိုက်၊ သူတော်ကောင်းတရားလို့ ဘာသာပြန်ပါတယ်။ အဲတာကိုပဲ ဝိကီပီးဒီးယားမှာ Dharma ဓမ္မလို့ ဆိုထားပါသေးတယ်။ အဲဒီ ဓမ္မက ဗုဒ္ဓဘာသာထဲကဓမ္မနဲ့ မတူပါ။ သူတို့ဆိုလိုတာက ကမ္ဘာမြေ၊ လူသတ္တဝါတွေနဲ့ သဘာဝတရားတွေမှာ မရှိမဖြစ်တဲ့အရာတွေလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။

နီတိကျမ်းရင်းကို ဂျိမ်းစ် ဂရေးကနေ လန်ဒန်မြို့မှာ The Niti Literature of Burma ဆိုပြီးပြန်ဆိုခဲ့ပါတယ်။ ဆရာတက်တိုးကလည်း ဆရာတော်ဦးဗုဓ်ရဲ့မူကနေ ယူထားတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ လောကကိုကောင်းရာကောင်းကြောင်း လမ်းညွှန်တာတွေကို ဖတ်မှတ် လိုက်နာကြစေချင်တယ်။ ခေတ်အလျှောက် ပြင်သင့်တာတွေပြင်ရင်လည်း သဘောတူစရာရှိရင်တူပါမယ်။ ပြင်တာကိုလည်း ပြင်ထားတာလို့၊ တခြားကနေကိုးကားတာဆိုလည်း ယူထားတာလို့ ပွင့်လင်းရဲတင်းစွာပြောသင့်ပါတယ်။ သတ်ပုံကို ကိုယ်လိုသလိုပြင်တာ သဘောမတူပါ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၆
၂၅-၄-၂ဝ၁၈

လောကနီတိနှင့် ငြင်းခုန်ခြင်း (၅)

လောကနီတိ
လိမ္မာယဉ်ကျေးမှု ရှိ-မရှိကို ကိုယ်အမူရာ နှုတ်အမူရာအားဖြင့် သိနိုင်၏။ ပညာရှိသည် မရှိသည်ကို ပြောဆိုသော စကားကို ထောက်ချင့်၍ သိနိုင်၏။

ဖေ့စ်ဘွတ်နီတိ
ကိုယ်အမူရာကို မသိ။ နှုတ်အမူအယာအရ မြန်မာစကားမှာ စကားသင်စကလေးငယ်တွေလို အသံထွက်ရင်ပြီးရော အဆင့်သာရှိမှန်း သိနိုင်သူ အတော်များ၏။

ဒေါက်တာတင့်ဆွေ

ဆရာ မင်္ဂလာပါရှင့်

New Lay
09/10/2016 8:30PM
ဆရာ မင်္ဂလာပါရှင့်

MAR 3RD, 5:17PM
You accepted Nwe's request.
ရေးထားတာကို အခုမှတွေ့။ ဆောရီး။

11:02AM
Nwe Lay accepted your request.
အင်း

အင်းဆိုသူက ဆရာ့ထက်အသက်ကြီးပါသလား။ ဆရာက ၁၉၄၈ မှာ မွေးတယ်။

ဘယ်ဆရာလဲ

09/10/2016 8:30PM အချိန်က ဆရာ မင်္ဂလာပါရှင့်လို့ရေးတဲ့သူဖြစ်ပါတယ်။

နားမလည်ဘူး

ဟုတ်။ အဲဒီကနေ ဘလော့ရင်လည်း နှစ်ဦးလုံးအဆင်ပြေမယ်။ မဟုတ်ရင် ဒီကနေ ဘလော့လိုက်မယ်။ ဆရာ့မှာ အချိန်နည်းလို့။ ကျန်းမာရေးမေးတာတွေကို ဖြေစရာရှိလို့။ ဆောရီး။ ဘလော့လိုက်ပါပြီ။

အဲဒီကတည်းက မင်္ဂလာပါဆိုရင် လန့်နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၇
၂၅-၄-၂ဝ၁၈

Health Articles ကျန်းမာရေးစာတိုင်း ဆရာဝန်ရေးတာ မဟုတ်ပါ

ဆရာ သမီးကျန်းမာရေးဆောင်းပါးတခုမှာ ဖတ်ဖူးတာပေါ့နော် လေဖြတ်ခါနီး ရှေ့ပြေးလက္ခဏာတွေထဲမှာ ရေချိုးပြီး မျက်စိ ကြာရှည်နီနေခြင်းဆိုပြီး ပါတယ်ဆရာ။ အဲ့ဒါ မှန်လားမသိဘူး။ သမီးဖေဖေက အဲ့လိုမျိုး ခဏခဏဖြစ်နေလို့ပါဆရာ။ ရေချိုးပြီး မျက်စိနီနေတာ သမီးတို့မေးတော့ ခေါင်းလျှော်တာ ရေဝင်တာဖြစ်မှာပါလို့ပဲဖြေတယ်ဆရာ။ တကယ်လို့ အပေါ်က ဆောင်းပါးပါအချက်က မှန်တယ်ဆိုရင် ဘယ်လိုကာကွယ်မှုလုပ်လို့ရမလဲ သိချင်ပါတယ်ဆရာ။

အဲဒီဆောင်းပါးဆိုတာ ဆရာဝန်ကရေးတာလား၊ တိုင်းရင်းနည်းလား၊ မီဒီယာလား၊ ဆေးကြော်ငြာလား။ မျက်စိနီတာမှာ Pink eyes ဆိုတာတမျိုးနဲ့ Conjunctivitis တမျိုးရှိတယ်။ လေဖြတ်တာနဲ့ ဘာမှမဆိုင်ပါ။ လေဖြတ်ခြင်း အကြောင်းစာ တင်ထားပါတယ်။

လေဖြတ်တော့မယ်ဆိုတာ ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုက်ရှိတတ်တယ်။ ကြိုတင်မပြတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။ ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက်အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။

သတိတရားလျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊ နားအကြား အားနည်းသွားခြင်း၊ အရသာ ပျက်လာခြင်း၊ ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊ ချွေးစီးပြန်ခြင်း၊ စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊ မှတ်ဥာဏ်နည်းလာခြင်း၊ အမျိုရခက်လာခြင်း၊ အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊ ခေါင်းမူးခြင်း၊ ဆီး-ဝမ်း မထိန်းနိုင်ခြင်း၊ ကိုယ်ကိုမထိန်းနိုင်ခြင်း၊ ပူးတွဲလုပ်ဆောင်စရာတွေ အားနည်းလာခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း၊ ထုံကျင်လာခြင်း၊ စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊ လမ်းကောင်းကောင်း မလျှောက်နိုင်ခြင်း။
ဒီစာရင်းရှည်ထဲမှာ လေဖြတ်ကာနီး ရေချိုးပြီး မျက်စိနီတာမပါပါ။

ဆရာဝန်စာ ဘယ်သူကရေးရေး ဆေးသုတေသန ကိုးကားတာမပါရင်။ ချဲ့ကားရေးထားရင်၊ ခြောက်လှန့်ရေးရင်၊ လျော့ပေါ့ရေးရင် မသင့်ကြောင်းပါ။ ကျန်းမာရေးစာတိုင်း ဆရာဝန်ရေးတာ မဟုတ်ပါ။ စာရေးကောင်းသူတွေရေးတာ ဖတ်လို့တော့ကောင်းတယ်။ မီဒီယာသမားတွေရေးတာ စိတ်လှုပ်ရှားစရာကောင်း။ ဒါပေမဲ့ ရောဂါကို မပျောက်စေပါ။ ဆောရီး။

- Pink eye ပန်းရောင်မျက်စိ http://doctortintswe.blogspot.com/2014/12/pink-eye.html
- Conjunctivitis မျက်စိနာခြင်း http://doctortintswe.blogspot.com/2015/…/conjunctivitis.html
- Paralysis လေဖြတ်ခြင်း http://doctortintswe.blogspot.com/2015/04/paralysis.html

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၅
၂၅-၄-၂ဝ၁၈

Diabetes ဆီးချိုဖြစ်နေသော မြန်မာစာ

ပုံပါစာရေးသူက အရင်မေးခွန်းတွမှာ ဆီးချိုရောဂါအကြောင်း အင်္ဂလိပ်လိုရေးမေးခဲ့ပါတယ်။ အခုတခါ ပုံကိုပို့မေးတယ်။ အောက်ဆုံးမှာတော့ သူဟာ နိုင်ငံခြားတိုင်းပြည်မှာမွေးသူဖြစ်ကြောင်းနဲ့ မြန်မာစာအားနည်းတယ်လို့ ပြောပါတယ်။ မြန်မာပြည်နယ်နိမိတ်ထဲက ဘယ်မှမထွက်ရသူတွေလည်း မြန်မာစာ အားမရှိကြတာ စိတ်မကောင်းပါ။

1. A1C test ဆီးချိုအတွက် http://doctortintswe.blogspot.com/2014/12/a1c-test.html
2. Blood sugar levels ဆီးချိုစစ်ခြင်း http://doctortintswe.blogspot.com/2015/01/blood-sugar-levels.html
3. Deadly diabetes in unrelenting march ဆီးချိုကို ပိုပြီးသတိထားကြပါ http://doctortintswe.blogspot.com/2016/04/deadly-diabetes-in-unrelenting-march.html
4. Diabetes and Tobacco ဆီးချိုနဲ့ ဆေးလိပ် http://doctortintswe.blogspot.com/2016/03/diabetes-and-tobacco.html
5. Diabetes Complications ဆီးချို နောက်ဆက်တွဲဖြစ်နိုင်သည်များ http://doctortintswe.blogspot.com/2016/12/diabetes-complications.html
6. Diabetes diet http://doctortintswe.blogspot.com/2014/12/diabetes-diet.html
7. Diabetes diet ဆီးချိုအတွက်အစားအစာများ http://doctortintswe.blogspot.com/2014/12/diabetes-diet.html
8. Diabetes type 1 cure ဆီးချိုအမျိုးအစား (၁) ကို ပျောက်နိုင်ဘို့ နီးစပ်လာပြီ http://doctortintswe.blogspot.com/2015/01/diabetes-type-1-cure.html
9. Diabetes ဆီးချို http://doctortintswe.blogspot.com/2015/02/diabetes.html
10. Diabetic food ဆီးချိုနဲ့ အစားအသောက် http://doctortintswe.blogspot.com/2014/11/diabetic-food.html
11. Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://doctortintswe.blogspot.com/2015/01/diabetic-neuropathy.html
12. Final piece of type 1 diabetes puzzle solved ဆီးချိုပဟေဠိအဖြေရရှိ http://doctortintswe.blogspot.com/2016/04/final-piece-of-type-1-diabetes-puzzle.html
13. Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချို http://doctortintswe.blogspot.com/2015/12/gestational-diabetes.html
14. Liver disease and Diabetes အသည်းနဲ့ဆီးချို http://doctortintswe.blogspot.com/2015/05/liver-disease-and-diabetes.html
15. Metformin ဆီးချိုစားဆေး ဘယ်လိုပေး http://doctortintswe.blogspot.com/2015/05/metformin.html
16. Weight loss surgery cures half of type-2 diabetes cases http://doctortintswe.blogspot.com/2015/09/weight-loss-surgery-cures-half-of-type.html
17. Yogurt reduces diabetes risk (ရောဂတ်) စားခြင်းဖြင့် ဆီးချိုကို သက်သာစေနိုင် http://doctortintswe.blogspot.com/2015/01/yogurt-reduces-diabetes-risk.html
18. ဆီးချိုပျောက်ဆေး မပေါ်သေးပါ http://doctortintswe.blogspot.com/2016/12/blog-post_82.html

ဆီးချိုရှိလျက် အသက် ၁၂ဝ ရှည်စေသောဝ်။

ဒေါက်တာတင့်ဆွေ

Liver cancer အသည်းကင်ဆာ

၁။ ဆရာရှင့် မေးခွင့်ပြုပါ။ ကျွန်မ ဖေဖေ အသက် ၅၉ ပါ။ အသဲကင်ဆာ အဆင့် ၄ ဖြစ်နေတယ်လို့ ဆရာဝန်ကပြောပါတယ် B ပိုး C ပိုး လုံးဝ မရှိပါလို့လဲ ပြောပါတယ်။ အခု ဖေဖေက တိုင်းရင်းဆေးတွေပဲ သောက်နေပြီး ဆရာဝန်ဆက်မပြပဲ နေနေပါတယ်။ ဘယ်လိုမှ ပြောမရပါ။ အသဲကင်ဆာ အဆင့် ၄ အနေဖြင့် အသက်အန္တာရာယ် စိုးရိမ်ရမှုလေးကို ပွင့်ပွင့်လင်းလင်းလေး သိချင်မိပါတယ် ရှင့်။ အသဲကင်ဆာလို့ သိရတာကတော့ ဇန်န၀ါရီလ ၄ ရက် ၂၀၁၈ မှသိရပါတယ်။ ခု ဗိုက်ကတော့ ရေဖျင်းစွဲသလို ပူနေပါပြီ။ ခြေထောက်တွေတော့ ယောင်နေပါတယ်။ ဆီး သွားပါတယ်။ အစားသောက် က ခံတွင်းမပျက်ပေမဲ့ ဗိုက်က အများကြီး မစားနိုင်ပါဖူး။ ဆရာထံမှ  အကြံပြုချက်ကို စောင့်မျှော်နေပါမယ်ရှင့်။

၂။ ဆရာရှင့် လူနာက သမီးအဖေပါ၊ အသက်က ၆၆ နှစ်ရှိပါတယ်။ အသည်းကင်ဆာလို့ 26.5.17 မှ CT scan ရိုက် အကျိတ်လို့သိရတာပါ။ လွန်ခဲ့တဲ့ ၄ လက သွေးအန်လို့ မန္တ္တလေးဆေးရုံကြီးမှာတက် ကုပါတယ်။ အဲ့အချိန် မှာ B ပိုး Positive ရှိတယ်လို့သိရပါတယ်။ မှန်ပြောင်းနဲ့ကြည့်တော့ အူလမ်းကြောင်းမှာ သွေးကြောတွေဖောင်းနေလို့ သရေကွင်းခြောက်ချက်ပစ်ပြီး ကုပါတယ်။ ဆေးရုံ မှာ ၆ရက် လောက်တက်ပြီးကုပါတယ်။ ၁၅ ရက်ကြာတကြိမ်၊ နောက် ၁ လတကြိမ် ၂ခါ ပြပြီး မှန်ပြောင်းပြန်ကြည့်ပါတယ်။ အဲ့လိုကုနေစဉ် ၃လ အတွင်းမှာ အသည်းဆရာဝန်နဲ့ပြပြီး B ပိုး ပျောက်ဆေးစားပါတယ်။ လူနာမှာ အခုထိ ကင်ဆာလက္ခဏာ မပြသေးဘူး ဖြစ်နေတယ်။ အဲ့အချိန်က သွေးလဲ ထပ်မစစ်ခိုင်းပါ။ အခု ဆေးစားလို့ ၃လ ပြည့်ပြန်ပြတော့မှ သွေးစစ်၊ ကင်ဆာဖြစ်နိုင် CT scan ရိုက် အကျိတ်တွေ့ပြီး ဆေးဖြန်းဖို့ (သို့) အကျိတ်ကိုချေမယ်လို့ပြောပါတယ်၊ ကင်ဆာဆိုတော့ အခြေအနေ မကောင်းမှန်းသိပါတယ်၊ ဒါပေမယ့် ဘယ်လိုအသည်းကင်ဆာအမျိုးအစား၊ ဘယ်အခြေအနေရောက်နေပြီ၊ ဘယ်နည်းလမ်းကတော့ ပိုကောင်းပြီး သက်သာနိုင်လိမ့်မယ် ဆိုတာမျိုး၊ သိချင်ပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ဆရာ့ထံမှာ အကူအညီတောင်းခံချင်ပါတယ်။ လူနာက့ ကပါ၊ အခုသမီးရှိတဲ့ရန်ကုန်ကိုခေါ်ထားလိုက်တယ်။ ထိရောက်တဲ့ ကုသမှုရပြီးကုန်ရကျိုးနပ်ချင်ပါတယ်။ လူနာကိုနောက်ဆုံးအချိန်လုပ်ပေးနိုင်တာ၊ လုပ်ပေးသင့်တာကို သမီးတယောက်အနေနဲ့ ရှိတာလေးနဲ့ ထိထိရောက်ရောက် ကုပေးချင်လို့ပါ။ ဆရာကူညီ ပြီးလမ်းညွှန်မှုပေးစေချင်ပါတယ်ရှင့်။ ဆရာရဲ့ လမ်းညွှန်မှုကို စောင့်မျော်လျှက်။

မေးခွန်းအရ ဆရာဝန်တွေက လုပ်သင့်တာတွေကို အကောင်းဆုံးလုပ်နေးနေတယ်လို့သိနိုင်။ သားသမီးအနေနဲ့ အဲလို စိတ်ထားရှိတာ အလွန်ကောင်း။ စိတ်ကိုအပြုသဘောထား ကံတရားလည်း အားကိုးပါလေ။

၃။ ဆရာရှင့် အသည်းကင်ဆာက ရောဂါ လက္ခဏာကို အချိန်လွန်မှသိရတာလားရှင့်။ သူငယ်ချင်းတယောက်ဖြစ်တာ တလဘဲခံပြီး ဆုံးသွားပါတယ်။ ရောဂါဖြစ်တာ ဘယ်လိုသိနိုင်မလဲရှင့်။

၎။ ဆရာ ကျွန်မဦးလေးဖြစ်သူရဲ့ရောဂါအတွက် ကုသပုံအကြံလေးပေးပါရှင့်။ ခွဲစိတ်လို့ရမလားသိချင်ပါတယ်။ ကမ်းဇော်ဆီကို ကင်ဆာပျောက်တယ်ဆိုပြီးတိုက်ချင်နေကြလို့ သင့်မသင့်ဖြေပေးပါရှင့်။ အသည်းကင်ဆာ အဆင့်ဆင့်ကို ဗဟုသုတရစေရန် တင်ပေးစေချင်ပါတယ်ဆရာ။

၅။ ကျမအမေက အသည်းမှာအလုံးတွေ့တယ်။ ခွဲထုတ်ရမယ်။ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ပြောပါတယ်။ အရွယ်က ၄ စင်တီမီတာတဲ့။ အသက်က ၇ဝ ကျော်ဆိုတော့ မခွဲချင်ပါဘူး။ ဘာလုပ်သင့်လည်းဆိုတာ ဆွေးနွေးပေးစေချင်ပါတယ်။ ကျေးဇူးအများကြီးလည်းတင်ပါတယ်ရှင့်။ ကူညီကြပါဦးနော်။ ကျမလည်း ရင်တွေပူနေပါပြီ။ ct Scan ရိုက်တာ ၂ ပါတ်ခန့် ရှိပါပြီ။ ကုတင် ၅ဝဝ က အသည်းဆရာဝန်တွေက ခွဲထုတ်ရမယ်လို့ပြောပါတယ်ရှင်။ အမေက လုံးဝမခွဲချင်ဖြစ်နေပါတယ်။ ကူညီပေးပါဦးဆရာရှင့်။

၆။ ကျမအဖေက အသည်းကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ ဘီပိုး စီပိုးမရှိ၊ အရက်မသောက်ဘဲ၊ ဒီရောဂါနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ စားသောက်နေထိုင်မှုပုံစံကြောင့်လို့လည်းထင်ပါတယ်။ ဆီများတဲ့ဟင်း လဘက် ငါးခြောက် သရက်သီးသနပ် တော်တော်ကြိုက်ပါတယ်။ ဆရာပြောသလိုပါဘဲ ရောဂါလက္ခဏာတွေ တောက်လျှောက် ခံစားမြင်တွေ့နေရတာပါ။ အသည်းကင်ဆာလို့ကြားရတိုင်း ရင်ထဲနာကျင်ထိခိုက်ရပါတယ်။ ကိုယ်တွေ့အပြင် ဆရာ့ရဲ့ပြည့်စုံတဲ့အသိပေးမှုကြောင့် သတိပြုစရာတွေပိုရလို့ ကျေးဇူးတင်ပါတယ်။

၇။ သမီးအဖေလည်း အသည်းကင်ဆာပါ။ သုံးပုံ နှစ် ပုံ ပြန့်နေပြီပြောပါတယ်ဆရာ။ ပြီးတော့ အစာအိမ်က သွေးကြော စိမ့်ထားပါတယ်။ အဲဒါ အစာအိမ် မှန်ပြောင်းကြည့် သင့် မသင့် သိပါရစေဆရာ။

၈။ ဆရာရှင့် အသည်းကင်ဆာက ရောဂါ လက္ခဏာကို အချိန်လွန်မှသိရတာလားရှင့်။ သူငယ်ချင်းတယောက်ဖြစ်တာ တလဘဲခံပြီး ဆုံးသွားပါတယ်။ ရောဂာဖြစ်တာဘယ်လိုသိနိုင်မလဲရှင့်။

အသည်းကင်ဆာမှာလည်း (၂) မျိုးကွဲသေးတယ်။ ကိုယ်ခန္ဓာထဲမှာ တနေရာရာမှာကင်ဆာဖြစ်လို့ အသည်းကို ပြန့်လာတာမျိုးနဲ့ နောက်တမျိုးက Hepatocellular carcinoma အသည်းမှာစဖြစ်တာ။

ဘာလို့ဖြစ်သလဲ တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ Hemochromatosis နဲ့ Wilson's disease တို့လို မွေးကတည်းပါလာသူ၊ အရက်သောက်သူ၊ အသည်းရောင် ဘီ (သို့) စီကြောင့် နာတာရှည်အသည်းရောင်နေသူ၊ မျိုးရိုးအရဖြစ်တဲ့ Hemochromatosis ရောဂါရှိနေသူနဲ့ အသည်းခြောက်နေသူ၊ အသည်းအဆီများနေသူ၊ ဆေးလိပ်နဲ့ အရက်တွဲရင်လည်းဖြစ်သူများတယ်။ vinyl chloride နဲ့ arsenic လို ဓါတုပစ္စည်းတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အပင်မှို Aflatoxins ကနေ ဂျုံ၊ မြေပဲ၊ ဆန်၊ ပျောင်းစေ့တွေကို စွဲထာတာ စားမိရင် ဖြစ်စေနိုင်တယ်။ လူဝရင်၊ ဆီးချိုရှိသူ၊ L-carnitine ဓါတ် နည်းနေသူ၊ HIV/AIDS ရှိနေသူ၊ Anabolic steroid ခေါ် ကြွက်သား-ခွန်အားတိုး ဟော်မုန်းဆေး တာရှည်သုံးသူတွေ ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက်ပိုဖြစ်တယ်။

အသည်းကင်ဆာလက္ခဏာများ
ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ အစာအနံ့ရတာနဲ့ ရင်ပြည့်လာခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်လာခြင်း၊ အကြောင်းမသိဖျားခြင်း၊ ဗိုက်ညာဖက်အပေါ်ပိုင်းအောင့်ခြင်း၊ နာတာကလက်ပြင်ဆီတက်နာခြင်း၊ အသည်းကြီးလာခြင်း၊ ဘေလုံးကြီးလာခြင်း၊ ရေဖျင်းဖြစ်လာခြင်း၊ အသား-ဆီးဝါခြင်း၊ ဝမ်းအရောင်ဖျော့လာခြင်း။

Hepatoma အသည်းအကျိတ်
Cirrhosis liver အသည်းခြောက်ရောဂါရှိနေသူတွေမှာ Hepatoma အသည်း-အကျိတ် ဖြစ်လာနိုင်တယ်။ အတော်များများ ဘာမှမခံစားရဘူး။ ၆ လတခါ Serum alpha fetoprotein သွေးစစ်တာ နဲ့ Ultrasound အသည်းကို (အာလ်ထွာဆောင်း) ရိုက်တာ လုပ်နေရမယ်။ ရောဂါအဆင့်ကြည့်ကုသရမယ်။

အသည်းကင်ဆာကုသနည်းများ
ရောဂါဟုတ်-မဟုတ်စစ်မယ်၊ အဆင့်သတ်မှတ်မယ်။ ဘယ်လိုကုသနည်းရွေးမလည်းဆုံးဖြတ်မယ်။ လူနာ၊ ဆေးရုံအပေါ်မှာ မူတည်ပြီးရွေးချယ်ရတယ်။ ခွဲစိတ်ဆရာဝန်၊ ဓါတ်ရောင်ခြည်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ အစာလမ်းအထူးကုဆရာဝန်၊ စတဲ့ နယ်ပယ်အလိုက် အထူးကုဆရာဝန်တွေကနေ စုပေါင်းဆုံးဖြတ်ကြတယ်။ တခါတလေ နည်းတခုကမကို တွဲလုပ်ရတယ်။ လူနာအနေနဲ့လိုမယ်ထင်ရင် ဒုတိယအကြံရယူတာလုပ်နိုင်တယ်။

၁။ Surgery ခွဲစိတ်ကုသနည်းမှာ partial hepatectomy အသည်းတစိတ်တပိုင်းထုတ်ပေးတာနဲ့ liver transplant အသည်းအစားထိုးတာပါတယ်။
၂။ Tumor ablation အကျိတ်ကိုတခြားနည်းနဲ့ကျေစေနည်း၊
၃။ Tumor embolization အကျိတ်ကိုသွေးမလျှောက်စေနည်းလုပ်ပေးခြင်း၊
၎။ Radiation therapy ဓါတ်ကင်နည်း၊
၅။ Targeted therapy ပစ်မှတ်ထားကုသနည်း၊
၆။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Sorafenib ဆေးကို နောက်ပိုင်းအဆင့် ဖြစ်သူတွေကို ပေးတယ်။
၇။ Freezing cancer cells (Cryoablation) အေးခဲနည်း၊
၈။ Heating cancer cells အပူပေးနည်း၊
၉။ Injecting alcohol into the tumor အယ်လ်ကိုဟောဆေး အကျိတ်ထဲထိုးနည်း၊
၁ဝ။ Injecting chemotherapy drugs into the liver ကင်ဆာဆေးအကျိတ်ထဲထိုးပေးနည်း၊
၁၁။ Targeted drug therapy ပစ်မှတ်ထားကုသနည်း။

အလားအလာ
အသည်းကင်ဆာဟာ အလားအလာမကောင်းတဲ့အမျိုးအစားရောဂါဖြစ်တယ်။ လူနာ ၁ဝ% ကသာ ကင်ဆာကို စောစောသိကြတယ်။ အင်္ဂလန်မှာ ၃ဝ% ဟာ ရောဂါသိပြီးနောက် ၁ နှစ်အသက်ရှည်တယ်။ ၁ဝ% က ၅ နှစ်ရှင်တယ်။ တချို့နည်းနည်းပိုရှည်တယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွဲနေရင် ၃ လသာခံတယ်။

မြန်မာပြည်သားတွေ အသည်းကင်ဆာဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

ကျောင်းသုံး မြန်မာရာဇဝင်


တနိုင်ငံလုံး တမျိုးသားလုံး အတတ်ပညာသင်ကြားရေးတွင် ဘာသာခြားကို အခြေပြု၍ သင်ကြားမြဲမဟုတ်ပေ။

ရတနာသုံးပါးနှင့် တစ်ကွလို့ သင်ပေးနေသူတွေခေတ်မှာတော့

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၈

Tips to Protect Yourself from Unhealthy Air

လေထုညစ်ညမ်းမှု ကာကွယ်ရေး

အမေရိကန်အဆုတ်အသင်းရဲ့ လမ်းညွှန်ချက်ကို အခြေခံရေးပါတယ်။ မသန့်ထဲလေထုကို Smog လို့ခေါ်တယ်။ လေမသန့်ရင် အဆုတ်နဲ့ နှလုံးသွေားကြောစနစ်ကို မကောင်းဆိုးကျိုးတွေ ဖြစ်စေတယ်။ အသက်ရှူလမ်းမှာ ရောဂါတခုခုရှိနေသူတွေမှာ ပိုဆိုးစေတယ်။

၁။ Check daily air pollution forecasts in your area သင့်နေထိုင်ရာဝန်းကျင်ရဲ့ လေထုအခြေအနေထုတ်ပြန်ချက်ကို စစ်ဆေးနေပါ။ Air app ကို ဖုန်းမှာ ဒေါင်းလုဒ်လုပ်လို့ရတယ်။ တီဗွီ၊ ရေဒီယိုတွေကနေလည်း ကြေညာပေးနေတယ်။

၂။ Avoid exercising outdoors လေထုညစ်ညမ်းမှုမြင့်နေချိန်မှာ အိမ်ပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာ မသင့်ပါ။ ဈေးထွက်ဝယ်တာ၊ လည်ပတ်တာလည်း မသင့်ပါ။ ကလေးတွေနဲ့ မိသားစုဝင်အားလုံး လိုက်နာရပါမယ်။

၃။ Always avoid exercising near high-traffic areas ယာဉ်အသွားအလာများတဲ့ရောမျိုးမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

၎။ Use less energy in your home ကိုယ့်အိမ်မှာ အင်နာဂျီ ခေါ် စွမ်းအင်သုံးတာ လျှော့ချပါ။ ထင်းမီး၊ မီးသွေး၊ လျှပ်စစ်၊ ဓါတ်ငွေ့။ Environmental Protection Agency ခေါ် ပတ်ဝန်းကျင်ကာကွယ်ရေးဌာနရဲ့ လမ်းညွှန်ကို လိုက်နာပါ။

၅။ Walk, bike or carpool ဖြစ်နိုင်သမျှ လမ်းလျှောက်ပါ။ စက်ဘီးစီးပါ။ ကားစပ်တူသွားလာပါ။ ဘတ်စ်ကား၊ အများသုံးသွားလာရေးစနစ်နဲ့ မြို့တွင်းရထား သုံးပါ။

၆။ Don't burn wood or trash အမှိုက်နဲ့ အသုံးအဆောင်ဟောင်းတွေကို မီးမရှို့ပါနဲ့။

၇။ Hand-powered equipment လက်သုံးကရိယာ တန်းဆာပလာတွေသုံးပါ။

၈။ Don't allow anyone to smoke indoors ဘယ်သူ့မှ အိမ်ထဲမှာ ဆေးလိပ်မသောက်ပါနဲ့။

၉။ Air conditioners အဲယားကွန်ဒီရှင်နားစက်တွေက အဆောက်အဦတွင်းကလေကိုကောင်းစေတယ်။ အဲဒီစက်မှာ Filter ခေါ် အစစ်ကောင်းနေရမယ်။ HEPA stands စံနဲ့ကိုက်ညီရမယ်။

၁ဝ။ Eating Well အစားအသောက်မှာ အသီးအရွက် အသီးတွေများများစားပါ။ ဗီတာမင်စီ နဲ့ အေ ပါတာစားပေးပါ။ ဆေးပြားတွေထက် ကောင်းတယ်။ ဗီတာမင်အီးလည်းလိုမယ်။

၁၁။ Face Mask လေမသန့်ချိန်မျိုးမှာ နှာခေါင်းစည်းသုံးပါ။

၁၂။ Get involved သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေပါ ကိုယ်တိုင်ပါဝင်ပါ။

၁၃။ Bottom line သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကိုယ်တိုင်ကနေ စတင်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၈


Pollution in Yangon ရန်ကုန် ညစ်ညမ်းမှု

ဒီပုံကို အခုတွေ့တယ်။ တမြန်နှစ်က ဧပြီလထဲမှာ လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်နားက ဧက ၃၀၀ ရှိတဲ့ အမှိုက်ပုံ မီးလောင်ခဲစဉ်က ရေးထားတာ။

၁။ မင်္ဂလာပါဆရာ အသက် ၂၂ ကျားပါ ခုတလော ရန်ကုန်မြို့မှာလေထုညစ်ညမ်းနေပါတယ် ထိန်ပင်အမှိုက်ပုံမီးလောင်ပြီး ငြိမ်းမရတာ ၃ရက်ကျော်နေပြီ တမြို့လုံးမြူခိုးတွေနဲ့ညှော်နေပါတယ် အဲဒါ လေထုညစ်ညမ်းတာနဲ့ ကျန်းမာရေး ဆိုးကျိုးလေးတွေ ဆောင်ရန်ရှောင်ရန်လေးတွေအများသိအောင်ပြောပြပေးပါဆရာ အခြေအနေအရမ်းဆိုးနေလို့ပါ  ဆေးရုံရောက်တဲ့လူနာတွေလည်းများလှပြီ။

၂။ ဆရာ မင်္ဂလာပါရှင်။ ဒီတခါတော့ ကျွန်မရဲ့ ရောဂါကို မေးမြန်းဖို့ မဟုတ်ပါဘူးရှင်။ လက်ရှိ ရန်ကုန် လှိုင်သာယာ အမှိုက်ပုံမှ လောင်နေသောမီးကြောင့် မြို့ထဲ လူနေထူထပ်သော ရပ်ကွက်အချို့ထိ မီးခိုးများ ပြန့်နှံလာပါပြီ။ ဒါကြောင့်မို့ မီးခိုးငွေ့တွေ ကြာရှည် ရှုရှိုက်မိတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါလက္ခဏာများနဲ့ ဘယ်လို နေထိုင် ကာကွယ်သင့်သလဲဆိုတဲ့ ကျန်းမာရေး အကြံပေးချက်လေး လိုချင်လို့ပါရှင်။

ရန်ကုန် ညစ်ညမ်းမှု နောက်ဆုံး အပ်ဒိတ် မေလ ၂ဝ၁၄ ခုနှစ်
• Air Pollution လေထုညစ်ညမ်းမှု
88.89 = Very High အလွန်မြင့်မား
• Drinking Water Pollution and Inaccessibility သောက်ရေ ညစ်ညမ်းမှုနှင့် ရရှိနိုင်မှု
67.86 = High မြင့်မား
• Dissatisfaction with Garbage Disposal အမှိုက်စွန့်ပြစ်မှုအတွက် မကျေနပ်မှု
95.83 = Very High အလွန်မြင့်မား
• Dirty and Untidy =  ညစ်ပေမှုနှင့် မသန့်ရှင်းမှု
75.00 = High မြင့်မား
• Noise and Light Pollution ဆူညံမှုနှင့် အလင်းရောင်ညစ်ညမ်းမှု
33.33 = Low နိမ့်
• Water Pollution ရေညစ်ညမ်းမှု
57.14 = Moderate အသင့်အတင့်
• Dissatisfaction to Spend Time in the City မြို့ထဲအချိန်ကုန်မှုအတွက် မကျေနပ်မှု
81.25 = Very High အလွန်မြင့်မား
• Dissatisfaction with Green and Parks in the City စိုစိမ်းသည့်နေရာနှင့် ပန်းခြံများအတွက် မကျေနပ်မှု
83.33 = Very High အလွန်မြင့်မား

Purity and Cleanliness in Yangon, Myanmar မြန်မာနိုင်ငံ ရန်ကုန်မြို့ သန့်စင်မှုနှင့် သန့်ရှင်းမှု
• Air quality လေထုအရည်အသွေး
11.11 = Very Low အလွန်နိမ့်ကျ
• Drinking Water Quality and Accessibility သောက်ရေ အရည်အသွေးနှင့် ရရှိနိုင်မှု =
32.14 = Low နိမ့်ကျ
• Garbage Disposal Satisfaction အမှိုက်စွန့်ပြစ်မှုအတွက် ကျေနပ်မှု
4.17 = Very Low အလွန်နိမ့်ကျ
• Clean and Tidy သန့်ရှင်းမှုနှင့် သပ်ယပ်မှု
25.00 = Low နိမ့်ကျ
• Quiet and No Problem with Night Lights ဆိတ်ငြိမ်မှုနှင့် ညအလင်းရရှိမှုအတွက် ပြဿနာမရှိမှု
66.67 = High မြင့်မား
• Water Quality ရေအရည်အသွေး
42.86 = Moderate အသင့်အတင့်
• Comfortable to Spend Time in the City မြို့ထဲအချိန်ကုန်ရမှုအတွက် နေသာထိုင်သာရှိမှု
18.75 = Very Low အလွန်နိမ့်ကျ
• Quality of Green and Parks စိုစိမ်းသည့်နေရာနှင့် ပန်းခြံများ အရည်အသွေး
16.67 = Very Low အလွန်နိမ့်ကျ

ရန်ကုန် ညစ်ညမ်းမှု နောက်ဆုံး အပ်ဒိတ် စက်တင်္ဘာ ၂ဝ၁၇

• Air Pollution လေထုညစ်ညမ်းမှု
83.00 = Very High အလွန်မြင့်မား
• Drinking Water Pollution and Inaccessibility သောက်ရေ ညစ်ညမ်းမှုနှင့် ရရှိနိုင်မှု
71.88 = High မြင့်မား
• Dissatisfaction with Garbage Disposal အမှိုက်စွန့်ပြစ်မှုအတွက် မကျေနပ်မှု
96.43 = Very High အလွန်မြင့်မား
• Dirty and Untidy = ညစ်ပေမှုနှင့် မသန့်ရှင်းမှု
84.09 = High မြင့်မား
• Noise and Light Pollution ဆူညံမှုနှင့် အလင်းရောင်ညစ်ညမ်းမှု
40.22 = Low နိမ့်
• Water Pollution ရေညစ်ညမ်းမှု
73.86 = Moderate အသင့်အတင့်
• Dissatisfaction to Spend Time in the City မြို့ထဲအချိန်ကုန်မှုအတွက် မကျေနပ်မှု
75.00 = Very High အလွန်မြင့်မား
• Dissatisfaction with Green and Parks in the City စိုစိမ်းသည့်နေရာနှင့် ပန်းခြံများအတွက် မကျေနပ်မှု
79.35 = Very High အလွန်မြင့်မား

Purity and Cleanliness in Yangon, Myanmar မြန်မာနိုင်ငံ ရန်ကုန်မြို့ သန့်စင်မှုနှင့် သန့်ရှင်းမှု
• Air quality လေထုအရည်အသွေး
17.00 = Very Low အလွန်နိမ့်ကျ
• Drinking Water Quality and Accessibility သောက်ရေ အရည်အသွေးနှင့် ရရှိနိုင်မှု
28.12 = Low နိမ့်ကျ
• Garbage Disposal Satisfaction အမှိုက်စွန့်ပြစ်မှုအတွက် ကျေနပ်မှု
3.57 = Very Low အလွန်နိမ့်ကျ
• Clean and Tidy သန့်ရှင်းမှုနှင့် သပ်ယပ်မှု
15.92 = Low နိမ့်ကျ
• Quiet and No Problem with Night Lights ဆိတ်ငြိမ်မှုနှင့် ညအလင်းရရှိမှုအတွက် ပြဿနာမရှိမှု
59.78 = High မြင့်မား
• Water Quality ရေအရည်အသွေး
26.14 = Moderate အသင့်အတင့်
• Comfortable to Spend Time in the City မြို့ထဲအချိန်ကုန်ရမှုအတွက် နေသာထိုင်သာရှိမှု
25.14 = Very Low အလွန်နိမ့်ကျ
• Quality of Green and Parks စိုစိမ်းသည့်နေရာနှင့် ပန်းခြံများ အရည်အသွေး
20.65 = Very Low အလွန်နိမ့်ကျ

ကွန်မင့်များ
- Poe Ei Phyu on Jul 03, 2012: မြန်မာနိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ စက်ရုံတွေမများလို့ မဆိုးပါ။ တွက်ချက်မှုတွေက မဖြစ်နိုင်ပါ။
- Burman2k on Feb 21, 2014: Air Quality Index (AQI) ကို % နဲ့မတွက်ပါ။ 0-to-500 (in USA) တွက်ပါတယ်။
- Theingi Soe on Jul 11, 2014: ရန်ကုန် Air Quality Index (AQI) ဟာ တရုပ်ပြည် (ရှန်ဟဲ) လောက် မဆိုးပါဘူး။

1. Air pollution လေထုညစ်ညမ်းမှုနဲ့ သေဆုံးမှု https://doctortintswe.blogspot.com/2017/03/air-pollution.html
2. Cooking fumes ညှော်နံ့ https://doctortintswe.blogspot.com/2018/01/cooking-fumes.html
3. Known and Probable Human Carcinogens သိထားပြီးနှင့် အလားအလာရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်များ https://doctortintswe.blogspot.com/2015/10/known-and-probable-human-carcinogens.html
4. Pollution in Yangon, Myanmar http://www.numbeo.com/pollution/city_result.jsp?country=Myanmar&city=Yangon
5. Pollution in Yangon ရန်ကုန် ညစ်ညမ်းမှု https://doctortintswe.blogspot.com/2015/04/pollution-in-yangon-myanmar.html
6. Pollution in Yangon ရန်ကုန် ညစ်ညမ်းမှု https://www.numbeo.com/pollution/in/Yangon
7. Volatile Organic Compounds အော်ဂဲနစ် ညှော်နံ့ https://doctortintswe.blogspot.com/2017/12/volatile-organic-compounds.html

မြန်မာ့ လေထု မြေထု ရေထု လူထု ကျန်းမာကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၈
၁၆-၂-၂၀၂၀

Waxing ဖယောင်းသုံးပြီး အမွေးတုံးစေမယ်

(ကန်တော့ပါ)

မင်္ဂလာပါ ဆရာ ကျွန်မ အသက်၃၀ အိမ်ထောင်ရှိ သားဦးကိုယ်ဝန် ၂လပါ ဟိုးအရင်တည်းက သုံးနေကျ Hair removal cream ကို ခြေသလုံး အမွှေး ပျောက်ဖို့ သုံးလို့ ရမလားရှင်

ကြော်ငြာဆေးဖြစ်။

ဪ ဟုတ်ကဲ့ရှင့်

ကိုယ်မွေး ရေးတဲ့အခါ ဟထိုးမပါရပါ။ မွှေးမဟုတ်ပါ။

မင်္ဂလာပါဆရာ။ ကျွန်မနာမည် ___ ပါ။ အသက် ၂၄ ပါ။ အိမ်ထောင်မရှိ အပျိုပါ။ မန္တလေးမှာနေပါတယ်။ မလိုအပ်တဲ့ နေရာတွေက အမွေးများကို တစ်ချို့ Spa တွေမှာ Waxing သို့မဟုတ် Laser နည်းနဲ့ဖယ်ရှားပေးပါတယ်။ အထူးသဖြင့် အမျိုးသမီးအင်္ဂါတဝိုက်က အမွေးအမျှင်များ ဖယ်ရှားရာမှာ လေဆာသုံးပြီးလုပ်ရင် သားအိမ်ထိခိုက်မှု ရှိနိုင်ပါလား။ ကျေးဇူးပြု၍ ရှင်းပြပေးပါဆရာ။

ကိုယ်မွေးနုတ်ချင်ရင် Waxing ဖယောင်းနည်းက အထိရောက်ဆုံးဖြစ်တယ်။ Warm waxing အပူနည်းနဲ့ Cold waxing အအေးနည်းဆိုပြီးရှိတယ်။ အပူနည်းက ပိုထိရောက်တယ်။ နုတ်ချင်တဲ့အမွေးတွေအပေါ်မှာ ဖယောင်းရည် ပါးပါးသုတ်၊ အပေါ်မှာ စက္ကူ ဒါမှမဟုတ် အဝတ်စကပ်ပြီး၊ အမွေးပေါက်ရာလမ်းကြောင်းအတိုင်း ဆွဲနုတ်ရတယ်။

Eyebrow waxing မျက်ခုံးမွေး၊ Leg waxing ခြေသလုံးမွေး၊ Arm/underarm waxing လက်-ချိုင်းမွေး၊ Back waxing ကျောမွေး၊ Chest waxing ရင်ပတ်မွေး၊ Upper Lip နုတ်ခမ်းမွေး၊ Entire body wax တကိုယ်လုံးကအမွေး၊ ဘယ်အမွေး မဆို ဖယောင်းနည်းနဲ့ နုတ်ပေးနိုင်တယ်။ ဒါပေမဲ့ နား-နှာခေါင်းထဲကအမွေး၊ မျက်တောင်မွေးတွေကိုတော့ မလုပ်ရပါ။

အခုနောက်ပိုင်း ပိုလွယ်လာပြီ။ ဝယ်လို့ရတယ်။ ဈေးလဲ မကြီးဘူး။ လျှပ်စစ် မီးပလပ်ထိုးရုံဘဲ။ ဖယာင်းလဲ အဆင်သင့်ပါ၊ တစ်ရှူး-ပေပါ ထူထူလဲ တခါထဲ ပါတယ်။ ဖယောင်းအနေတော်ထည့်၊ မီးပလပ်တပ်၊ ဖယောင်း ပျော်ရင် မီးပိတ်၊ ခဏစောင့်၊ နုတ်ချင်တဲ့ နေရာပေါ် ဗူးထဲမှာပါတဲ့ သတ္ထုပြားလေးနဲ့ ဖယောင်ရည်ကို ကော်ပြီးသုတ်။ နောက် စက္ကူကပ်၊ ခဏနေရင် အမွေးပေါက်လမ်း အတိုင်းလို့ ဆတ်ကနဲ ဆွဲခွါရုံဘဲ။ ဒိထက် လွယ်သေးပြန်တာက တခါသုံး ပလပ်စတစ် အိတ်လေးထဲမှာ ဖယောင်းရော စက္ကူရော ကပ်ထားပြီးသာ။ ဘာမီး-လျှပ်စစ်မှ မလိုတော့ဘူး။

အကောင်း-အဆိုး
အမွေးတွေထူနေတာအတွက် ကောင်းတယ်။ ကြာကြာခံတယ်။ ၂-၈ ပါတ်ခံတယ်။ ရိတ်ရင် အခြေက ပါမသွားလို့ ရှည်လာတာ မြန်တယ်။ ဖယောင်းနဲ့ နုတ်ပြီး ပြန်ပေါက်တာက အရင်လောက် မသန်တော့ဘဲ ဒီနည်းနဲ့ ခဏခဏ နုတ်ရင် အမွေးနုလာစေမယ်။ ဒါပေမဲ့ အနာနဲနဲခံရမယ်။ ခဏပါ။ ပိုက်ဆံပိုသုံးရမယ်။ သူများဆီမှာ မျက်ခုံးမွေးအတွက် $12 နဲ့ တကိုယ်လုံးဆို $300 ကုန်မယ်။ တတ်ကျွမ်းသူကနေသာ လုပ်ပေးနိုင်တယ်။ နောက်ဘယ်တော့မှ မပေါက်တော့ဘူးတော့ မဟုတ်ပါ။

နုတ်တာ လမ်းကြောင်းမမှန်ရင် နောက်ပေါက်လာမဲ့ အမွေးက ကောက်ကွေးနိုင်တယ်။ အဆင်မပြေရင် သွေးနဲနဲ ထွက်နိုင်တယ်။ နီနေနိုင်တယ်။ ဆီးချို မကျသူတွေ မလုပ်သင့်ဘူး။ သွေးပြန်ကြောထုံးနေသူလဲ မလုပ်သင့်ပါ။ Retin-A, Renova, Differin or isotretinoin ဆေးသောက်နေသူတွေလဲ ရှောင်သင့်တယ်။ အရေပြားမှာ ကူးစက်ရောဂါရှိနေရင် ဆေးကုပြီးမှ လုပ်ရမယ်။ အရေပြားက သိပ်နု-သိပ်ပါးသူတွေ မကောင်းဘူး။ ဥပမာ စတီရွိုက်ဆေး လိမ်းနေသူတွေ။ ဝက်ခြံအတွက် Roaccutane ဆေး သုံးနေရင်လဲ အရေပြားက သိပ်ခြောက်နေလို့ မကောင်းဘူး။ ၆ လလောက် စောင့်ပါ။ အရေပြားပေါ် ကြွနေတဲ့ မှဲ့တို့ အသားပိုတို့ကို ဒီနည်းနဲ့ လုပ်မရပါ။ အောက်မှာ ရှနေတာ၊ အနာ၊ သွေးခြည်ဥတာ ရှိနေရင်လဲ မလုပ်သင့်ပါ။

Oil based lotions or creams ဆီပါတာတွေ မသုံးရပါ။ သီးသန့် ပေါက်နေတဲ့ အမွေးရှိရင် Tweezers ဒါမှမဟုတ် Electrolysis သုံး နုတ်ရမယ်။ ရှည်နေရင် ကပ်ကြေး၊ Electric razor တခုခုနဲ့ အရင် တိုလိုက်ရသေးတယ်။ မနာစေချင်ရင် ဖယောင်းနည်း မလုပ်ခင် Ibuprofen အနာသက်သာဆေး ၁ နာရီကြိုသောက်တယ်။ အဆင်မသင့်ရင် Staphylococcus aureus ပိုးကြောင့် Folliculitis အမွေးအိတ်ရောင်တယ်။ Antibiotics ပေးရတယ်။ ပြည်တည်တတ်တယ်။

ကိုယ်မွေးကို တခြား ဂရုစိုက်နည်းတွေလဲ ရှိပါတယ်။
• အမွေးကို အရောင်ဆိုး-ချွတ်နည်း Bleaching ကိုလဲသုံးတယ်။
• Shaving ရိတ်နည်းက အမွေးကို နောင်ဘယ်လိုမှ မပြောင်းလဲစေဘူး။
• Plucking ဈေးအချိုဆုံးနည်။ အမွေးကို ဘယ်လိုမှလဲ မပြောင်းလဲစေဘူး။ ရိတ်နည်းထက် ပြန်ပေါက်ဘို့နှေးတယ်။ ခဏခဏနုတ်ရင် အမွေးအခြေကို ထိခိုက်စေလို့ ပြန်ပေါက်တာ ပိုနှေးစေတယ်။
• Sugar Waxing ဆိုတဲ့ သကြားသုံးနုတ်နည်းလဲ ပေါ်ပြူလာဖြစ်လာတယ်။ ပူတင်း၊ ရေခဲမုံ့ စတာတွေအပေါ်မှာ သုံးတဲ့ သကြားရည် အပျစ်စားကို သုံးတယ်။ ရေမှာပျော်တဲ့အမျိုးမို့ ဖယောင်းထက် သန့်ရှင်းရတာ လွယ်ကူတယ်။
• Depilatories ဆေးနည်းလဲရှိတယ်။ Thioglycolate နဲ့ Sodium hydroxide or Calcium hydroxide ဆေးတွေ ရောသုံးတယ်။ အမွေးကို ၃-၁၅ မိနစ်အတွင်း ဂျယ်လီလိုဖြစ်ပြီး ပျော်သွားစေတယ်။ ဒီဆေးနည်း မလုပ်ခင် ၂ ရက် ကြိုတင် တည့်-မတည့်စမ်းသင့်တယ်။ အမွေးတွေ ရှင်းသွားရင် Hydrocortisone cream (ကော်တီဇုန်း) ဆေး လိမ်းပေးရင် သက်သာတာ မြန်မယ်။
• Electrolysis လျှပ်စစ်နည်း။ အမွေးအခြေထဲ အပ်သေးသေးထည့် လျှပ်စစ်နဲ့ မီးရှို့တာပါ။ တပင်ချင်း လုပ်ရတာ။ ခဏခဏလုပ်ရင် ရာသက်ပန် အမွေးပြန်မပေါက်တော့ဘူး။ ခက်တာက လိုင်စင်ထုတ်ပေးဘို့ တိတိကျကျ သတ်မှတ်ချက် မရှိသေးဘူး။ ခဏခဏဆိုတာ ၁ နှစ် ၁ နှစ်ခွဲ ကြာမယ်။
• Vaniqa နည်း။ ဆရာဝန် လက်မှတ်နဲ့မှ ဝယ်နိုင်တဲ့ ဆေးဖြစ်တယ်။ African sleeping sickness နဲ့ Cancer (ကင်ဆာ) တချို့အတွက်သုံးတဲ့ Eflornithine hydrochloride ဆေးပါတယ်။
• Laser လေဆာနည်း။ ခေတ်စားတာပါဘဲ။ လူတိုင်းကို လုပ်မရသလို ရာသက်ပန် မပေါက်မှာလဲ မဟုတ်ပါ။ အသားဖြူသူတွေ အမွေးနက်ပေါက်တာမျိုး ပိုအဆင်ပြေမယ်။

ကနေ့ခေတ် အမျိုးသမီးတွေက ဝတ်တာစားတာမှာ အတွင်းခံကအစ တိုရုံမက သေးသေး ငယ်ငယ်လာကြတယ်။ ဖေါ်တော့ ဖေါ်ချင်ပေမဲ့ နဲနဲတော့ အရှက်တရား ရှိသေးတယ်။ သဘာဝအတိုင်း ပေါက်နေတဲ့ ဆီးစပ်မွေးကို လုံအောင်ဆိုရင် သိပ်သေးမရလို့ ရေကူးဝတ်စုံ ဝတ်လို့ မလုံမှာတွေကို ဖယောင်းနည်းနဲ့ နုတ်ကြရတယ်။ တချို့ကလဲ ဒီလိုလုပ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတာတော့ ရှိတာပေါ့။

• အဲလို ပုံသွင်းသလို နုတ်နည်းကို American wax နဲ့ Bikini waxing ခေါ်တယ်။ (ဘီကီနီ) နဲ့ ရေကူးဝတ်စုံအတိုင်း အံကျပန်ကျ ဖုံးမဲ့နေရာ အောက်မှာသာ အမွေးရှိနေအောင် နုတ်ရတယ်။
• French waxing ပြင်သစ်နည်းကတော့ တမျိုး။ အထက်-အောက် အတန်းပုံဖြစ်ပြီး လေယာဉ် အဆင်းလမ်းလိုမို့ Landing strip လို့ ခေါ်တယ်။ လက်ချောင်း ၂ ချောင်း၊ ၃ ချောင်းသာ အထက်-အောက်ရှိပြီး၊ ဘေးတိုက်က ၄ စင်တီမီတာသာ ကျယ်တယ်။
• ပြောင်နေအောင် ရိတ်နည်း Full Brazilian ခေါ်တယ်။ ၁၉၆၆ ကနေဒါမှာ တွေ့ခဲ့တဲ့ အမွေးမပါတဲ့ ကြောင်လေး နာမည်ကို အစွဲပြုပြီး ဒီလိုနည်းကို Sphynx လို့လဲ ခေါ်ကြတယ်။ ရှေ့ရော-နောက်ပါ အမွေးမှန်သမျှ နုတ်တယ်။
• အဲလောက် မပြောင်တာမျိုးကို Partial Brazilian wax လို့ ခေါ်ကြတယ်။ မအင်္ဂါနုတ်ခမ်းသားနဲ့ ဝမ်းသွားပေါက်က အမွေးတွေပါ နုတ်ရတာကို Playboy wax or G-waxing လို့ နာမည် ပေးထားတယ်။
• မျဉ်းကြောင်းလေးလိုသာ ချန်ထားရင် Thong bikinis ဆိုတဲ့ ဒီဇိုင်နာ ဘီကီနီ (Metallic Micro G String Bikini, Metallic Snakeskin Thong Bikini, Polka Dot Micro Thong, Red Cheetah Bungie Bikini, Rhinestone Micro Bikini, Sea Saw Bikini, Sequin Scrunch Butt Bikini) တွေ ဝတ်လို့ အဆင်ပြေမယ်။

ကိုယ်မွေး ပုံဖေါ်တာမှာ ယောက်ျားများအတွက် Hitler's Moustache နဲ့ Chaplin's Moustache ဆိုတာတွေက အောက်သွားပြီထင်တယ်။ မိန်းကလေးများကတော့ Heart အသဲပုံဖေါ်ပြီး၊ Valentine's Day အတွက် (စပါယ်ရှယ်) လုပ်ကြပါသတဲ့။ (ရိုင်းတာပါရင် ကန်တော့ပါ။)

Dr. တင့်ဆွေ
၁၉-၅-၂ဝ၁၆
၂၄-၄-၂ဝ၁၈

Monday, April 23, 2018

Loka Niti လောကနီတိနှင့် ငြင်းခုန်ခြင်း

Loka Niti (1) လောကနီတိနှင့် ငြင်းခုန်ခြင်း (၁)

လောကနီတိ (၇၈)
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် ယူရာ၏။
• သူမိုက်ကို အလိုသို့လိုက်သဖြင့် ယူရာ၏။
• ပညာရှိကို အဟုတ်အမှန်ကို ပြောဆိုခြင်းဖြင့် ယူရာ၏။

ခေတ်သစ်လောကနီတိ
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် လိုခြင်တပ်မက်မှုကို အားပေးရာကျ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် အာဏာမှာ ကြာရှည်ယစ်မူးစေ၏။
• သူမိုက်ကို အလိုသို့မလိုက်ခြင်းဖြင့် ဆက်မမိုက်နိုင်တော့အောင် လုပ်ဆောင်ရာကျ၏။
• ပညာရှိစွာမဲပေးခြင်းဖြင့် တိုင်းပြည်ပါ ပညာရှိရာကျခဲ့လိုက်ကြ၏။

Loka Niti (2) လောကနီတိနှင့် ငြင်းခုန်ခြင်း (၂)

လောကနီတိ (၁၂ဝ)
• လောက၌ မင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ရဟန်းနှင့် ဗြာဟ္မဏတို့သည် တကြိမ်သာဆိုကုန်၏။
• ဘုရားအစရှိသော သူတော်ကောင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ဤသို့သောတရားသည် ရှေးသူတော်ကောင်းတို့၏ အကျင့်တည်း။

ခေတ်သစ်လောကနီတိ
• မြန်မာပြည်၌ အစိုးရတို့သည် ငါးနှစ်တကြိမ်သာဆိုကုန်၏။
• မတူသောဘုန်းကြီးတို့သည် မတူသောတရားတို့ကို ဟောကြားကြကုန်၏။
• တိုင်းသူပြည်သားတို့သည် အကြိမ်ပေါင်းများစွာဆိုကြကုန်၏။
• ဤသို့သောတရားသည်း ကျွန်ုပ်တို့၏ အကျင့်တည်း။

Loka Niti (3) လောကနီတိနှင့် ငြင်းခုန်ခြင်း (၃)

လောကနီတိ (၁၁၇)
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ဘုရင်မင်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ ပျက်၏။

ခေတ်သစ်လောကနီတိ
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ သာသနာပျက်၏။
• အစိုးရသည် တိုင်းပြည်ကောင်းစားရေးအတွက် ရောင့်ရဲမှုကင်းမူ ပြုတ်ကျ၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ တိုင်ပြည်ဂုဏ်ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ မျိုးဆက်ပျက်၏။

လောကနီတိနှင့် ငြင်းခုန်ခြင်း (၄)

စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

ခေတ်သစ်လောကနီတိ
မေးလာသောအခါတိုင်း မဖြေ၊ မေးနည်းစည်းကမ်းကျမှသာဖြေသော ကျွန်ုပ်အား ပညာရှိဟုမခေါ်ထိုက်။
သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ဆေးပညာစာတွေရေးနေသော ကျွန်ုပ်သည် သူမိုက်တော့မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆
၂၄-၄-၂ဝ၁၈

ဝေးတမြေခြားသူရယ်

တေးရေး - ရဲဘော်တင်ကိုး
ဆို - ကိုမြကြီး

ဝေးတမြေခြားသူရယ် https://www.facebook.com/100007897269685/videos/2104603033146252/

ဝေးတစ်မြေခြားသူရယ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၈

တခေတ်ပြောင်းခဲ့သည်

အိုးဝေအစစ်ခေတ်က မြန်မာစာ သတ်ပုံအစစ်ကို တင်ပြပါတယ်။

ကျောင်းတိုက်တခု
ဓမ္မာရုံကြီးတခု
ယခုတပတ်
တခေတ်ပြောင်းခဲ့သည်

အိုးဝေအတု ဒေါင်းအတုခေတ်မှာ မြန်မာစာလည်း အတုဖြစ်သွားတယ်။ မြန်မာစာ တခေတ်ပြန်ပြောင်းလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈
Photos from Min Swe Hnit ကျေးဇူး။

Page စာမျက်နှာ မကောင်းလှပါ

ဆရာခင်ဗျာ page က ပျက်သွားတာလား ဆရာရဲ့post တွေအရင်ဆိုမနက် ည အမြဲတွေ့နေရတယ် အခုမတွေ့ရလို့ ရှာကြည့်တာ like 140,000 ကျော်နဲ့ မြန်မာနာမည်နဲ့ Page တခုတွေ့တယ် အတုထင်လို့ Like မလုပ်ခဲ့ဘူး

ဟုတ်။ ကျွန်တော့်အမည် ကျွန်တော့်ဓါတ်ပုံနဲ့ အတုတွေရှိတယ်လို့ ပြောလာကြတယ်။ အဲဒီမှာ အမေး-အဖြေတွေလည်း လုပ်နေသတဲ့။

ကျွန်တော့်အစစ်လည်း လွန်ခဲ့တဲ့ ၂ ပတ်လောက်စပြီး အဆင်မပြေတော့ပါ။ Dr. Tint Swe https://www.facebook.com/drtintswe/?sw_fnr_id=979232012&fnr_t=0 စာမျက်နှာမှာ D ဒီ သည် အဲတာ အဲဒါ အဲ့ ပို့စ်ကကစပြီး 1 person reached သာတွေ့ရတယ်။ အဲတာအရင် KG Politics သူငယ်တန်း ပြန်ဆင်းရခြင်း မှာ 7,542 people reached ရှိခဲ့ပါတယ်။ မေးခွန်းကို ဖြေတာတိုင်း This person isn't available right now. လို့သာပေါ်တော့တယ်။

အဲတာနဲ့ April 9 at 9:03pm · အချိန်မှာ Page ပျက်နေလို့တင်လိုက်ပါတယ်။ ပေ့ခ်ျ အသစ်တခု Health and Knowledge Writings https://www.facebook.com/Health-and-Knowledge-Writings-183401575792494/ ကို April 9 at 9:10pm · အချိန်မှာလုပ်လိုက်တယ်။
စစ်သူကြီးနှင့် သားနှစ်ယောက် 18,766 people reached
ဥမ္မာဒန္တီပျို့ 12,956 people reached
တစ် သမိုင်း သံခိပ် 17,511 people reached
How to live with Hepatitis C positive person စီပိုးရှိသူနဲ့ အတူနေရသူတွေ 17,879 people reached
Advice for Water festival သင်္ကြန်တွင်းကျ ယူကျုံးမရမဖြစ်ရအောင် 23,141 people reached
Water in ear သင်္ကြန်နား 29,390 people reached

ကျွန်တော့်အမည်မပါတာ သတိမထားမိလိုက်ပါ။ အဲတာနဲ့ ဒေါက်တာတင့်ဆွေ စာမျက်နှာသစ် Page လုပ်ရပြန်တယ်။ နောက်ဆုံးအသစ်မှာ
အင်ဒီယာနာ အိုင်းကလင်းနစ် 478 people reached
ကော်ဖီ မသောက်ရသေး 485 people reached
ဖိုးသူတော်အိမ် 675 people reached
ကွိ 539 people reached

Health and Knowledge Writings ကိုပဲသုံးရမလား၊ ဒေါက်တာတင့်ဆွေ စာမျက်နှာသစ်သုံးရမလား မသိသေး။ တင်စရာနေရာတွေများတာ မကောင်းပါ။ မနိုင်ပါ။ Tint Swe အမည်နဲ့ အီးမေးလ်မတူတဲ့ ဖေ့စ်ဘွတ်က ၂ ခုနဲ့ ဘလော့ကတခုရှိသေးတာ။
1. https://doctortintswe.blogspot.com/
2. https://www.facebook.com/tint.swe.dr
3. https://www.facebook.com/profile.php?id=100010441749295

သည်အတိုင်းတော့ မစွန်သေးပါ။ Inbox ထဲမှာ မေးခွန်း ၄-၅ ခုသာရနေတယ်။ မေးခွန်းမေးသူတွေ အဆင်ပြေစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

ပုံပြင်စကား တကြိမ်ကြားက

မြင့်သွန်းတရာ၊ ယူဇနာဖြင့်
ကျွန်းချာမှန်ကူ၊ သပြေဟူသား
ဇမ္ဗူရုက္ခ၊ သီးချိုမြကို
စားစရလျှင်၊ စားချင်ချင်သို့
ပုံပြင်စကား၊ တကြိမ်ကြားက
ဖန်များနားဝ၊ နားအီလှသည်
ဆုံးမခံတတ်၊ မင်းသားမြတ်။

ရှင်မဟာရဋ္ဌသာရ ရေးသာတဲ့ သံဝရပျို့ အပိုဒ် (၃၉) ဖြစ်ပါတယ်။ သံဝရမင်းသားငယ်ဟာ ရှေးစကားပုံပြင်တွေကို နားထောင်လို့မဝနိုင်ကြောင်း ဖွဲ့ဆိုထားတာဖြစ်ပါတယ်။

ခုခေတ်မှာတော့ တချို့က ရှေးကတည်းအမှန်ရေးသားခဲ့တဲ့ မြန်မာစာသတ်ပုံတွေကို နားခါးနေကြသတဲ့။ မြင့်သွန်းတစ်ရာလို့ ရေးနေကြတယ်။ တစ်ကြိမ်ကြားကလို့ ရေးနေကြတယ်။ ဆုံးမ မကြိုက် လူတသိုက်တည့်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈

Appendicitis treatment with Antibiotics အူအတက်ရောင်တာ မခွဲဘဲရသလား

၁။ ဆရာ လူနာက ကျွန်မရဲ့ အမပါ အသက် ၃၀ အိမ်ထောင်ရှိ အမျိုးသမီးပါ ကိုယ်ဝန် ၇ ပါတ်ပါ အရင်က အူအတက် နာဖူးပါတယ် အဲ့ဒီ့တုန်းက စားဆေးနဲ့ပျောက်ခဲ့ပါတယ် အခု ကိုယ်ဝန် ၇ ပါတ်ထဲမှာမှ အူအတက်ဘက်က ပြန်နာ လာလို့ ultrasound ဒီနေ့ သွားရ်ုက်ပါတဟ် ဆရာ အဖြေမှာ အူအတက်က 4.5 cm ရှည်နေတယ်လို့ ပြောပါတယ် ဆရာဝန်က စားဆေးပေးလိုက်ပါတယ် ဒီတရက်စာ သောက်လို့ ကုန်ပါပြီ ဆက်စားဖို့ ပြောပါတယ် လူနာက ကလေး ထိခိုက်မှာ စိုးရိမ်နေပါတယ်ဆရာ ကလေးကြီးထွားလာရင်ရော အူအတက်ကို ပိုစိုးရိမ်လာရမလားဆရာ နောက်ပြီး အ့အတွက် ဆေးသောက်တာ ကိုယ်ဝန်ထိ ခိုက်နိုင်မလားဆရာ မခွဲစိတ်ချင်လို့ ပါရှင့် ကျေးဇူးပြု ပြီး ဖြေပေးပါဦးနော် ဆရာရှင့်

၂။ ဆရာ ကျွန်မ အူအတက်ခွဲထားတာ ၃ ပတ် ရှိပြီ။ မန်းရေထွက်နေတုန်းပဲဆရာ။ flumix တနေ့ ၃ ကြိမ် သောက်တယ်ဆရာ။ အကြံပေးပါအုံးဆရာရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

အူအတက် ရောင်တယ်ဆိုတာ အဆင့် အမျိုးမျိုးရှိတယ်။
ပဌမတမျိုး Acute Appendicitis ရုတ်တရက် ရောင်ခြင်း
• ချက်ချင်း ဗိုက်နာမယ်၊ နာတာကလဲ မခံမရပ်နိုင်အောင် နာမယ်၊ နာတဲ့နေရာက ဗိုက် အောက်ပိုင်း၊ ညာဘက် ဒေါင့်နေရာမှာ တိတိကျကျ နာမယ်။ လမ်းလျှောက်ရင် ခါးမတ်ပြီး မလျှောက်နိုင်ဘူး။
• ဆရာဝန်က (၁) အူအတက်ရှိတဲ့ သတ်သတ်မှတ်မှတ် နေရာကို ဖိရင် လူနာမှာ ပိုနာလာတယ်။ (၂) အူအတက် ရှိရာ နာတဲ့နေရာ အောက်တည့်တည့်ကို ဖိထားရင်း ဆတ်ကနည်း ဖိထားတဲ့လက်ကို လွှတ်လိုက်တဲ့အခါ တချက် ထပ်နာလိမ့်မယ်။ (၃) ဗိုက်အောက်ပိုင်း ဘယ်ဘက် (ပြောင်းပြန် နေရာ) ကို ဖိပြီး ညာဘက်ဆီ တွန်းကြည့်ရင် အူအတက်ရှိတဲ့နေရာမှာ နာလာမယ်။
• အဖျား နည်းနည်းကနေ များများအထိ တက်နေမယ်။ တချို့ အန်မယ်။
• အထဲမှာ အူအတက်က ရောင်နေလိမ့်မယ်။ ရောင်တယ်ဆိုတာ ဖေါင်းနေမယ်၊ နီနေမယ်။ မန်းရည်လေးတွေ ထွက်လာနေမယ်။
• ဒီအဆင့်တွေ့ရင် ချက်ချင်း နေ့နေ့ ညည ခွဲစိတ်ကုသရမယ်။

ဒုတိယတမျိုး Appendiceal abscess အူအတက် ပြည်တည်ခြင်း
• မခွဲဘဲ နေရင် ပိုဆိုးလာနိုင်တယ်။
• အူအတက်က ရောင်ရာကနေ ပြည်တည်လာမယ်။
• အူအတက် ဗိုက်ထဲမှာ ပေါက်ထွက်လို့ အရေးပေါ် ခွဲစိတ်ကုသရမယ်။

တတိယတမျိုး Chronic Appendicitis or Appedicular lump ရက်ရှည် ဒါမှမဟုတ် အစိုင်အခဲဖြစ်ခြင်း
• တကယ်လို့ ပြည်မတည်ဘဲ၊ ဆေးတွေဘာတွေ သောက်လို့၊ ပိုးကလဲ အပြင်းစား မဟုတ်လို့၊ လူနာကလဲ ကိုယ်ခံ ကျန်းမာရေး ကောင်းလို့ဆိုရင် သက်သာလာမယ်။ ဒါပေမဲ့ စိတ်မချရသေးဘူး။
• ဆရာဝန်ကနေ စောစာကအတိုင်း စမ်းသပ်ရင် သိပ်ကြီးမနာဘူး။ ဒါပေမဲ့ အူအတက်ရှိရာမှာ အစိုင်အခဲလို စမ်းတွေ့မယ်။ သူ့ကို ဖိကြည့်ရင်တော့ နာပေမဲ့ သိပ်အနာကြီး မဟုတ်ဘူး။ အဖျားလဲ ကျနေနိုင်တယ်။
• ဒီအဆင့်တွေ့ရင် မခွဲသေးဘဲ ဆေးပေးမယ်။ ၃ လလောက်နေရင် အေးအေးဆေးဆေး ခွဲစိတ်ထုတ်ပြစ်ရမယ်။

နောက်ပြီး နေရာကတော့ အူအတက်ဖြစ်ပေမဲ့ တခြားအင်္ဂါတွေမှာ ရောဂါရတာလဲ ဖြစ်တယ်။ ဥပမာ အမျိုးသမီးဆိုရင် သားအိမ် ညာဘက်ပြွန်ရောင်တာ၊ သံကောင်၊ အူမကြီးရောင်တာ၊ အူထဲကို အူတိုးဝင်တာ၊ တခြားရှာပါးတာတွေ ဖြစ်နိုင်တယ်။

Complications of appendicitis အူအတက်ရောင်တာ ဘာဆက်ဖြစ်နိုင်သလဲ -
• အများဆုံးဖြစ်နိုင်တာက Perforation ပေါက်ထွက်တာပါ။ အူအတက်ရောင်လို့ စပြီးနာတဲ့နောက် ၃၆ နာရီအကြာမှာ လူနာ ၁၅% က ပေါက်ထွက်နိုင်တယ်။
• Peri-appendiceal abscess ပြည်တည်နာ ဖြစ်နိုင်တယ်။
• Diffuse peritonitis ဗိုက်အတွင်းဖုံးအလွှာ ရောင်နိုင်တယ်။
• အဖြစ်နည်းတဲ့ နောက်ဆက်တွဲ ရောဂါကတော့ Obstruction of the intestine အူပိတ်ဆို့တာ ဖြစ်တယ်။
• ကြောက်စရာကောင်းတာက Sepsis ရောဂါပိုးတွေ သွေးထဲရောက်တာ ဖြစ်တယ်။

ဆွီဒင် သုတေသနတခုအရ -
• အသက် ၁၅-၅ဝ နှစ်အရွယ် ယောက်ျား ၂၅၂ ယောက်ကို လေ့လာထားတယ်။ ရောင်တယ်၊ နာတယ်ဆိုသူတွေကိုသာ လေ့လာတာ ဖြစ်တယ်။ ပေါက်ထွက်သူမပါဘူး။ ပိုးသေဆေးကို အကြောထဲ ၂ ရက်သွင်းပေးပြီး ပါးစပ်ကနေ ၁ဝ ရက် ဆက်သောက်စေတယ်။ ၂၄ နာရီအတွင်း ဆေးကနေ မနိုင်ရင် ခွဲစိတ်ရတယ်။
• အနည်းငယ် နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ပဋိဇီဝဆေးပေးရင် ပေါက်ထွက်သွားတာ နည်းတယ်။ ဘယ် % က မခွဲဘဲနေလို့ရသလဲ ပြောဘို့ခက်တယ်။ ပြန်ဖြစ်-မဖြစ်လဲ ပြောမရဘူး။
• ၁၅ ယောက် (၁၂%) ဟာ ဆေးပေးနည်း တခုထဲနဲ့မရဘူး။ ခွဲစိတ်ပေးလိုက်ရတယ်။
• ခွဲတော့ ၅% က ပေါက်ထွက်တဲ့ အဆင့်ရှိနေတာ တွေ့ရတယ်။ ဒါ့ကြောင့် ၂၄ နာရီစောင့်တာ ပိုမဆိုးဘူး။
• ၈၈% က မခွဲရဘဲ သက်သာကြတယ်။ ဒါ့ကြောင့် အနည်းငယ် နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ဆေးပေးကုသတာ ထိရောက်မှု ကောင်းတယ်။ နောက် ၅ နှစ်ကြာတော့ ၂၄% ဟာ ပြန်ဖြစ်တယ်။ တနှစ်အတွင်းဖြစ်ကြသူက ပိုများတယ်။ ပြန်ဖြစ်သူတွေကို ခွဲစိတ်ကုသရမယ်။
• သုတေသနကို ချုပ်ကြည့်ရင် အနည်းငယ် နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ခွဲစိတ်ဘို့ မလုပ်ချင်သူ၊ အခွဲမခံနိုင်သူ၊ ခွဲမပေးနိုင်တဲ့နေရာ ဆိုရင် ပိုးသေဆေး ပေးတာဟာ ကျေနပ်စရာနည်း ဖြစ်တယ်။
• World Journal Surgery မှာ ၂၇-၉၂ဝဝ၆ နေ့က ထုတ်ပြန် ရေးသားချက် ဖြစ်ပါတယ်။ (ယောက်ျား-မိန်းမ ဒီရောဂါမှာ ကွာစရာမရှိပါ။)

ပြင်သစ်သုတေသနတခုအရ -
• ပဋိဇီဝဆေး ၂ မျိုးတွဲ (Amoxicillin + Clavulanic acid) ပေးတာဟာ Uncomplicated acute appendicitis ပြဿနာမကြီးတဲ့ အူအတက်ရောင် ရောဂါအတွက် ကောင်းတယ်။
• ပြင်သစ် ဆေးတက္ကသိုလ်-ဆေးရုံ ၆ ခုက အသက် ၁၈ နှစ်အထေက် လူနာ ၂၄၃ ယောက်ကို စမ်းသပ်တာဖြစ်တယ်။
• လူနာတဝက်ကို Amoxicillin + Clavulanic acid (3 g/day) ၈ ရက်ပေးတယ်။ ကျန်တဲ့ တဝက်ကို Emergency appendicectomy အရေးပေါ် ခွဲစိတ်မှု လုပ်ပေးတယ်။ ဆေးကုနည်းတွေ လုပ်ပြီးနောက် ရက် ၃ဝ အကြာမှာ Peritonitis ဗိုက်အတွင်းလွှာရောင်သလား၊ မရောင်ဘူးလား၊ ဆန်းစစ်တယ်။
• ဆေးချည်းပေးထားသူထဲက ၈% မှာ ဗိုက်အတွင်းလွှာ ရောင်ပြီး ခွဲစိတ်ပေးသူထဲက ၂% မှာ ဗိုက်အတွင်းလွှာ ရောင်တယ်။
• ခွဲစိတ်ပေးသူတွေထဲက ၁၈% မှာ စောစာက CT-scan assessment လုပ်ထားပေမဲ့ မထင်မှတ်ဘဲ ရှုတ်ထွေးတဲ့ အူအတက်ရောင်တာနဲ့ ဗိုက်အတွင်းလွှာ ရောင်တာပါ တွေ့ရတယ်။
• ဆေးချည်းပေးထားသူတွေထဲက ၁၂% ကို ခွဲစိတ်ပေးလိုက်ရတယ်။
• မခွဲရသေးသူထဲက ၂၆% မှာ တလ နဲ့ တနှစ်အတွင်း ပြန်ဖြစ်ကြတယ်။
• သုတေသနကို ချုပ်ကြည့်ရင် Acute uncomplicated appendicitis ချက်ချင်းဖြစ်၊ ပြဿနာလဲမပါ၊ အူအတက်ရောင်တာအတွက် Emergency appendicectomy အရေးပေါ် ခွဲစိတ်ကုသခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
• ၅-၅-၂ဝ၁၁ Lancet မှာ ထုတ်ပြန် ရေးသားချက် ဖြစ်ပါတယ်။

ဒုတိယမေးသူ အခုရေးပြတဲ့အထဲက ဘာနဲ့ အနီးစပ်ဆုံးလဲ။ ဘယ်အဆင့်လဲ။ အဖျားနဲ့ အနာကိုကြည့်ရင် မှန်းလို့ရတယ်။ ၄ ရက်အထိ နေနိုင်ရင် အူအတက် ပေါက်ထွက်တာ ပြည်တည်နေတာ မဟုတ်နိုင်တော့ဘူး။ လူနာကို မစမ်းရပေမဲ့ ဒုတိယအမျိုး နဲ့ တတိယအမျိုးကို သံသယရှိတယ်။

အကြံပေးရရင် ပဋိဇီဝဆေး ထိုးရမယ်။ သောက်ရင်လဲရတယ်။ အစားအသောက် လုံးဝဆင်ခြင်ပါ။ အမာမစားရ။ ထမင်း-ခေါက်ဆွဲ မစားရ။ ရေ-အရည် ကိုသာသောက်ပြီး D/W + D/S (ဒရစ်) သွင်းရမယ်။ တနေ့ ၃-၄ လုံးသွင်းရမယ်။ ဆေးမဟုတ်ပါ။ ပါးစပ်က မစားရလို့ အားနည်းတာ ကာမိဘို့သာ ဖြစ်တယ်။ သက်သာလာမှ ဆန်ပြုတ် စတာမျိုး သောက်ရမယ်။ ဝမ်းနုတ်ဆေး မသောက်ရ။ မသက်သာရင် ခွဲသာခွဲပါ။ ကိုယ်ဝန်ပါတွဲရှိနေသူကို စမ်းသပ်ကုသပေးနေတဲ့ အိုဂျီညွှန်တာ လိုက်တာပါ။

ဓါတ်ပုံ = ၂၂-၄-၂ဝ၁၄ နေ့က ယမုန်နာဆေးခန်းမှာခွဲစိတ်ပေးတဲ့ အူအတက်

Dr. တင့်ဆွေ

တခေတ်ပြောင်းခဲ့သည်

အိုးဝေအစစ်ခေတ်က မြန်မာစာ သတ်ပုံအစစ်ကို တင်ပြပါတယ်။

ကျောင်းတိုက်တခု
ဓမ္မာရုံကြီးတခု
ယခုတပတ်
တခေတ်ပြောင်းခဲ့သည်

အိုးဝေအတု ဒေါင်းအတုခေတ်မှာ မြန်မာစာလည်း အတုဖြစ်သွားတယ်။ မြန်မာစာ တခေတ်ပြန်ပြောင်းလာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈
Photos from Min Swe Hnit ကျေးဇူး။

Flowering Dogwood ဒီမှာ ပွင့်နေတဲ့ပန်း

နာမည်က ဆန်းတယ်။ တချို့က ချယ်ရီမှတ်နေကြတယ်။ Cornus florida လို့လည်းခေါ်တယ်။ Flowering Dogwood လို့ မှတ်ရတာက လွယ်တယ်။ Cherokee Princess Flowering Dogwood လို့လည်းခေါ်တယ်။ Cherokee ဆိုတာ ဌာနေအင်ဒီယန်းလူမျိုး။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈

Toast ဘိုစာ မနက်စာ

တခြားနိုင်ငံတခုမှာနေရတဲ့ သူငယ်ချင်းက စားကောင်းသောက်ဖွယ်တွေ တင်ထားတယ်။ သူ့ဆီမှာက နေ့လယ်စာ။

ကျွန်တော့မှာ ကော်ဖီနဲ့ ပေါင်မုံ့မီးကင်။ ဘိုဆန်တယ်တော့ မထင်နဲ့။ စာရေးရင် လက်တဖက်တည်းနဲ့ ပြီးနိုင်တာ။ အီးမေးလ်က မေးတာတွေနဲ့ မက်ဆင်ဂျာမေးတာတွေ ဖြေပြီးသွားပြီ။ ပေါင်မုံ့ကုန်ပြီ။

ရေနွေးတအိုးတည်ရတယ်။ ကော်ဖီတဝက် ကျန်သေးတယ်။ မက်ဆေ့ကလာတာတွေ ဖြေရဦးမယ်။ မက်ဆင်ဂျာက ထပ်လာနေတာလည်း မြင်နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈

39 ၃၉ နှစ်

မင်္ဂလာပါ ဘဘဆရာ တားရဲ့ ကောင်းမလေးက အသက် ၃၉ရှိပါပြီ ရာသီမလာဘူးဖြစ်နေတယ် ဘာကြောင့်ပါလဲဆရာ

သားလို့ရေးချင်တာကို တား၊ ကောင်မလေးလို့ရေးချင်တာကို ကောင်းမလေးလို့ရေးတာတော့ ဗွေမယူလိုပါ။ ထပ်ခါထပ်ခါ ပို့နေရတဲ့ အဘရောဂါစာပို့လိုက်ပါတယ်။

ဒီပို့စ်လေးမှာ ရေးလိုတာက ကောင်မလေး။ အသက် (၃၉) နှစ်။

အဲလိုပဲ သမီးကောင်လေးလို့လည်းရေးကြတာ ခဏခဏလာတယ်။ သမီးကောင်လေးလည်း (၃၉) နှစ်ပဲလား မသိ။ အဲလိုသာဆိုရင် သမီးဆိုသူက့ နှစ်လောက်နေမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၇
၂၃-၄-၂ဝ၁၉

သတ်ပုံကျမ်း

ဆရာ သတ်ပုံကျမ်းမှာ တစ်စုံတစ်ရာလို့ဘဲ တွေ့တယ်ဆရာ။ ကျန်းမာရေး ဗဟုသုတ နဲ့ စာလုံးပေါင်း သတ်ပုံ အမြဲ ညွှန်ပြပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။

သတ်ပုံကျမ်းဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေလို တခုတည်းသာရှိရတာ မဟုတ်ပါ။ အသစ်ရေးလို့ အဟောင်းဖျက်ရတာမျိုးလည်း မဟုတ်ပါ။ ကျွန်တော့်လက်ထဲမှာ သတ်ပုံစာအုပ် ၄ အုပ်ရှိနေတယ်။ သားတယောက်အခန်းထဲမှာ ရှိသေးတယ်။ သားတယောက်ရဲ့ စာကြည့်တိုက်မှာလည်း ရှိသေးတယ်။ မတူတဲ့ သတ်ပုံကျမ်းတွေပါ။ အားလုံးက အသုံးကျတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈

Sunday, April 22, 2018

အိမ်နောက်ဖေးက အကြော်ဆိုင်

ကနေ့ သားတယောက်က ဗရာကြော် ကြော်တယ်။ အတော်ကောင်းတယ်။ ကျွန်တော်က အိန္ဒိယမှာ ၂၄ နှစ်သာကြာခဲ့တာ အဲဒီကအစားအသောက်တွေကို မခုံမင်ပါ။ မယ်ဆလာဆို ရှောင်ပြေးချင်တယ်။ တောင်ပိုင်းအစားအသောက်တော့ အတော်များများစားလို့ရတယ်။ ဗရာကြော်လည်းပါတယ်။

နောက်သားတယောက်လည်း သူ့အိပ်မှာ ထမင်းကြော်သတဲ့။ ကြာသတဲ့။ အဲတာ သူ့ဖရင်းတယောက်ကနေ အားပေးတယ်။ လူကတော်ပြီး ဒယ်ကညံ့လိုနေမယ်တဲ့။

ကျွန်တော် မြို့သာမှာနေရတုန်းက မန္တလေးကိုသွားရတော့ အန်တီအေးက အိမ်ဖေါ်မလေးကို ခရမ်းသီးချက်ထားနှင့်လို့ မှာထားခဲ့တယ်။ ပြန်ရောက်တော့ ဟဲ့ ရွှေစုံ့ ခရမ်းသီးကို ဘာနဲ့ချက်သလဲမေးတယ်။ ဒယ်အိုးနဲ့ချက်တယ်ရှင့်တဲ့။

မရွှေစုံက စကားယဉ်ကျေးတယ်။ မေးခွန်းကိုလည်း အတည့်ဖြေတတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၈

Guest ဧည့်သည်လုပ်ရရင်

သာဓုရေးတဲ့ဝတ္ထုကိုရိုက်တဲ့ ရုပ်ရှင်အကြောင်းရေးမှာ မဟုတ်ပါ။ ဧည့်သည်လုပ်ရရင် နေရာရော အစားအသောက်ပါ ရွေးသင့်ကြတယ်။

တွေ့ချင်သူ တွေ့ချင်သူတွေနဲ့ စကားပြောစရာ နေရာကောင်းလိုတယ်။ သူ့အိမ် ကိုယ့်အိမ်မှာ အဆင်ပြေတာလည်းရှိ။ တခြားနေရာသွားတွေ့တာမျိုးက ပိုအဆင်ပြောတာမျိုးလည်းရှိတယ်။

ပရိသတ်များရင် စကားလည်း ရွေးရတယ်။ ပရိသတ်ဆိုတာက အမျိုးမျိုး။ စကားကုန်ပြောမရတာ ရှိတတ်တယ်။ တချို့ကတော့ ဘယ်သူရှိနေနေ များလေကြိုက်လေ၊ ပြောတာလည်း ကျယ်လောင်လေ။ ကိုယ်ရည်သွေးချင်သူတွေ။

အရွယ်အရ ရွေးရတာက အစားအစာ။ ဆိုင်စာတွေက အဆင်မပြေတာများတယ်။ ငန်တာတွေ၊ ဟင်းချိုမှုန့် အသားမှုန့် ပါတာတွေ။ စားစရာများပေမဲ့ ရှားပြီ။ စားချင်တာ မေးပြောထားပြီး ချက်ကျွေးတာက ကောင်းတယ်။ အားမနာရတဲ့ အိမ်ရှင်မှသာ ဖြစ်တယ်။ ဂျီးများတဲ့ ဧည့်သည်။

စားသောက်ဆိုင်မှာ တင့်တယ်တာမျိုးလည်းရှိပါတယ်။ ပိုက်ဆံကုန်တယ်။ ဂုဏ်တက်တယ်။

လူချင်းမတွေ့ဖူးတဲ့ဖရင်းကို အထင်တကြီးနဲ့ ကြိုဆိုဧည့်ဝတ်ပြုတော့ ပက်ပင်းတွေ့မှ ဖွတ်သာသာလို့ သိတာမျိုးလည်း ရှိတတ်တယ်။ ဆောရီး။ Smile!

နွေးထွေးမှုကတော့ ဘယ်နေရာမှာ ဘာစားရစားရ လိုတယ်။ ဧည့်သည်မှာက ကံပါမှ။ အိမ်ရှင်နဲ့လည်း ရေစက်ပါမှ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၈

TB Medicines Side Effects တီဘီဆေးတွေနဲ့ ဘေးထွက်သက်ရောက်မှုများ

၁။ သမီးနာမည့့် ပါ အသက်က ၃၃ပါ နေတာက စမ်းချောင်းရန်ကုန်ပါ သမီးရောဂါစဖြစ်တာက လည်ပင်းဘေးမှာ အကျိတ်စဖြစ်တာပါ ဆေးခန်းပြ ဆီးစစ် သွေးစစ် ဓာတ်မှန်ရိုက် အကြိမ်ကြိမ်လုပ်ပါတယ် အဖြေမထွက်ပါဘူး နောက်ဆုံး ခွဲပြီး အသားစကိုစစ်တော့မှ TV လို့ အဖြေထွက်လာပါတယ် အခုလက်ရှိသမီး TV ဆေးသောက်နေပါတယ် ဆေးသောက်နေရင်းက ခြေလက်တွေဖောလာလို့ပါ သမီးဆေးသောက်တာ ၁လခွဲရှိပါပြီ သမီးနဲ့ TV ဆေးနဲ့မတဲ့တာလား TV ဆေးသောက်ရင် ဖောတတ်တာလား မသိလို့ပါရှင့် သမီးစာထဲမှာ အမှားပါရင် ခွင့်လွှတ်ပြီးပြန်လည်ဖြေကြားပေးပါနော် ကျေးဇူးတင်ပါတယ်ဆရာရှင့်

အရင် ၆ နှစ်ကတယောက်နဲ့ အခုနောက်တယောက်ကမေးပါတယ်။ TB လို့ ရေးရတယ်။ မေးခွန်းမှာ လူအမည် မလိုအပ်ပါ။

၂။ TB ဆေး စသောက်နေရပါပြီ။ TB ဆေးစသောက်ပြီးနေ့တွင် နှုတ်ခမ်းများတုန်ခြင်း။ ခန္ဓာကိုယ်တုန်ခြင်း။ ဆီးမှာ ပန်းရောင်ဖြစ်နေခြင်း။ ခန္ဓာကိုယ်လေးလံနေခြင်းများ ဖြစ်ပါသည်။ အဲ့ဒါများသည် ပုံမှန်လက္ခဏာများလားဟု သိချင်ပါသည်။ တခြား မည်သည့်ခံစားချက်များ၊ လက္ခဏာများ ဖြစ်နိုင်ပါသေးသနည်း။ ယင်းလက္ခဏာများကို ဘယ်နှစ်လ ခံစားရပါမည်နည်း။ TB ဆေးကို ၆ လ (သို့) ၉ လ သောက်ရမည်ဟု ပြောပါသည်။

TB တီဘီရောဂါဟာ သူ့အလိုလို မပျောက်ပါ။ ဆေးမကုဘဲနေရင် ရောဂါနဲ့ သေဆုံးနိုင်တယ်။ ဆေးကို မှန်မှန် မသောက်ရင်လဲ သက်သာယုံတော့ ရှိမယ်၊ ရောဂါပြန်ဖြစ်ပြီး ဆေးကုဘို့ မလွယ်တာဖြစ်လာမယ်။ တီဘီရောဂါကို ပိုးသေဆေးတွေ တမျိုးမက သုံးရတယ်။ တီဘီပိုးကနေ ဆေးမယဉ်စေဘို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ၆ လကနေ ၉ လ အထိပေးရတာများပြီး တချို့ကို ၁၂ လအထိ ပေးရတယ်။ တီဘီဆေးတွေဟာ တခြား ဆေးတွေနဲ့စာရင် စိတ်ချရတယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ သေခြာပေါက်ရှိပါတယ်။ တချို့က သာမန်ဖြစ်ပြီး တချို့ကတော့ ပိုဆိုးတယ်။ အရေးကြီးတာက ဆေးတွေက တကယ်စွမ်းပါတယ်။ Streptomycin, Ethambutol, Pyrazinamide, Rifampin နဲ့ Isoniazid (INH) ဆေးတွေကို အများဆုံး သုံးတယ်။

ဘေးထွက်သက်ရောက်မှုများ
• အစာစားချင်စိတ်နည်းမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ကိုယ်ပူမယ်၊ (၃ ရက်မကဖျားနိုင်တယ်)
• ဗိုက်အောင့်မယ်၊
• လက်ချောင်း-ခြေချောင်းတွေ နဲ့ ပါးစပ်နေရာတဝှိုက်မှာ ကျင်မယ်၊ ထုံမယ်၊
• အရေပြားမှာ အနီစက်တွေပေါ်မယ်၊
• သွေးထွက်လွယ်မယ်၊
• အဆစ်တွေနာမယ်၊
• ခေါင်းမူးမယ်၊
• မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်၊
• နားထဲ အသံတွေမည်နေမယ်၊ နားအကြားမကောင်းဖြစ်လာမယ်။
• ဆီး၊ တံတွေး နဲ့ မျက်ရည်တွေ ဝါမယ်။ ကိုယ်အတွင်းထဲက အရည်တွေလဲ ဝါနေမယ်၊
• နေရာင်ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ Sunscreen သုံးပါ။
• Rifampin ဆေးနဲ့ ကိုယ်ဝန်တားဆေး တွဲသောက်ရင် ဒါမှမဟုတ် ကိုယ်ဝန်တား-အရေပြားအောက် ထားရတဲ့ဆေးချောင်း သုံးရင် ကိုယ်ဝန်တားစေတဲ့အစွမ်း နည်းစေမယ်။ Rifampin ဆေးနဲ့ Methadone ဆေး တွဲသောက်ရင် ဆေးဖြတ်လက္ခဏာတွေ ပိုများစေတယ်။ Rifampin ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

• Streptomycin ထိုးဆေးက Ototoxicity နားကိုထိခိုက်စေနိုင်တယ်။ အသက်ကြီးသူတွေနဲ့ ကျောက်ကပ် သိပ်မကောင်းရင် သိတာမယ်။ နားထဲမှာ အသံတဝီဝီ မည်နေမယ်။ ဆီးနည်းမယ်။ ဆီးထဲမှာ အနယ်ပါတတ်တယ်။ အရေပြား အနီစက်တွေ ထွက်နိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။

• Ethambutol ကနေ မျက်စိကို ဒုက္ခပေးနိုင်တယ်။ Optic neuritis ခေါ်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။ အဖျားပိုင်းနေတဲ့ အာရုံကြောတွေထိခိုက်လို့ ထုံတာ-ကျင်တာဖြစ်မယ်။

• Pyrazinamide ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အဆစ်နဲ့ ကြွက်သားတွေနာမယ်။ ဆိုးလှတာတော့ မဟုတ်ပါ။ ဂေါက်ရောဂါ ရှိရင်တော့ ပိုဆိုးနိုင်တယ်။

• Isoniazid ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။

ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှုနဲ့ ရောဂါကို ချိန်ဆရတယ်။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ညွှန်မှသာ ဆေးသောက်မယ်။ ဆေးဖြတ်မယ်။ ဆေးပြောင်းမယ် လုပ်ရပါမယ်။ ဆေးသောက်တာစနစ်မကျရင် ဆေးယဉ်တီဘီ ဖြစ်နိုင်တယ်။ ဆောရီး။

TB writing links တီဘီရောဂါစာများ
1. BCG vaccine တီဘီ ကာကွယ်ဆေး http://dts-medicaleducation.blogspot.in/2013/01/bcg-vaccine.html
2. Bone tuberculosis အရိုး တီဘီ http://doctortintswe.blogspot.com/2014/10/bone-tuberculosis.html
3. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
4. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
5. Intestinal Tuberculosis အူ တီဘီhttp://dts-medicaleducation.blogspot.in/2013/01/intestinal-tuberculosis.html
6. MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ http://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html
7. MDR-TB ဆေးယဉ်တဲ့ တီဘီ http://dts-medicaleducation.blogspot.in/2013/11/mdr-tb.html
8. More money needed to beat TB တီဘီရောဂါနှိမ်နင်းရန် ဒေါ်လာ ၅၆ ဘီလီယန်လိုအပ်
9. Pleural effusion အဆုပ်အိတ်ထဲ အရည်အောင်းခြင်း http://doctortintswe.blogspot.com/2016/12/pleural-effusion.html
10. Primary Complex ကလေးတီဘီ http://doctortintswe.blogspot.com/2016/11/primary-complex.html
11. RDT ငှက်ဖျား အမြန်စစ်ဆေးနည်း http://doctortintswe.blogspot.com/2017/01/rdt.html
12. TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.in/2008/10/tuberculosis-tb.html
13. TB Medicines Side Effects တီဘီဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html
14. TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducation.blogspot.com/2009/10/tb-no-more-in-medical-curriculum.html
15. TB Q and A တီဘီအမေး-အဖြေ (၁) http://dts-medicaleducation.blogspot.in/2012/09/tb-q-and.html
16. TB Q and A တီဘီအမေးအဖြေ (၂) http://dts-medicaleducation.blogspot.in/2014/01/tb-questions.html
17. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
18. TB Signs & Symptoms တီဘီရောဂါလက္ခဏာများ http://doctortintswe.blogspot.com/2016/12/tb-signs-symptoms.html
19. TB Treat the root cause အခြေအမြစ်ကို မသတ်နိုင်သရွေ့ မပျောက်ပါ
20. TB အသစ်လား အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
21. Tuberculin test တီဘီအတွက် (ကြူဘာကူလင် တက်စ်)http://dts-medicaleducation.blogspot.in/2013/10/tuberculin-test.html

Dr. တင့်ဆွေ
၁၂-၄-၂ဝ၁၂
၂၂-၄-၂ဝ၁၈

Saturday, April 21, 2018

ချင် ခြင် ချဉ်

၁။ ဆရာရှင့် ချင် နှင့် ခြင် တို့ရဲ့ သုံးစွဲပုံကိုလည်း အဆင်သင့်လျှင် ရေးသားပေးစေလိုပါတယ်ရှင့်။

၂။ မင်္ဂလာပါဆရာ။ တခုလောက်မေးချင်လို့ပါရှင့်။ စတုတ္ထတန်းသိပ္ပံ အခန်း ၄ သင်တဲ့အခါမှာ ချင်တွယ်ဖန်တိုင် နဲ့ ခြင်တွယ်ဖန်တိုင်ဆိုပြီး၊ ၂ မျိုးတွေ့နေရပါတယ်။ ပုံနှိပ်မှာပါ။ အဲဒါ ဘယ်ဟာအမှန်ပါလဲဆရာ။ ကျေးဇူးပြု၍ဖြေကြားပါ။ (ခြင်တွယ်ဖန်တိုင်ကသာ မှန်ပါမယ်။)

၃။ ဆရာ ကျမကစားခြင်တယ်လို့ရေးမိတယ် အခြားလူတွေက စားချင်တယ်လို့ ရေးပါတယ်။ ကျမရေးတာ မှားနေပါသလားဆရာ။ နောက်ပြီး ချင် နဲ့ ခြင်ကိုလည်းမှားကြတယ်ဆရာ။ စားခြင်လိုက်တာ အဲ့ဒီလိုရေးကြတယ်။ ချင် နဲ့ ခြင်သုံးစွဲပုံကို တင်ပေးလိုက်ပါဦးဆရာ။

ချင်
• ကချင်ပြည်နယ်
• ချင်ချင်မြည်
• ချင်ခြင်းဖြစ်နေသည်
• ချင်ရွေးပင်
• စားချင်စရာ
• မချင်မရဲ
• မသိစေချင်ပါ
• ဖြစ်ချင်တိုင်း
• လိုချင်စရာ
• လုပ်စေချင်တယ်
• သွားချင်လာချင်
• အိပ်ချင်မူးတူး

ခြင်
• ခွက်ခြင်ရောင်း
• စပါးခြင်
• ဆင်ခြင်တုံတရား
• ခြင်ခံတန်း
• ခြင်ဆီ
• ခြင်ညှပ်
• ခြင်တွယ်ဖန်ခွတ်
• ခြင်တွယ်ဖန်တိုင်
• ခြင်ပိတ်တန်း
• ခြင်ပုန်း၊ ခြင်ကောင်၊ ခြင်ကိုက်
• ခြင်ယပ်
• ခြင်ကောင်
• ခြင်ထောင်
• ခြင်္သေ့
• အခြင်ရနယ်
• အိမ်မိုးခြင်တင်
• အကြောအခြင်
• နောင်ဆင်ခြင်ပါ

ချဉ်
• ခါချဉ်ကောင်
• ချဉ်ပေါင်ရွက်
• လက်လုပ်ချဉ်
• သရက်ချဉ်
• သူ့ကိုချဉ်တယ်
• ကျောက်ချဉ်

စကားပုံများ
• ကချင်ရက် လက်ကျိုး
• ချည်ပုဆိုးက ပိုးပေါင်းချင်
• ငိုချင်ရက် လက်တို့
• ထမင်းကြမ်းက အငွေ့ထွက်ချင်
• မည်းမည်းမြင်ရာ ငါ့ယောက္ခမထန်းတော မလုပ်ချင်နဲ့
• လာချင်ရင်အနီးလေး မလာချင်ရင်ခရီးဝေး
• သေချင်တဲ့ကျား တောပြောင်း

ဒေါက်တာတင့်ဆွေ

The Ugly American ကျည်ဆန်ထွက်မှ လက်နက်မဟုတ်ပါ

၂၃-၆-၂ဝ၁၃ နေ့က စီအိုင်အေဝန်ထမ်းဟောင်း စနိုဒင်ရဲ့ ဖွင့်ချချက်ကိုကြည့်ရင် အမေရိကန်အစိုးရဟာ သူ့တိုင်းပြည် ကာကွယ်ဖို့ အစွန်းရောက်တွေကို NSA, CIA, FBI, DHS တို့က ထိထိရောက်ရောက် ကိုင်နေတာ၊ လူမသိသူမသိ ဗျင်းနေတာ ကြာပြီတဲ့။ အမေရိကန်နိုင်ငံဥပဒေအရခက်လို့ ဂွါတာနာမိုတို့၊ တခြားနိုင်ငံတို့က ထောင်တွေမှာ ထားပြီး ဆော်တယ်တဲ့။ ဒါပေမဲ့ အများမြင်ကွင်းမှာတော့ လူ့အခွင့်အရေး၊ ဘာသာရေးအခွင့်အရေးတွေကို ပါးပါးနပ်နပ် ကြွေးကြော်နေတာ အားလုံးအသိဖြစ်တယ်တဲ့။ အင်္ဂလန်၊ ရုရှား၊ ပြင်သစ်တို့ကလည်း အဲသလို လုပ်နေတာဘဲ။ ဦးနှောက်ရှိတဲ့အစိုးရတိုင်း၊ တိုင်းပြည်အကျိုးကို တကယ်လိုလားတဲ့ အစိုးရတိုင်း ဒီလိုပဲလုပ်ကြတယ်တဲ့။

နောက်သတင်းတပုဒ်လည်း ဖတ်ရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် အမေရိကန်ကူညီမည်တဲ့။

မှတ်မိသေးတယ်။ ဗိုလ်ချုပ်နေဝင်းခေတ်တုန်းကပေါ့။ ခေတ်က စစ်အေးကာလ၊ ဗီယက်နမ်စစ်ကြီးဖြစ်နေစဉ်ကပါ။ အမေရိန်ကန်ကနေ ရန်ကုန်နဲ့ မန္တလေး လမ်းမကြီးဖေါက်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအခါ ဆိုဗီယက်ယူနီယံကနေ အဲဒီလမ်းမကြီးအလယ်မှာ သစ်ပင်တွေစိုက်ပေးမယ်လို့ စေတနာကောင်းခဲ့တယ်။ လမ်းဖေါက်တာကောင်းတယ်။ ပတ်ဝန်ကျင်စိမ်းစိုတာကောင်းလို့ ပြောချင်ကြပါသလား။ လက်ယာနဲ့ လက်ဝဲပါ နှစ်နိုင်လုံးက အကြံသမားချည်းပါ။ အမေရိကန်ဘ ဘီတူးဗုံးကြဲလေယာဉ်တွေ ဆင်းနိုင်လောက်အောင်ကျယ်တဲ့ လမ်းမကြီးလုပ်ချင်တာ။ ဆိုဗီယက်က လေယာဉ်ဆင်းမရအောင် ဒီအကြံကိုဖျက်ချင်တာ။ အဲဒီခေတ်က သဘာဝပတ်ဝန်းကျင်ဆိုတာတွေ ခေတ်မစားသေးပါ။

သီ အားကလီး အမေရိကန်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ တီဗွီဆီးရီးစ်လည်းရှိတယ်။ စာအုပ်ပဲ ငယ်ငယ်ကဖတ်ဘူးပါတယ်။ ဗီယက်နမ်မှာ အမေရိကန်ကနေ ဆန်တွေဝေပါတယ်။ ဆိုဗီယက်က အဲဒီဆန်အိတ်တွေမှာ သူတို့တံဆိပ် ကပ်လိုက်တယ်။ အဲဒီခေတ်ကတည်းက ဝါဒဖြန်ချိရေးမှာ အပြိုင်အဆိုင်လုပ်ကြတယ်။ အခုထိ။ နောင်ကာလရောပါ။

ကျွန်တော်တို့ငယ်ငယ်က ရန်ကုန်ရှိတဲ့သံရုံးတွေကစာအုပ်တွေ မှာဖတ်ကြတယ်။ ကျွန်တော်လည်း သံရုံးအစုံကနေ မှာတယ်။ ယူအက်စ်၊ ယူကေ၊ အနောက်ဂျာမဏီက စာအုပ်တွေဟာ ကြွေစာရွက်တွေ၊ အရောင်စုံတွေနဲ့ချည်း။ ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ကြတဲ့ ဆိုဗီယက်နဲ့ ချက်ကိုဆလိုဗက်၊ တရုပ်ကနေလည်း မှာတာပဲ။ ကျွန်တော်ငယ်ငယ်က ဘက်မလိုက်အစစ်။ အဲဒီကာလမှာ မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းကတော့ လက်ဝဲဘက်ကို အတော်ယိမ်းနေပြီ။ လက်ဝဲစာမဖတ်သူ အရင်းရှင်နဲ့ ပေးစားခံရတယ်။ ဖဆပလရော၊ ဦးနေဝင်းပါ မြန်မာပြည်ကွန်မြူနစ်ပါတီ ဆန့်ကျင်ရေးတွေ အားသွန်ခွန်စိုက် လုပ်ကြတယ်။ လူငယ်တွေက ဟိုဘက်၊ သည်ဘက် ရောက်သွားကြတယ်။ အနီတွေကများပါတယ်။

ပြီးခဲ့တာတွေကတော့ နိုင်ငံရေးစနစ်၊ အယူဝါဒတွေသာဖြစ်တယ်။ မပြီးသေးဘဲ ပိုပိုဆိုးဝါး ပြင်းထန်လာနေတာကတော့ ဘာသာရေးဝါဒဖြစ်ပါတယ်။ ရိုးလွန်းပြီး အ, တာမဖြစ်ကြဘို့ရာ အသိတရား၊ သတိတရား၊ နှလုံးသားလက်နက်၊ နည်းပညာ လက်နက်တွေနဲ့ ကာကွယ်ကြရမယ်။ တရားစစ် (တရားသောစစ် မဟုတ်) ကိုသာ ရှာကြရပါမယ်။

ဘယ်လက်နက်ကိုဖြစ်ြဖစ် အသုံးပြုသူရဲ့ ဦးနှောက်နဲ့ဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက်မှာ နှလုံးသားမပါရင်တော့ စက်ရုပ်ပဲ။ သံရုံးမှန်သမျှကနေဝေတဲ့စာအုပ်တွေထဲမှာ နှလုံးကောင်းဆေးမပါ။ မြန်မာလူမျိုး အများစုက နှလုံးကောင်းကြပါတယ်။ ဦးနှောက်ပါကောင်းကြစေချင်တယ်။ အဲတာက ကျည်ဆန်မထွက်ပါ။ အကြံဉာဏ်ကောင်းတွေထွက်ပါတယ်။ ဦးနှောက်ရှိတဲ့လူထု ရှိစေချင်တယ်။ အပြင်ကအရောင်တွေကို အားကျလွန်းသူတွေများတယ်။ ကျွန်တော်ကတော့ ကိုယ်ပိုင်အရောင်တွေလင်းလက်စေချင်တာ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၇
၂၂-၄-၂ဝ၁၈

ကိုတောင်သူ့ဘဝ

အမည်ရယ်ကြီးပါတဲ့၊ ဇနီးရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ် မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကယ် ကျယ်ကျယ်နှင့်၊ မင်းဖွယ် စိုးရ လောက်ပေလေး။

လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ၊ ဖါးလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊ ချက်ပြောင်းဆန်ကို၊ တပန်းကန်ကုန်အောင်၊ တက်တက်သာပြောင်တော့၊ ကိုတောင်သူ့အနေ၊ ပိုတ်ဝမ်းရေ ပတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး။

ဦးဆောင်းရေးသားတဲ့ လွမ်းချင်းမှာ လယ်ထွန်ပြန်သူဟာ တပန်းကန်ကုန်အောင်စားပါတယ်။ တစ်ပန်းကန်ရယ်လို့ မြန်မာစာမှာ မရှိခဲ့ကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

Allison Mack arrested for alleged role in sex trafficking case

ရုပ်ရှင်မင်းသမီး လိင်ကျွန်ပြုမှုနဲ့ တရားရုံးရောက်

ကနေ့ထွက်တဲ့ အမေရိကန်ရုပ်ရှင်မင်းသမီးသတင်းဖြစ်ပါတယ်။ Nxivm ခေါ်တဲ့ ကိုယ်တိုင်ကူညီရေးလူမှုရေးဂရုမှာ ပါသူတွေတချို့ အဖမ်းခံထားရတယ်။ သူတို့ဟာ ဆက်သွယ်လာတဲ့မိန်းကလေးတွေကို လိင်ကျွန်ပြု အစီအစဉ်မှာ အသုံးချခဲ့တယ်လို့ စွဲဆိုခံရပါတယ်။ မြေအောက်ရာဇဝတ်မှုဖြစ်တယ်။

တယောက်ကတော့ ဟောလိဝုဒ်မင်းသမီး အယ်လစ်ဆန် မာ့ခ်ဟာ Smallville and Wilfred ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ လူကုန်ကူးမှုနောက်မှာပေါ်လာတဲ့ လိင်ကုန်ကူးခြင်းဖြစ်တယ်။ အဓမ္မစေခိုင်းမှုလည်းမြောက်တယ်။

Nxivm ဝဘ်ဆိုက်ထိပ်မှာ Keith Raniere ရှိတယ်။ သူ့အောက်မှာ အဆင့်ဆင့်ရှိလို့ ပိရမဒ်လို့ခေါ်တယ်။ ထိပ်ကလူကို ပြီးခဲ့တဲ့လက မက်ဆီကိုမှာ ဖမ်းထားပြီးပြီ။ သိမ်းသွင်းရယူနိုင်တဲ့ အမျိုးသမီးတွေကို DOS ခေါ်အစီအစဉ်ထဲမှာ လိင်ကျွန်လို စေခိုင်းပါတယ်။

အင်တာနက်ကိုသုံးပြီး အုပ်စုတွေဖွဲကြတာ နိုင်ငံတိုင်းမှာရှိတယ်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတာရှိသလို အခုလို မတရားမှု ရာဇဝတ်မှုအတွက်လည်းလုပ်ကြတယ် မပေါ်သေးတာတွေ အများကြီးရှိပါတယ်။

ကျွန်တော် ကျန်းမာရေးဂရု ခေါ် အုပ်စုတွေထဲက အဆီအငေါ်မတည့်တာတွေ မေးတိုင်းဖြေနေရပါတယ်။ ဟိုရောဂါ ဟိုဟာနဲ့မတည့် ပြောကြတယ်။ ဒီရောဂါ ဒါနဲ့ပျောက် ပြောကြတယ်။ အမှားတွေများတယ်။ ဂရုဆိုရင် လန့်နေရတယ်။ ဟိုဟာစားရင် ကိုယ်ဝန်ပျက်မယ်။ သည်ဟာစားရင်ကိုယ်ဝန်ရမယ်ပြောတဲ့ ဂရုတခုကို လေဥဂရုလို့ ငေါ့မိတယ်။ ဆောရီး။

ကျွန်တော့်ပေ့ခ်ျကို ဂရုလုပ်ပါလားလို့ အကြံပေးတယ်။ ကောင်းတာကိုညွှန်တာဖြစ်မှာပါ။ ဒါပေမဲ့ ဂရုဆိုရင် လန့်နေတယ်။ ဖေ့စ်ဘွတ် အကောင့်တခုမှာ ဖရင်း ၅ဝဝဝ ထားလို့ရတယ်။ ကျွန်တော့်စာရင်းထဲက ဘလောလုပ်ရသူ ၄ဝဝ ကျော်ပြီ။ ဘယ်သူဘယ်ဝါ မသိ။ ဘယ်လိုလူစားမသိ။ အမည်ရင်းမဟုတ်သူတွေကများပြီး ပုံအတုတွေကလည်းများတယ်။

နိုင်ငံရေးထဲမှာလည်း အဲလိုပါပဲ။ အဆင်မပြေတာတွေ အဖွဲ့အစည်းတိုင်းမှာရှိတယ်။ တချိန်က သွေးသောက်လိုနေခဲ့ပြီးမှ ရန်သူဖြစ်တာလည်း ကိုယ်တွေ့။ ဂရုဆိုရင် လန့်နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

Slaves ဝေါဟာရနိုင်ငံရေး

တယုတ် ဆိုပြီး သတ်ပုံ အသစ်နဲ့ ရေးရင် ပိုကောင်းမယ် ထင်တယ်။😁

စာထဲမှာ ပါရှိ။ စာလုံးတွေ ဝေါဟာရတွေကို နိုင်ငံရေးလုပ်တာ ဘာမှ အကျိုးမများပါ။

တို့ဗမာအစည်းအရုံးက လွတ်လပ်ရေးအတွက် အားဖြစ်ခဲ့တယ်။ အဲတာကို ဒို့မြန်မာလုပ်နေကြတယ်။

အမျိုးချစ်တယ်ဆိုင်းဘုတ်ကိုင်တာ ဘာဖြစ်လာသလဲ။

ပြည်သူ့ဆိုတဲ့ နာမဝိသေသနတပ်တော့ ဘယ်ပြည်သူပြည်သားမှ မကောင်းစားခဲ့ပါ။ ဦးကြီးလို့ ကင်ပွန်းတပ်ခံရသူတွေ ဂျုံမသွင်းနိုင်လို့ အဖမ်းခံရတယ်။ ကျွန်တော့်အမျိုးတွေလည်းပါတယ်။

ဗမာနဲ့ မြန်မာ ဘာထူးလို့လဲ။

မြန်မာ မြန်မာ မြန်မာလုပ်လို့ ဘာတိုးတက်လာသလဲ။ နာမ်နဲ့ နာမဝိသေန ရောထွေးနေတယ်။ ကျွန်တော့်အမြင်မှာ ကံ ခေါ် အပြုခံရသူ။ ကျွန်။ ကန်တော့ပါ။ ဆောရီး။

ကျွန်မုန်းလို့ ကျွန်တော်မသုံးတာနဲ့ သခင်ဖြစ်မသွားပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

ပန်းလေးတပွင့်

ဆရာတင်မိုးက ပန်းလေးတပွင့်လို့ ရေးတယ်။ ဆရာဝင်းဖေက အမှန်တကယ်လို့ရေးတယ်။

ဆရာတင်မိုးနဲ့ ဆရာဝင်းဖေတို့ထက် မြန်မာစာသာသူတွေကတော့

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

China တရုပ် နှင့် တရုတ်

၁။ တရုပ်လား တရုတ်လားဆရာ။

၂။ ဆရာ လေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ ဆရာရဲ့ ဂေဇက်မှာရေးပို့တဲ့ ဆောင်းပါးကိုဖတ်ကြည့်ဖြစ်ပါတယ်။ ကျွန်တော်သိချင်တာက China ကို မြန်မာလို တရုပ်လို့ရေးရမလား သို့မဟုတ် တရုတ် လို့ ရေးရမှာလားခင်ဗျာ။ အစဉ်လေးစားလျှက်။

တိုင်းပြည်အမည်၊ လူအမည်တွေကိုရေးရင် သတ်ပုံရယ်လို့ အတိအကျပြောရတာ ခက်တယ်။ အစဉ်အလာရေးခဲ့တာကသာ ပိုသင့်မယ်ထင်ပါတယ်။ ၁၉၅၄ ခုနှစ်ထုတ် ကဝိဓဇသတ်ပုံစာအုပ်နဲ့ လွတ်လပ်ရေးရပြီးမကြာခင်မှာ ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်းမှာ တရုပ်လို့သာ ရေးပါတယ်။ မနှစ်သက်လို့ဆိုပြီး တယုတ်ရေးတာကတော့ သတ်ပုံစာရင်းမဝင်ပါ။

တခြားဘာသာစကားကို မြန်မာလိုပြန်ရင်လည်း စံရယ်လို့ပြောဘို့ ခက်တယ်။ ဥပမာ ပဌမဆုံး အင်္ဂလိပ်-မြန်မာအဘိဓာန်ကို ယုဒသန် ခေါ် ဂျဒ်ဆန်ကပြုစုတာမှာ အင်္ဂလိတ်-မြမ္မာလို့ရေးတယ်။ တချို့ ယုဒဿန်လို့ထောက်ပြတယ်။ အဲတာ မဟုတ်ပါ။ အဲဒီအဘိဓာန်မှာ တရုပ်ပြည်။ တရုပ်ပြည်၌လုပ်သော ကြွေပုကန်လို့ရေးထားပါတယ်။

ရုပ်
တရုပ်စကားပင်
တရုပ်လူမျိုး
တရုပ်ပြေးမင်း
ယဉ်မင်းရုပ် (ယမင်းရုပ်)
ရုပ်ကလာပ်
ရုပ်ဆင်းသဏ္ဌာန်
ရုပ်တုဆင်းတု
ရုပ်ဓါတ်
ရုပ်နာမ်တရား
ရုပ်ပုံ
ရုပ်ပွါး
ရုပ်ဖျက်
ရုပ်ကြွ
ရုပ်ကြွင်း
ရုပ်ရည်သန့်
ရုပ်လှသည်
ရုပ်သိမ်းသည်
ရုပ်ချော
ရုပ်ဖျောက်
ရုပ်ပြောင်
ရုပ်ပြောင်းရုပ်လွှဲ
သဒ္ဒါရုပ်
သရုပ်ကွက်
အရုပ်ဆိုး
အရုပ်ထု

ရုတ်
ငရုတ်သီး (ငြုပ်သီး)
ငရုတ်ကောင်း
ပရုတ်ဆီ
ဗရုတ်ဗရက်
ရုတ်ကနဲ
ရုတ်တရက်
ရုတ်ခြည်း
ရုတ်ရက်ခတ်သည်
ရုတ်ရုတ်မြည်သံ
ရုတ်ရုတ်ရက်ရက်
ရုတ်ရုတ်သဲသဲ

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၇
၂၁-၄-၂ဝ၁၈

သတ်ပုံမှန်ခေတ်က

ကောက်ရိုးကလေးတမျှင် စာကလေးတစောင် ဒေါက်တာတင့်ဆွေ