Dog bite ခွေးကိုက်ခံရလျှင်

ဆရာရှင့် ကျွန်မသားလေး ၂နှစ်၂လပါ ချော်လဲလို့ လက်မှာပွန်းပဲရာပေါ် ခွေးလေးကလျှာနဲ့လျှက်မိလို့ပါရှင် ခွေးက ကာကွယ်ဆေးလဲမထိုးထားပါဘူး ဖြစ်တာ ၅ရက်နေ့လောက်ကပါ အဲ့ဒါကလေးကိုကာကွယ်ဆေးသွားထိုးဖို့လိုအပ်လားရှင့် ခွေးရူးပြန်ရောဂါ အကြောင်းလဲသိချင်လို့ပါရှင့်

Rabies ခွေးရူးမှန်း ဘယ်လိုသိနိုင်သလဲ

၁။ ခွေးလျှာကိုသတိထားကြည့်ပါ။ ဟောင်တဲ့အသံကို သတိထားနားထောင်ပါ။ ခွေးဖျားနေသလား။ အစာမစားဘူးလား။ ခါတိုင်းလို ဝါးနေတဲ့အကျင့် မရှိတော့ဘူးလား။ ခွေးဟာ ရူးကာစ ၂-၃ ရက်မှာ မဆိုးလှသေးလို့ အသိရခက်တယ်။ ခွေး မူပြောင်းနေတာတော့ သိသာမယ်။

၂။ နောက်တဆင့်တက်လာရင် မြင်မြင်သမျှကိုကိုက်တော့မယ်။ ဟောင်မနေတော့ဘဲ ကိုက်တော့တာဘဲ။ သူ့ဘေးက တွေ့သမျှကိုလဲ စားချင်၊ ဝါးချင်လာမယ်။ သေချာစစ်ရင်တော့ သူငယ်အိမ် ကျယ်နေတာတွေ့ရမယ်။ တုန်တုန်ရီရီဖြစ်နေမယ်။ ဒေါသကြီးနေမယ်။ ချော့မရဘူး။ ဂနာမငြိမ်ဖြစ်နေမယ်။

၃။ နောက်တဆင့်တက်လာရင် ခွေးမေးရိုး လေဖြတ်ပြီ။ ပါရာလိုက်ဆစ်လို့ခေါ်တယ်။ ချုပ် ခေါ်တာ ရလာပြီ။ ဆိုလိုတာက ဆို့အစ်နေတာကိုခံစားနေရပြီ။ မျိုချလို့မရတော့ဘူး။ ပါးစပ်မှာလဲ အမြှုပ်တွေ ထွက်နေပြီ။ နောက်ဆုံးအဆင့် ရောက်လာတာဘဲ။ သေတော့မယ်။ သေသွားပြီ။

1. ARV ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/02/arv.html
2. Preventable rabies kills 160 people per day http://doctortintswe.blogspot.com/2015/04/preventable-rabies-kills-160-people-per.html
3. Rabies ခွေးရူးမှန်း ဘယ်လိုသိနိုင်သလဲ https://doctortintswe.blogspot.com/2018/03/rabies.html
4. Rabies မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း http://doctortintswe.blogspot.com/2016/03/arv.html
5. Rabies မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း https://doctortintswe.blogspot.com/2016/03/arv.html
6. SII RABIVAX ခွေးရူးရောဂါကာကွယ်ဆေး http://doctortintswe.blogspot.com/2014/11/sii-rabivax.html

ဒေါက်တာတင့်ဆွေ
၁၆-၈-၂ဝ၁၄
၁၈-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး