Back Injury သုမနကျောမှာ

သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတဲ့အသုံးကို နောက်လူတွေက စိမ်းနေကြမယ်ထင်တယ်။ ကျွန်တော်တို့ငယ်ငယ်က လော်စပီကာ ခေါ် ဓါတ်စက် ခေါ် အသံချဲ့စက်ခေတ်မှာ ဓါတ်ပြားနဲ့ဖွင့်ကြလို့ နေ့တိုင်းကြားနေခဲ့ရတဲ့ ဇာတ်တွေထဲက ငိုချင်းစာသားပါ။ နှိပ်စက်တာတွေ ခံရပေါင်းများလှပြီ၊ ကျောသာကြည့်ပါတော့လို့ ဆိုလိုတာပါ။

(မဆလ) ခေတ်မှာ သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတဲ့အသုံးက အတော်တာစားခဲ့ပါတယ်။ စစ်အစိုးရခေတ်မှာတော့ ကျောနာတာလောက်များ စာဖွဲ့မနေနဲ့တော့ဆိုတဲ့ အခြေအနေဖြစ်လာလို့ သိပ်မသုံးကြတော့ပါ။

ကျွန်တော်နဲ့ရွယ်တူတွေက ၁၉၉ဝ ကစပြီး ဒဏ်ရာတွေရခဲ့ကြပါတယ်။ ပြည်ပထွက်ရတော့ နောက်ကျောကလာတဲ့ ဓါးချက်တွေလည်း ပါသေးတယ်။ ကျွန်တော်နဲ့ အနီးကပ်လက်တွဲလုပ်ခဲ့သူတိုင်းကို ကျွန်တော့်အပေါ် တောက်လျှောက် သစ္စာရှိကြမှာပဲလို့ ထင်ခဲ့တာ မှားတယ်။

စိတ္တဇလူသတ်သမားကလွဲရင် လူသတ်သမားဟာ သူသတ်ချင်သူကိုသာ ရွေးသတ်တယ်။ အမှုမပေါ်ရင် လူကောင်းပဲ ထင်ကြတယ်။ ပင်နီအင်္ကျီဝတ်ထားရင် နာတာရှည်ဒဏ်ရာတွေပါ ဖုံးထားနိုင်တယ်။ ခေတ်ဟောင်းကဇာတ်တွေကို ခေတ်လူတွေ နားထောင်ချင်ကြမှာမဟုတ်ပါ။ ပြန်ပြောမနေချင်ပါ။ ကျောကိုလည်း လှန်မပြချင်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၆
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး