ပုံပြင်စကား တကြိမ်ကြားက

မြင့်သွန်းတရာ၊ ယူဇနာဖြင့်
ကျွန်းချာမှန်ကူ၊ သပြေဟူသား
ဇမ္ဗူရုက္ခ၊ သီးချိုမြကို
စားစရလျှင်၊ စားချင်ချင်သို့
ပုံပြင်စကား၊ တကြိမ်ကြားက
ဖန်များနားဝ၊ နားအီလှသည်
ဆုံးမခံတတ်၊ မင်းသားမြတ်။

ရှင်မဟာရဋ္ဌသာရ ရေးသာတဲ့ သံဝရပျို့ အပိုဒ် (၃၉) ဖြစ်ပါတယ်။ သံဝရမင်းသားငယ်ဟာ ရှေးစကားပုံပြင်တွေကို နားထောင်လို့မဝနိုင်ကြောင်း ဖွဲ့ဆိုထားတာဖြစ်ပါတယ်။

ခုခေတ်မှာတော့ တချို့က ရှေးကတည်းအမှန်ရေးသားခဲ့တဲ့ မြန်မာစာသတ်ပုံတွေကို နားခါးနေကြသတဲ့။ မြင့်သွန်းတစ်ရာလို့ ရေးနေကြတယ်။ တစ်ကြိမ်ကြားကလို့ ရေးနေကြတယ်။ ဆုံးမ မကြိုက် လူတသိုက်တည့်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး