Allison Mack arrested for alleged role in sex trafficking case

ရုပ်ရှင်မင်းသမီး လိင်ကျွန်ပြုမှုနဲ့ တရားရုံးရောက်

ကနေ့ထွက်တဲ့ အမေရိကန်ရုပ်ရှင်မင်းသမီးသတင်းဖြစ်ပါတယ်။ Nxivm ခေါ်တဲ့ ကိုယ်တိုင်ကူညီရေးလူမှုရေးဂရုမှာ ပါသူတွေတချို့ အဖမ်းခံထားရတယ်။ သူတို့ဟာ ဆက်သွယ်လာတဲ့မိန်းကလေးတွေကို လိင်ကျွန်ပြု အစီအစဉ်မှာ အသုံးချခဲ့တယ်လို့ စွဲဆိုခံရပါတယ်။ မြေအောက်ရာဇဝတ်မှုဖြစ်တယ်။

တယောက်ကတော့ ဟောလိဝုဒ်မင်းသမီး အယ်လစ်ဆန် မာ့ခ်ဟာ Smallville and Wilfred ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ လူကုန်ကူးမှုနောက်မှာပေါ်လာတဲ့ လိင်ကုန်ကူးခြင်းဖြစ်တယ်။ အဓမ္မစေခိုင်းမှုလည်းမြောက်တယ်။

Nxivm ဝဘ်ဆိုက်ထိပ်မှာ Keith Raniere ရှိတယ်။ သူ့အောက်မှာ အဆင့်ဆင့်ရှိလို့ ပိရမဒ်လို့ခေါ်တယ်။ ထိပ်ကလူကို ပြီးခဲ့တဲ့လက မက်ဆီကိုမှာ ဖမ်းထားပြီးပြီ။ သိမ်းသွင်းရယူနိုင်တဲ့ အမျိုးသမီးတွေကို DOS ခေါ်အစီအစဉ်ထဲမှာ လိင်ကျွန်လို စေခိုင်းပါတယ်။

အင်တာနက်ကိုသုံးပြီး အုပ်စုတွေဖွဲကြတာ နိုင်ငံတိုင်းမှာရှိတယ်။ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတာရှိသလို အခုလို မတရားမှု ရာဇဝတ်မှုအတွက်လည်းလုပ်ကြတယ် မပေါ်သေးတာတွေ အများကြီးရှိပါတယ်။

ကျွန်တော် ကျန်းမာရေးဂရု ခေါ် အုပ်စုတွေထဲက အဆီအငေါ်မတည့်တာတွေ မေးတိုင်းဖြေနေရပါတယ်။ ဟိုရောဂါ ဟိုဟာနဲ့မတည့် ပြောကြတယ်။ ဒီရောဂါ ဒါနဲ့ပျောက် ပြောကြတယ်။ အမှားတွေများတယ်။ ဂရုဆိုရင် လန့်နေရတယ်။ ဟိုဟာစားရင် ကိုယ်ဝန်ပျက်မယ်။ သည်ဟာစားရင်ကိုယ်ဝန်ရမယ်ပြောတဲ့ ဂရုတခုကို လေဥဂရုလို့ ငေါ့မိတယ်။ ဆောရီး။

ကျွန်တော့်ပေ့ခ်ျကို ဂရုလုပ်ပါလားလို့ အကြံပေးတယ်။ ကောင်းတာကိုညွှန်တာဖြစ်မှာပါ။ ဒါပေမဲ့ ဂရုဆိုရင် လန့်နေတယ်။ ဖေ့စ်ဘွတ် အကောင့်တခုမှာ ဖရင်း ၅ဝဝဝ ထားလို့ရတယ်။ ကျွန်တော့်စာရင်းထဲက ဘလောလုပ်ရသူ ၄ဝဝ ကျော်ပြီ။ ဘယ်သူဘယ်ဝါ မသိ။ ဘယ်လိုလူစားမသိ။ အမည်ရင်းမဟုတ်သူတွေကများပြီး ပုံအတုတွေကလည်းများတယ်။

နိုင်ငံရေးထဲမှာလည်း အဲလိုပါပဲ။ အဆင်မပြေတာတွေ အဖွဲ့အစည်းတိုင်းမှာရှိတယ်။ တချိန်က သွေးသောက်လိုနေခဲ့ပြီးမှ ရန်သူဖြစ်တာလည်း ကိုယ်တွေ့။ ဂရုဆိုရင် လန့်နေရတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး