လမြတ်ကဆုန်

လကဆုန်ညောင်ရေပွဲ၊ ဆင်နွှဲလို့မြူးရွှင်တာ၊ နေ့မြတ်မဟာ။

တနှစ်မှဒီတခါ၊ ကြည်ကြည်သာ တူယှဉ်နွှဲ။

ဖွား - ပွင့် - စံ၊ ဗျာဒိတ်ခံ ဤယနေ့မှာလ၊ ကြည်မွေ့စွာ ရေစင်ဖျန်းလို့ငယ်၊ သွန်းကြမလွဲ။ (ဟင်္သာတ မောင်ဒိတ်)

ခုခေတ်မှာ တစ်နှစ်မှ ဒီတစ်ခါတဲ့။ မြန်မာစာကိုပါ ရေဆေးသင့်ကြပြီ။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၈

သာစွကဆုန်

ညအခင်းမှာဖြင့်၊ ပဝင်းတဲ့ဝိသာခါ၊ ပြိဿဆို ရာသီကူး၊ မြူဘွယ့်သည်ခါ။

စကားဝါ ကြိုင်ပါဘိမြိုင်ထဲ၊ ရေအိုးကိုယ်စီနဲ့၊ ဟန်ညီညီ၊ ပျိုတသင်းရယ်က၊ သွန်းကြရေပွဲ။ (မောင်ဖြူစင် ရွှေဝါမြေ)

ခုခေတ်မှာ ပျိုတစ်သင်းတဲ့။ မြန်မာစာကိုပါ ရေဆေးသင့်ကြပြီ။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး