Tourist တိုးရစ်

မင်္ဂလာဆောင်တဲ့နေ့၊ ရှင်လိင်ပြန် ခေါ် ကိုရင်လူထွက်တဲ့နေ့နဲ့ ထောင်ကလွတ်တဲ့နေ့တွေဟာ အပျော်ဆုံးနေ့တွေလို့ ဆိုစကားရှိတယ်။ အဲဒီနေ့တွေက အရွယ်သုံးပါးနဲ့ဆိုင်သလိုလို။ ကိုရင်ဝတ်တဲ့အရွယ်က ငယ်သေးတယ်။ အိမ်ထောင်ကျတဲ့အရွယ်က အဲတာထက်နောက်ကျပြီး၊ ထောင်ကျတာကတော့ အရွယ်မငယ်လှသူတွေကနေ အိုမင်းတဲ့အရွယ်ထိ ဆိုင်တယ်။

နိုင်ငံရေးကြောင့် ပြည်ပကို ထွက်ပြေးသူတွေမှာကော ထောင်ကလွတ်မြောက်သူတွေလို ပျော်စရာရက်ဆိုတာ ရှိပါသလား။ ခုထိတော့ မသိသေးပါ။ ၂၇ နှစ်ခွဲတော့ရှိပြီ။ ပျော်ချင်ရင် ထောင်ကျရမလိုလို။

ပြည်တွင်းကိုပြန်ရင် နိုင်ငံခြားသားတယောက်လိုပဲ ဆက်ဆံခံမယ်ဆိုတာ မနေ့ကမအိပ်ခင် ရေးမိသေးတယ်။ ကျွန်တော် ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်အောင်ချမ်းသာသူလည်း မဟုတ်ပါ။ တိုးရစ်လည်း မဟုတ်ပါ။ ဘောင်းဘီတို မဝတ်ပါ။ ဟာဝေယံရှပ် မရှိပါ။ ခါးပတ်ပိုက်ဆံအိတ် မသုံးတတ်ပါ။ လည်ဂုတ်မှာဆွဲစရာ ကင်မရာမရှိပါ။ ပင်နီတိုက်ပုံ အခါလည်း မဟုတ်ပါ။

အိပ်တော့မယ်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၈
ည ၁ နာရီ ၃၅ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)