Gene Sharp လက်ကြောတင်းကြပါ

မုံရွာက မိတ်ဆွေတယောက်က ကျွန်တော်နဲ့ဂျင်းရှပ်ပို့စ်တခု တင်တယ်။ မုံရွာကပါပဲ ညီတယောက်က လက်ကြောမတင်းတဲ့ မျိုးဆက်ပို့စ် တင်တယ်။

၂ဝ၁၈ နှစ်စမှာ ဂျင်းရှပ်ကွယ်လွန်တဲ့သတင်းတွေ့ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုထဲမှာ သူ့ကို မသိသူ မရှိလောက်ပါ။ အကြမ်းမဖက်နိုင်ငံရေးကြိုးပမ်းနည်းမှာ ဂျင်းရှပ်စ်ရဲ့ From Dictatorship to Democracy စာအုပ်က လက်စွဲဖြစ်ပါတယ်။ ကျွန်တော်လက်ချောင်း နှစ်ချောင်းနဲ့ သူ့စာအုပ်ကိုရိုက်ပြီး ပုံနှိပ်ခဲ့တယ်။ ပြည်တွင်းကို လျို့ဝှက်ပို့ခဲ့တယ်။ ပြည်တွင်းမှာ အဲဒီစာအုပ် လက်ဝယ်တွေ့ရှိမှုနဲ့ တချို့အဖမ်းခံကြရတယ်။ ဆောရီး။ စာတအုပ်လုံး ကျွန်တော့် လက်ညှိုးနှစ်ချောင်းနဲ့ရိုက်ပါတယ်။ ကျွန်တော့် လက်ကြောတွေ တင်းနေတယ်။

၉-၉-၁၉၉၆ နေ့က (နအဖ) သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်နဲ့ ပြည်တွင်းအဆက်အသွယ်တွေကို မှန်တာတွေရော မမှန်တာတွေပါ စွပ်စွဲချက်တွေလုပ်ခဲ့ပါသည်။ လင့်ကို ဖေ့စ်ဘွတ်က တင်လို့မရဆိုလို့ ဖြုတ်ပြီးမှသာ တင်ရပါတယ်။

ဂျင်းရှပ်နဲ့အတူ ထိုင်းနိုင်ငံနဲ့ အိန္ဒိယမှာ သင်တန်းတွေလုပ်တယ်။ စကားပြန်လုပ်ရတယ်။ သူ့စာတချို့ကို ဘာသာပြန်တယ်။ သူကွယ်လွန်သွားပြီတဲ့။ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီး မပြီးဆုံးသေးပါ။ လက်ကြောတွေ တင်းထားတယ်။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၈
၁၉-၄-၂ဝ၁၈

9-9-1996 SLORC Information Committee Briefing http://dts-political-page.blogspot.com/2011/12/9-9-1996-slorc-information-committee.html

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး