Alien ဂြိုဟ်သား

မြန်မာပြည်ကို အလည်ပြန်ရင် မြင်ချင်တာထက် တွေ့ချင်တာက ပိုတယ်။ လမ်းတွေ အိမ်တွေ ဆိုင်တွေကို သိပ်စိတ်မဝင်စားပါ။ လူတွေ။ ဝတ်တာ စားတာတော့ မဟုတ်။
လူတွေ ဘာတွေကို ဘယ်လိုပြောဆိုသလဲ နားထောင်ချင်တယ်။ စကားပြန်တော့ လိုမလားပဲ။ စကားထက်ပိုဆိုးနိုင်တာက စာ။ ပေါ်လစီသတ်ပုံစာတွေကိုတော့ မဖတ်ချင်ပါ။ စာအုပ်ဟောင်းတွေတော့ လိုက်ရှာမယ်။

လူကလည်း နှစ်မျိုးနှစ်စား။ နိုင်ငံရေးထဲကတော့ အနည်းအပါးလေးသာရှိမယ်။ ပြည်ပထွက်သူဆိုတာ ဝိုင်းကြဉ်ခံထားတဲ့ အတန်းအစား။ ကိုယ်ကတွေ့ချင်တယ်လို့ မသင့်။ ကိုယ့်ကိုတွေ့လိုသူလောက်သာ။

ကိုယ်ပြောတာ နားထောင်မဲ့သူရှိလည်း ပြောချင်တယ်။ လူတွေရဲ့စိတ်ဝင်စားမှုက အမျိုးမျိုး။ ကျွန်တော်ကလည်း အစုံသုပ်။ စွယ်စုံတော့ မဟုတ်။ ကိုယ်ပြောတာလည်း စကားပြန်လိုမလားမသိ။ ကျွန်တော်က ဗမာစကားကို ဗမာလိုသာ ပြောတတ်တာ။

ဘိုစာ မဟုတ်။ ဗမာစာ အညာစာ တောစာ စားချင်တာတော့ ဟုတ်။

ဒေါက်တာတင့်ဆွေ
၁၂-၄-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး