Facebook CEO and US Senators

ဖေ့စ်ဘွတ် စီအီးအို မာ့ခ်ဇူကာဘတ် ဆီးနိတ်မှာ အစစ်ဆေးခံရ

ဖေ့စ်ဘွတ် စီအီးအို မာ့ခ်ဇူကာဘတ် ဆီးနိတ်မှာ ကြားနာစစ်ဆေးခံရတာကို တီဗွီကနေ တိုက်ရိုက်လွှင့်တာကြည့်ရပါတယ်။ သူ့ကုမ္ပဏီဟာ ဆိုရှယ်မီဒီယာကို ဘယ်လိုအမြတ်ထုတ်မလဲအတွက် ရုရှားအော်ပရေတာတွေနဲ့ အမြဲစစ်ခင်းနေရတယ်လို့ ထွက်ဆိုပါတယ်။

သတင်းနောက်ခံအရ အမေရိကန်သမတဒေါ်နယ်ထရမ့်ရဲ့ ၂ဝ၁၆ သမတပြိုင်ပွဲမှာ Cambridge Analytica ခေါ် ကမ်းဘရစ်ခ်ျ ဒေတာ ခွဲခြမ်း စိတ်ဖြာရေးအစုရဲ့ အကူအညီယူခဲ့ပြီး သူအနိုင်ရရှိခဲ့တာလည်း အဲဒီအချက်ကြောင့်လည်း ပါဝင်တယ်။ အဲဒီ အလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စအတွက် မူလာကို တာဝန်ပေးတယ်။ အထူးစုံစမ်းစစ်ဆေးရေး ကောင်ဆယ်လ်လို့ ခေါ်တယ်။ ရောဘတ်မူလာဟာ အက်ဖ်ဘီအိုင် ဒါရိုက်တာဟောင်းဖြစ်ပါတယ်။

ဇူကာဘာ့ခ်ကိုတော့ အင်တာဗျူးမလုပ်ခဲ့ပါ။ သူ့ရုံးကလူတွေကိုတော့မေးမြန်းခဲ့တယ်။ လျို့ဝှက်ဆောင်ရွက်ချက်ဖြစ်လို့ အများပြည်သူရှေ့မှာ ထုတ်ပြောနိုင်ပါလို့ ထွက်ဆိုတယ်။

ရောဘတ်မူလာရဲ့ရုံးကနေ ရုရှားလူမျိုး ၁၃ ယောက်ကို ၂ဝ၁၆ ရွေကောက်ပွဲမှာ မသမာမှုလုပ်တယ်လို့ စွဲချက်တင်ပါတယ်။ ရုရှားကုမ္ပဏီ ၃ ခုလည်းပါတယ်။

ကမ်းဘရစ်ခ်ျ ဒေတာခွဲခြမ်းစိတ်ဖြာရေးအစုကနေ ဖေ့်ဘွတ်သုံးစွဲသူပေါင်း သန်း ၅ဝ ရဲ့ ကိုယ်ပိုင်အချက်အလက်တွေ ရယူသုံးစွဲခဲ့တယ်။ အခုလို လူသိရှင်ကြားဖြစ်လာတော့ အဲဒီ အက်ပ်ကို ပိတ်လိုက်ပါပြီ။

မြန်မာနိုင်ငံနဲ့ဆိုင်တဲ့မေးခွန်းကိုလည်း ဆီနေတာတယောက်ကမေးတယ်။ အမုန်းတရားဖြန့်ချိနေတဲ့အကြောင်းဖြစ်တယ်။ မြန်မာစကားတတ်သူတွေကို အသုံးပြုခဲ့တယ်လို့ ထွက်ဆိုပါတယ်။ ၂ဝ၁၆ ခုနှစ် ဇန္နဝါရီလထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီး တပါးကတင်တဲ့ အမုန်းတရားဗီဒီယိုလို့ ထွက်ဆိုပါတယ်။

ကြားနာစစ်ဆေးပွဲမှာ မေးမြန်းကြတဲ့ ဆီနေတာတွေဟာ တိကျပြင်းထန်တဲ့မေးခွန်းတွေမေးကြတယ်။ ဖြေတဲ့သူကလည်း စကားလုံးတိုင်း ဝါကျတိုင်းကို အထူးဂရုစိုက်ထွက်ဆိုပါတယ်။ ဆီနေတာတွေက အသက်အရွယ်ရော ဉာဏ်ပညာပါ ရင့်ကျက်ကြတယ်လို့ မြင်ရပါတယ်။ မေးသူဖြေသူတွေအားလုံးဟာ ဆိုင်ရာနယ်ပယ်မှာ အထူးကျွမ်းကျင် တတ်မြောက်ထားကြသူတွေဖြစ်ကြတယ်လို့ တီဗွီကြည်ရင်း သတိထားမိပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး