တွေးကြည့်စရာ

တတောင်သာသာ၊ ညှက်လှစွာတည့်
ဇရာခဲမျို၊ ဤပင်အို၌
စိမ်းစိုနွဲ့နှောင်း၊ ရွက်အပေါင်းတို့
ညောင်း၍ကျကြွေ၊ စွန့်ကုန်လေလည်း
ပွင့်ရွှေတခု၊ နုနုဝါဝါ
ကိုင်းလက်ျာဝယ်၊ ပမာသူ့မြေး ရှိသေလေး၍
အေးအေးကောင်း၏၊ တော်သေး၏ဟု
ဆိုမိငါ့မှာ၊ ငါဝမ်းသာ၏။

ယခုခါတွင်၊ အဆင်းလည်းလှ
ကိုယ်ကလည်းသေး၊ နှုတ်သီးကွေးနှင့်
တေးငှက်ပလီ၊ တောင်ပံချီလျက်
မပီကလာ၊ ပီကလာဖြင့်
တီတာချိုမြက်၊ လေမှသက်၍
ဝဲဖက်ကိုင်းမှာ၊ နားလာပါက
ရုက္ခာပင်အို၊ ဤပင်အိုသည်
ဘယ်လိုနေရှာလိမ့်မည်နည်း။

(ဇော်ဂျီ၏ ပိတောက်ရွှေဝါကဗျာများစာအုပ်မှ)

တစ်တောင်သာသာ မဟုတ်ပါ။ ပွင့်ရွှေတစ်ခု မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)