အိမ်နောက်ဖေးက အကြော်ဆိုင်

ကနေ့ သားတယောက်က ဗရာကြော် ကြော်တယ်။ အတော်ကောင်းတယ်။ ကျွန်တော်က အိန္ဒိယမှာ ၂၄ နှစ်သာကြာခဲ့တာ အဲဒီကအစားအသောက်တွေကို မခုံမင်ပါ။ မယ်ဆလာဆို ရှောင်ပြေးချင်တယ်။ တောင်ပိုင်းအစားအသောက်တော့ အတော်များများစားလို့ရတယ်။ ဗရာကြော်လည်းပါတယ်။

နောက်သားတယောက်လည်း သူ့အိပ်မှာ ထမင်းကြော်သတဲ့။ ကြာသတဲ့။ အဲတာ သူ့ဖရင်းတယောက်ကနေ အားပေးတယ်။ လူကတော်ပြီး ဒယ်ကညံ့လိုနေမယ်တဲ့။

ကျွန်တော် မြို့သာမှာနေရတုန်းက မန္တလေးကိုသွားရတော့ အန်တီအေးက အိမ်ဖေါ်မလေးကို ခရမ်းသီးချက်ထားနှင့်လို့ မှာထားခဲ့တယ်။ ပြန်ရောက်တော့ ဟဲ့ ရွှေစုံ့ ခရမ်းသီးကို ဘာနဲ့ချက်သလဲမေးတယ်။ ဒယ်အိုးနဲ့ချက်တယ်ရှင့်တဲ့။

မရွှေစုံက စကားယဉ်ကျေးတယ်။ မေးခွန်းကိုလည်း အတည့်ဖြေတတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး