Water Festival and Benjamin Franklin သင်္ကြန်နဲ့ ဖရင်ကလင်
မနှစ်က သင်္ကြန်ဆိုင်းဘုတ် မှားရေးမိတာကို ပြင်တယ်။ ကောင်းတယ်။ မြန်မာစာမှားရေးထားတဲ့စာအုပ်သစ်တွေကတော့ တအုပ်ပြီး နှစ်အုပ်ထွက်နေတယ်။ မကောင်းသေးဘူး။
ကျောင်းတွေမှာ စာအုပ်မှန်သမျှ ယူနီဖေါင်းခေတ်ကသတ်ပုံကိုသာ သုံးနေတယ်။ မကောင်းသေးဘူး။
ရုံးစာတွေ ကျမ်းပြုစာတမ်းတွေမှာ ပေါ်လစီခေတ်ကသတ်ပုံအတိုင်း ပြင်ခိုင်းနေတယ်။ မကောင်းသေးဘူး။
လွှတ်တော်က ပြဋ္ဌာန်းတဲ့ဥပဒေသစ်ထဲမှာပါ ကုလားထိုင်ရသတ်ပုံပဲ ရေးနေတယ်။ မကောင်းသေးဘူး။
ဘင်ဂျမင် ဖရင့်ကလင်ဆိုတဲ့ အမေရိကန်သမတကပြောခဲ့တယ်။ ဇာတ်လမ်းတခုလုံးကို အစကနေအဆုံးထိ သည်အတိုင်းပြန်ရေးတာကို ကန့်ကွက်စရာမရှိပါ။ တောင်းပန်လိုတာကတော့ အခွင့်သာတဲ့စာရေးသူဟာ အရင်ထုတ်ထဲကအမှားကို ဒုတိယအကြိမ်မှာ ပြင်စေချင်တာပါတဲ့။
မြန်မာပြည်မှာတော့ အရင်ကသတ်ပုံမှန်နဲ့ရေးထားတဲ့ စာအုပ်တွေကို ပြန်ထုတ်ဝေတဲ့အခါ အမှားတွေနဲ့ ပြင်ထုတ်ဝေ ရောင်းစားနေကြတယ်။
၁၂-၄-၂ဝ၁၇
၁၂-၄-၂ဝ၁၈

Comments
Post a Comment