Prosecutor ဆွဲချရှေ့နေ

မင်္ဂလာပါဆရာ နောက်ပိုင်းမြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ တ အသုံးနှုန်းပြောင်းလိုက်တာကိုတော့ တော်တော် သဘောကျမိတယ် :) ငပိ ဆိုရာမှာလည်း ငါးပိ လို့ ရေးတာက သဘာဝကျတယ်။ ရေးတော့အမှန် ဖတ်တော့ အသံ ဆိုတော့ အသံထွက်ကတော့ ငပိပဲပေါ့။ အရင်က စာလုံးဘယ်လိုပေါင်းပေါင်း နောက်ဆုံးသတ်မှတ်ပြဌာန်းတာကိုတော့ လိုက်နာရေးသားမှ အားလုံးတညီတညွတ်ထဲဖြစ်မှာပါ။ (ကျနော့် အမြင်သက်သက်ပါ ဆရာ )🙏

ကျွန်တော်ကတော့ တကို မလိုအပ်ဘဲတစ်ပြောင်းတာကို နည်းနည်းလေးမှ သဘောမတူပါ။ ဆောရီး။ ရေးတော့အမှန် ဖတ်တော့အသံကို တလွဲသုံးနေကြတယ်။ တစ်ခါတစ်ရံကို တခါတရံလို့ ဘယ်နည်းနဲ့မှ ဖတ်မရပါ။ ခေါင်းကိုက်ကို ဂေါင်းကိုက်လို့ အသံထွက်ရတာကသာ အဲဒီထုံးနဲ့ ညီတယ်။

အရင်ပညာရှင်တွေ၊ ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာကဝိတွေရေးထားတာကို နောက်ပေါ် ပေါ်လစီသတ်ပုံတွေ ပြင်ပြီး ထုတ်ဝေရောင်းစားတာတွေကိုတော့ တရားစွဲလို့ရရင် စွဲချင်မိတယ်။ တစ်ဘက်ကနေ ရှေ့လိုက်သူတွေကို တွေ့တိုင်း အဲဒီစိတ်ဖြစ်ပေါ်လာမိတယ်။

တခြားသူတွေနဲ့အတူ ဝိုင်းကြိုးပမ်းလို့ မူရင်းသတ်ပုံမှန်အတိုင်းသာရေးသားသူတွေ တနေ့ထက်တနေ့ များလာတာကို တွေ့နေရတယ်။ အဲလို အမှန်ဘက်ကနေသာ ညီညွတ်စေချင်တာ။

တချို့ကလည်း ပြောင်းလဲချိန်တန်ပြီအသုံးကို တလွဲသုံးကြတယ်။ မှားနေတာကို မှန်အောင်ပြင်ခြင်းမျိုးသာ ပြောင်းလဲရမှာ ဖြစ်တယ်။

တရားလိုရှေ့နေ ခေါ် ဆွဲချတွေတွေ့တိုင်း ဂေါင်းကိုက်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)