ငပိ

ငပိကို ငါးပိလို့ရေးပြီး ငပိလိုဖတ်ရတယ်လို့ ထင်နေကြတယ်။ ရေးတော့အမှန် ဖတ်တော့အသံထုံးကို တလွဲသုံးတာသာ ဖြစ်တယ်။

တချို့က ဖတ်တာ မှတ်တာ နည်းနည်းလေးနဲ့ ကျွန်တော် ကျမက သည်လိုထင်တယ်လို့ မကြာခဏ လာရေးတာတွေ ဖတ်နေရတယ်။ မြန်မာစာလုံးတွေကို ကိုယ်ထင်သလိုတွေးယူတာ အမြဲတော့ မှန်လေ့မရှိပါ။ ကျွန်တော့်မှာ ကိုယ်ပိုင်စကားလုံး မရှိပါ။ ဘယ်တုန်းက ဘယ်ထဲမှာ ဘယ်လိုရေးခဲ့တယ်ကိုသာ သက်သေတွေနဲ့ တင်ပြတယ်။

ငပိကို ငါးကနေသာလုပ်ရတာလို့ထင်တာ မမှန်ပါ။ စိမ်းစားငပိကို ဗုဇွန်ဆိတ်ကလေးများမှလုပ်သည်လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) စာမျက်နှာ (၂ဝ၃) မှာ ရေးထားတယ်။ တခါတရံ ဗုဇွန်ဆိတ်များသည် ငါးကလေးများနှင့် ရောနေတတ်သည်လို့ ဆက်ရေးပါတယ်။ တစ်ခါတစ်ရံ မဟုတ်ပါ။ ငပိမှာ ငါးပါတာက အရောအနှော သဘောသာဖြစ်တယ်။

အဲလိုလူတွေက ငပိကို ဗုဇွန်ပိလို့ပြောချင်ပြောကြဦးမယ်။ စာမကောင်းရင် ဖတ်မကောင်း၊ စားမကောင်းပါ။ မြန်မာစာမှာ ရောကောသောကောတွေ ပပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၈-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး