Posts

Showing posts from May, 2019

Sticker Sellers အရုပ်သယ်များခင်ဗျား

Image
လူသစ်တွေက မသိကြလို့။ ကွန်မင့်မှာ အရုပ်တွေ စတစ်ကာတွေ GIF ဖိုင်တွေ မတင်ပါရန်လို့ အကြိမ်တရာကျော် ရေးထားတယ်။ ကနေ့ ၈ ယောက် ၉ ယောက်ရှိပြီ။ ဟိုဒ်လုပ်နေရာ အမော။ ဒီစာထပ်ရေးနေရင်း နောက်တရုပ်လာတယ်။ တယာက်လာလည်းဒါ။ အခါခါဆိုတော့ မြင်ရတဲ့သူ အီနောက်လာတယ်။ ကိုယ့်လက်နဲ့ အကောင်း အဆိုး ရေးတာလောက် တန်ဖိုး မရှိပါ။ တချို့အရုပ်တွေကို ရယ်တာလာ ငိုတာလား မသိပါ။ လက်မထောင်တာလား သံလက်သီးနဲ့ထိုးချင်တာလား မသိပါ။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

Beer အလိမ်အညာဘေးက ဝေးကြပါစေသတည်း

Image
အခုပဲတွေ့ပြန်တယ်။ ဘီယာထဲမှာပါတဲ့ ဓါတ်တမျိုးက အသည်းနဲ့ အူမကြီးကင်ဆာအကျိတ်တွေကို သတ်နိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ တဲ့။ အဲလို မဟုတ်ကဟုတ်က အလွဲအမှားသတင်းတွေ ခဏခဏထွက်တယ်။ အရက်ရောင်းချင်သူတွေက ရေးခိုင်းတာတွေ။ ဘီယာသမိုင်းဟာ ဘီစီ ၅၀၀၀ ကတည်းကလို့ အီဂျစ်ကရတဲ့ အထောက်အထားတွေက ဆိုပါတယ်။ အဲလိုသာ မှန်မယ်ဆိုရင် ကမ္ဘာမှာ ကင်ဆာရောဂါ ပေါ်လာစရာအကြောင်း မရှိလောက်ပါ။ ကင်ဆာပဌမဆုံးလူနာကို ၁၇၇၅ ခုနှစ်မှာ ဗြိတိသျှခွဲစိတ်ဆရာဝန် ဒေါက်တာ Percivall Pott ပါစီဗယ်လ်ပေါ့က တွေ့ပါတယ်။ ယောက်ျားကပ်ပယ်အိပ်ကင်ဆာ။ ကန်တော့။ ဘီယာထဲဖြစ်ဖြစ် ဝိုင်ထဲဖြစ်ဖြစ် ထန်းရေထဲဖြစ်ဖြစ် အယ်လ်ကိုဟော ပါတယ်။ နည်းတာများတာနဲ့ တခြားဟာတွေပါ မပါသာ ကွာတယ်။ အယ်လ်ကိုဟောနဲ့ ကင်ဆာဆက်စပ်မှု အခိုင်အမာရှိတယ်။ Carcinogens ကာစီနိုဂျင်လို့ ခေါ်တယ်။ ၂၀၀၉ ခုနှစ်စာရင်းတွေအရ အမေရိကမှာ ကင်ဆာနဲ့သေဆုံးသူ ၁၉၅၀၀ ယောက်ထဲက ၃့၅% ဟာ အရက်နဲ့ ဆက်နေကြတယ်။ ဆောရီး။ Head and neck cancer ဦးခေါင်းပိုင်းနှင့် လည်ပင်းပိုင်းကင်ဆာဟာ အရက် အသင့်အတင့်သောက်သူတွေမှာ ၁့၈ ဆ ပိုဖြစ်ကြတယ်။ များများသောက်သူတွေမှာ ၅ ဆပိုတယ်။ Esophageal cancer အစာမျိုပြွန်ကင်ဆာ ၁့၃ ဆ နဲ့ ၅ ဆပိုဖြစ်ကြတယ်။ Live

မင်းကြီးတာကထွက်သည်

Image
ကိုယ်၌က တာဝန်ပျက်သည် ရှေးက သမင်ဖမ်းသော မင်းတပါးသည် မှူးမတ်တို့အား တောခြောက်စေ၍ သမင်ကိုဖမ်းရာ၊ သမင်သည် မိမိတားရာ တာငန်းအကွက်မှ လွတ်ထွက်သွားသည်ကို မသိဟန်ပြု၍ အမတ်တို့အားမေးသဖြင့် အမတ်တို့က မင်းကြီးတာမှပင် ထွက်ပြေးကြောင်း သံတော်ဦးတင်သည်ကိုစွဲ၍ တစုံတရာတွင် ကြီးမှူးကွပ်ကဲသူတို့ကပင် စည်းကမ်းဖေါက်ဖျက် ပေါ့လျော့ခြင်းရှိသည့်အခါ တင်စား၍ သုံးနှုံးကြသည်။ လှသမိန်ပြုစုတဲ့ ဘန်းစကားများစာအုပ်က ဖြစ်ပါတယ်။ မင်းတပါး၊ တစုံတရာ၊ ဖေါက် သတ်ပုံတွေကိုပါ သတိပြုသင့်ပါတယ်။ ဒေါက်တာတင့်ဆွေ

Hypospadias ဆီးပေါက်နေရာလွဲရောဂါ

Image
(ကန်တော့) ဆရာရှင့် ကျမသား အတွက်မေးချင်လို့ပါ ကျမသားက အသက် ၉နှစ် လွန်ခဲ့တဲ့ ၃လလောက်က ကျမသားရဲ့ လိင်အဂါင်္ကို ခွဲစိတ်ထားပါတယ်ရှင့် ဆရာဝန်က ၃ကြိမ်ခွဲစိတ်ရမယ် ပြောပါတယ် အခုအကြိမ်က ဒုတိယအကြိမ်ပါရှင့် ကျမမေးချင်တဲ့ မေးခွန်းက အခုအကြိမ်ခွဲစိတ်ပြီး ဆီးထွက်ကြပါတယ် ကလေးက ဆော့တဲ့အချိန်မှာ သူ့အလိုလို ဆီးထွက်ပါတယ်တဲ့ အတွင်းခံဘောင်းဘီကို လဲပေးရပါတယ် ဆီးနံ့ထွက်လို့ပါရှင့် နောက်လထဲ ဆရာဝန်နဲ့ appointment ရှိပါတယ် ဒီနိုင်ငံမှာ လူနာရှင်က ခွဲစိတ်မူ့ကို စိတ်မကျေနပ်လို့ရှိရင် ဘာလုပ်ခွင့်ရှိပါသလဲရှင့် နောက်ပြီး ဆရာဝန်ပြောသမျှကို ယုံလို့ရပါသလားရှင့် ကျမ နားမလည်လို့ပါ ကလေးအတွက်လဲ အရမ်းစိတ်ပူလို့ပါ ကလေးက နာတာ ကျင်တာတော့ မရှိပါဘူး ဆော့နိုင်တယ် စားနိုင်တယ် ပုံမှန် အခြေအနေပါဘဲ ရှင့် ကျေးဇူးတင်ပါတယ် ဆရာ ဆောရီး။ ဘာကြောင့်ခွဲရတာလဲ။ ရောဂါအမည် ဆေးစာလုံပေါင်းနဲ့ သိပါသလား။ ဘယ်တိုင်းပြည်မှာလဲ။ ရောဂါကြောင့်မဟုပ်ပါ ဆရာ မွေးရာပါ လိင်ကပ်ခြင်းပါ hypospadias လို ခေါ်ပါတယ့့် မှာပါဆရာ အဲတာလည်း ရောဂါပါပဲ။ ခက်တယ်။ စကင်းဂရပ်လုပ်ရတတ်တယ်။ အပေါက်နေရာ ရွေ့ရတယ်။ မွေးရာပါအပေါက်က အဖျားနဲ့ ဝေးလေ ခက်လေ။ ဥပဒေတော့ သိပ်မသိ။ ဒီမှာက သိတဲ့အတိုင်း

GM fungus rapidly kills 99% of malaria mosquitoe ငှက်ဖျားပိုးကို မှိုပိုးကသေစေနိုင်

Image
ငှက်ဖျားဖြစ်စေတဲ့ ပါရာဆိုက်ကောင်ကို ဖန်းဂတ်စ်တမျိုးက ၉၉% သေစေနိုင်တယ်လို့ ကနေ့ထွက်တဲ့ ဆေးသုတေသန သတင်းတခုက ဆိုပါတယ်။ ဖန်းဂတ်ပိုးကို မျိုးဗီဇပြုပြင်ပေးတဲ့အခါ ပင့်ကူအဆိပ်လိုဟာ ထုတ်ပေးတယ်။ ငှက်ဖျားခြင်တွေ ၄၅ ရက်အကြာမှာ ၉၀% သေကြတယ်။ စမ်းသပ်လေ့လာမှုကို အာဖရိကတိုက် ဘာကီနာဖါဆိုမှာ လုပ်နေပါတယ်။ ယူအက်စ်က မေရီလင်းတက္ကသိုလ်နဲ့ ဒေသခံ IRSS သုတေသနအဖွဲ့တို့ ပူးတွဲလုပ်ဆောင်နေကြတယ်။ အဲဒီဖန်းဂတ်စ်ပိုးကို Metarhizium pingshaense လို့ခေါ်တယ်။ ငှက်ဖျားဖြစ်စေတဲ့ Anopheles mosquitoes ခြင်ကိုသေစေတယ်။ ငှက်ဖျားကြောင့် နှစ်စဉ်လူပေါင်း ၄ သိန်းသေဆုံးနေရတယ်။ လူနာပေါင်း ၂၁၉ သန်းရှိတယ်။ မြန်မာပြည်အပါအဝင် အရှေ့တောင်အာရှဒေသမှာ ဆေးယဉ်ငှက်ဖျားကူးစက်နေပါတယ်။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

Dead Languages ကွယ်လွန်သွားတဲ့စာတွေ

Image
ဖေ့စ်ဘွတ်မှာ Emotion icons အီမိုရှင်းသင်္ကေတတွေကို သုံးနေကြတယ်။ ကျွန်တော်တော့ တချို့အရုပ်တွေကို ငိုတာလား၊ ရယ်တာလားမခွဲခြားတတ်ပါ။ လက်ပြတာလား လက်သီးနဲ့ထိုးချင်တာလာလည်း မသိပါ။ နားလည်သူတွေကြား ပို့ကြတာမဆန်းပါ။ ကျွန်တော်က နားမလည်။ Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။ မြန်မာစာ မြန်မာစကား လွဲ၊ မှား၊ ပျောက်ကွယ်၊ သေသွားမှာစိုးပါတယ်။ အခုတော့ လေဖြတ်တဲ့အဆင့်ရောက်နေပြီ။ ကမ္ဘာမှာ သေသွားသလောက် ဖြစ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေရှိတယ်။ ၁။ Ancient Greek ရှေးဟောင်းဂရိ၊ ၂။ Latin လက်တင်၊ ၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊ ၄။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊ ၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ) ၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊ ၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊ ၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊ ၉။ Biblical Hebrew ကျမ်းစာသုံး ဟီဘရူး၊ နံပါတ် (၁ဝ) မှာ Myanmar မြန်မာစာထည့်ရမလားမသိပါ။ ဒေါက်တာတင့်ဆွေ

Trash အမှိုက်စာများ

Image
မုံရွာကသတင်းတွေ့လို့ ရေးချင်လာတယ်။ ရွာနားမြက် ရွာနွားစားပါတယ်။ ရွာကအမှိုက် ရွာသားကောက်ကြတယ်။ Broom with a broom အခမဲ့ တံမြက်စည်းလှည်းခြင်း https://doctortintswe.blogspot.com/2016/08/broom-with-broom.html Broom တံမြက်စည်း https://doctortintswe.blogspot.com/2019/03/broom.html Broom သန့်ရှင်းရေး https://doctortintswe.blogspot.com/2018/04/broom.html Gang and Garbage အမိုက်နဲ့ အမှိုက် https://doctortintswe.blogspot.com/2015/11/gang-and-garbage.html Garbage bin အမှိုက်ပုံး https://doctortintswe.blogspot.com/2018/03/garbage-bin.html Garbage bin အမှိုက်ပုံး https://doctortintswe.blogspot.com/2019/04/garbage-bin.html Garbage Revolution အမှိုက်သိမ်းခွင့် တော်လှန်ရေး https://doctortintswe.blogspot.com/2015/10/garbage-revolution.html Garbage votes အမှိုက်ကို မဲပေးရွေးချယ်ခြင်း https://doctortintswe.blogspot.com/2015/04/garbage-votes.html Social media content is Garbage ဆိုရှယ်မီဒီယာနဲ့ အမှိုက်ပုံ https://doctortintswe.blogspot.com/2018/02/social-media-content-is-garbage.html Sweeping broom တံမြက်စည်းလှ

အရမ်းတော်သောလူမျိုး

Image
၁။ ဆရာစာတွေကအလိုကြီး ဖတ်လို့မရဘူး ဖြေနေရတာ တကယ်ကိုမောပြီ။ ကိုယ့်ဖုန်းကနေ မြန်မာစာဖတ်နည်း သင်ယူထားစေလိုပါတယ်။ ၂။ GP နဲင်္ိMsc က္ခိုငျးပွပါပေးပါဆရာ မဖတ်တတ်။ ဆောရီး။ အဲလိုဖြစ်တာတွေ နေ့တိုင်းနေ့တိုင်းတွေ့ရတယ်။ ဘားမိစ်ဖေါင့် ပေါ်ကာစ  အဲလောက်မဆိုးသေး။ မြန်မာဖေါင့်တွေနဲ့ ယူနီ ယူနက်တွေ ပေါ်လာတော့ အဲလိုဖြစ်ကုန်တယ်။ ယူစိမ်းဆိုတာ လာဦးမယ်။ မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ နည်းပညာကို မြန်မာလူမျိုးတချို့အတွက် အဆင်ပြေပြီး မြန်မာလူမျိုးတချို့အတွက် အဆင်မပြေ။ ကျွန်တော်တို့ အတော်ကို တော်ကြပြီး အရမ်းကို မတူညီကြပါတကား။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

Global addiction overview အရက်နဲ့ မူးယစ်ဆေးစွဲခြင်းအမျိုးမျိုး

Image
သွားရင်းလာရင်း လမ်းဘေးက ဆိုင်းဘုတ်တခုကို သတိထားမိတယ်။ ဆေးလိပ်အမျိုးမျိုး ရနိုင်တဲ့နေရာတွေတဲ့။ ၂၀၁၆ စာရင်းတွေအရ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြာ အရွယ်ရောက်ပြီးသူ ၂၀ ယောက်မှာ ၁ ယောက်က အရက်နဲ့ မူးယစ်ဆေး တခုမဟုတ်တခုကို စွဲနေကြတယ်။ ဘိန်းကအများဆုံး။ Causes of Addiction အရက်နဲ့ မူးယစ်ဆေး ဘာလို့စွဲကြသလဲ ၁။ Genetics မျိုးဗီဇပါခြင်း ၄၀% ကနေ ၆၀% အထိ၊ ၂။ Environmental factors ပတ်ဝန်းကျင်ဆွဲဆောင်မှု၊ ၃။ Teenagers ဆယ်ကျော်သက်အရွယ်နဲ့ ၄။ Mental health disorders စိတ်အခြေအနေရှိသူတွေ။ အမေရိကမှာ • Cocaine ကိုကိန်းသုံးသူ ၉၆၆၀၀၀ ယောက်။ • Heroin ဟီရိုးယင်းသုံးစွဲသူ ၆၅၂၀၀၀ ယောက်။ • Prescription drugs ဆရာဝန်ညွှန်ကြားချက်ဆေးသုံးစွဲသူ ၁့၇ သန်း။ • Marijuana မာရီဂွါးနားသုံးစွဲသူ ၄့၁ သန်း။ • Alcohol အရက် ၁၄့ ၅ သန်းရှိနေတယ်။ • အမေရိကန် ၈့၅ သန်းတို့က အရက်၊ မူးယစ်ဆေးစွဲခြင်းနဲ့အတူ စိတ်ရောဂါပါဆက်ဖြစ်နေကြတယ်။ ကမ္ဘာမှာ ၂၀၁၄ စာရင်းအရ အရက်စွဲနေသူပေါင်း ၁၂၄ သန်း။ နှစ်စဉ် လူ ၃ သန်းတို့ဟာ အရက်နဲ့ဆက်စပ်တဲ့ ရောဂါတွေနဲ့ သေဆုံးနေကြတယ်။ အသက်တိုနှုန်းတွက်ရင် ၂၀၁၀ စာရင်းအရ စုစုပေါင်း အသက် ၃့၆ သန်းနှစ်တွေတိုခဲ့ကြပြီ။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁

GP ဆရာဝန်တွေအကြောင်း

Image
သူငယ်ချင်းတယောက်က ရေးတယ်။ ယူကေဂျီပီဆိုတာ တဲ့။ သူက အဲဒီမှာနေတာ။ ဟောသည်မှာနေတဲ့ ကျွန်တော်က ပြန်ရေးလိုက်တယ်။ ကိုယ်တော့ ဂျစ်ကားအကြောင်းလေး ရေးစဉ်က GP မူကွဲစာလုံး ထည့်ရေးလိုက်တယ်။ အထွေထွေသုံးတဲ့။ မရှိသုံးနဲ့လည်း ခပ်ဆင်ဆင်။ ဖိုးသူတော်ဦးမင်းက ပြန်ရေးတယ်။ General stores ကကုန်စုံဆိုင်ဆိုရင် အစုံကုပေါ့ဗျ၊ အထူးကုနဲ့ကွဲအောင်။ လူဦးမင်းအလှည့်။ Willys MB ဝီလီးစ် အင်ဘီ ခေါ် Jeep ဂျစ်ကားကို ၁၉၄၁ ကစထုတ်ပါတယ်။ ဂျစ်ကားထုတ်ကာစမှာ Jeep အခေါ်ကို စကားများကြသေးတယ်။ တချို့က General Purpose (GP) အထွေထွေသုံးလို့ခေါ်ပါသတဲ့။ ဂျီပီဆရာဝန်ဆိုတာ လိုရာသုံး၊ လိုရင်သုံးဆရာဝန် ဖြစ်ပါမယ်။ ကျွန်တော့မှာ ပဌဆုံးရှိတဲ့ ဂျစ်ကားနံပတ်က ၈/၂၀၆၅။ GP ဂျီပီဆိုတာ ဘာလဲ https://doctortintswe.blogspot.com/2018/09/gp.html ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

ကနေ့တော့ ပုံမှန်

Image
အိပ်ရာထ ကော်ဖီမသောက်ရသေးရင် လျှာက တောင်းပြီ။ ကော်ဖီကျကျနနဖျော်ပေးသူ မလာသေးရင် ရယ်ဒီမိတ်နဲ့ ညားတယ်။ ကနေ့တော့ ပုံမှန်။ မနေ့ကတော့ ဂျုံနဲ့လုပ်တဲ့ အင်ဒီးယန်းတွေစားလေ့ရှိတဲ့မုံ့။ ကုလားစာလို့ပြောရင် သွန်သင်အမိန့်ပေးခံထားရသူတွေက တမျိုးထင်ကြမယ်။ ကနေ့တော့ ဘုတလင် ညောင်ကန်သူက သူငယ်ငယ်ကကြိုက်တဲ့ မြေဥတမျိုးပြုတ်တာစားရတယ်။ ပိန်းဥ၊ ကန်စွန်းဥ၊ တာဒိုဥ၊ အမျိုးမျိုးရှိတာ။ ဆီးလေး ဆားလေးနဲ့ စားကောင်းတယ်။ ကျွန်တော်က စားစရာသာ ရွေးတာမဟုတ်။ စားလို့လွယ်တာကိုသာ စားတယ်။ လက်နှစ်ဘက်နဲ့ ကိုင်တွယ် ဖြတ်တောက် နေရတာမျိုးကို အချိန်ရွေးစားတယ်။ ရွေးစရာများတော့ စားစရာနည်းတယ်။ နည်းတော့ ဗိုက်မရွှဲသေးဖူး။ မနေ့တနေ့က ခါး ၃၄ ဘောင်ဘီရှည်ဝယ်လာတယ်။ အဝတ်အစား ကိုယ်တိုင် တထည်မှ မဝယ်ဖူးသေး။ မန္တလေးက ကလေးမရသေးတဲ့စုံတွဲက လက်ဆောင်ပေးလိုက်တဲ့ ခါးပတ်က အကျဉ်းဆုံးအပေါက်နဲ့ ဝတ်မှသာရတယ်။ Smile! ကျေးဇူး။ စာရေးပြီးတော့ ကော်ဖီကုန်ပြီ။ တာဒိုဥ တဝက်သာကျန်တော့တယ်။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

မြူရွက်

Image
ကနေ့မနက် တွက်ခြေမကိုက်။ အရုပ်သယ်လာလိုက်။ အရုပ်အကြောင်းပြောတော့ ဆုံးမခံရလိုက်။ ဘုန်းကြီးတရားက တယောက်။ စီအိုင်အေတရားလည်း တယောက်။ ဒယ်ရောင်းသူကလည်းလာ။ အဲတာနဲ့ ကွန်ပြူတာထားခဲ့ပြီး အိမ်ပြင်ထွက်လိုက်တယ်။ အပင်ပေါက်လေးတွေ သန်လာကြပြီ။ ခွေးတောက်ပင်လေးတွေ လူလိုသူလိုဖြစ်လာကြပြီ။ အစကတော့ ငရုတ်ပင်နဲ့တူသလိုလို မပြောရင် မသိ။ အပင်စိုက်သူ သူ့သမီးနဲ့ စကားပြောနေလေရဲ့။ ပေါင်းပင်တွေကြားမှာ မြူရွက်ပင်လေးတွေလည်းရှိသတဲ့ ရန်ကုန်ကနေ လှမ်းပြောတယ်။ ပေါင်းပင်တွေကြား စားကောင်းတဲ့အပင်ပါတာ နည်းတဲ့ကုသိုလ်မဟုတ်။ နောက်လာမှာတွေ စားကောင်းတာတွေသာ ဖြစ်ပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

ဒယ်ဆိုတာ ကြော်စရာ

Image
အာဖျံကွီး ဆရာ ကလေးဒွေ ယူဆော့ဒါနေမယ် ကျနော်လည်းဖြစ်ဖူးဒယ် ဆရာ့ ပို့စ် တခုမာ အားနာဘါဒယ်ဆရာ စာကို တမင်တကာဖျက်ရေးတာလို့ထင်တယ်။ ဒွေ၊ ဒါ၊ ဒယ်၊ မာ၊ ဘာဒယ်။ စာကို ကိုယ်လိုလူတွေ တယောက်ဆီတယောက် ကြိုက်သလိုရေးကြတာ ပြောရန် မရှိပါ။ ကျွန်တော့်ဆီကိုတော့ ရိုးရိုးလေး ရှင်းရှင်းလေးသာ ရေးပါရန်လို့ အကြိမ်တရာလောက် ရေးတင်ထားတယ်။ ကျန်းမာရေးမေးတာတွေဖြေနေရတော့ စာနည်းလည်းလွဲတာနဲ့ ရောဂါအမည်လွဲနိုင်တယ်။ ဆေးနည်း လွဲနိုင်တယ်။ အဲတာကြောင့် စည်းကမ်းလိုလို လုပ်ထားရတယ်။ ဆောရီး။ မာဆိုတာ မပျော့တာ။ ကင်ဆာမဟုတ်တဲ့အကျိတ်က ပျော့ပြီး ကင်ဆာက မာတယ်။ ဘီဆိုရင် ဘီပိုးလားစဉ်းစားရတယ်။ ဒယ်ဆိုတာ ကြော်စရာ။ ညှော်အကြောင်း မေးတာလား။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

ပညာပေးခံရခြင်းများ

Image
အရုပ်တွေအကြောင်း ပြန်တင်တော့ ကွန်မင့်တခုရတယ်။ ကလေးတွေဖုန်းကိုယူဆော့မိရင်လည်းဖြစ်တက်ပါတယ်ဆရာ။တခါတလေ ဖြည့်တွေးပေးရတာတွေရှိပါတယ်။ ဆုံးမတာ ကျေးဇူး။ အဲလိုဟာတွေ အကြိမ်ရာပေါင်းများစွာရလို့ သိတယ်။ တချို့က ကလေးဆော့၊ တချို့က တမင်တကာပိုကြတာယ်။ တချို့က ကလေးဆိုပြီး တောင်းပန်ကြတယ်။ တချို့က ဘာမှ ပြန်မပြော။ တချို့က ထပ်လုပ်ကြတယ်။ ပို့စ်တင်တော့ နည်းတော့လာတယ်။ စာရေးတင်တဲ့ အကျိုးတွေထဲက တခုကတော့ ပညာပေးခံရခြင်း ဖြစ်ပါတယ်။ ဆေးတွေအကြောင်း သေချာရေးရင် ရမ်းကုအားပေးလို့ အပြောခံရတယ်။ ဆေးခြောက်စာတပုဒ်တင်စဉ်က လူတရာကျော်က ဆဲရေးကြတယ်။ မြန်မာစာအကြောင်းရေးလို့ ပြင်လာသူများများနဲ့ ဘလော့ရသူ နည်းနည်းရှိတယ်။ သည်းခံပါ ခွင့်လွှတ်လိုက်ပါ နားလည်မှုပေးလိုက်ပါတွေကတော့ ခဏခဏလာပါတယ်။ ဒီလောက်လေးမှာ ဖြည့်မတွေးဘူးလားလို့ အငေါက်ခံရတာမျိုးလည်း ရှိတာပဲ။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉ CIA စီအိုင်အေ တဲ့ ပို့စ်အဟောင်းတခုမှာ ကွန်မင့်အသစ်တခုလာလို့ နိုတီဖီကေးရှင်း တက်လာတယ်။ ပို့စ်အဟောင်းက သူပုန်တွေကြားမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန်နိုင်ငံရေးသမားနဲ့ ၉ဝ အမတ် (သို့) ဒေါက်တာတင့်ဆွေ။ ကွန်မင့်က U Myo Wai CIA ကြီးလား တဲ့။ ကွန်မင့်ပေးသူအကောင့်ကို ဖွင့်

ကိုးကွယ်ရာနှင့် ပြောစကား

Image
(ကန်တော့) ကမ္ဘာမှာ ဗုဒ္ဓဘာသာဝင်ဦးရေ စုစုပေါင်း ၄၈၈ သန်းကနေ ၄၉၅ သန်းရှိတယ်။ ဗုဒ္ဓဘာသာအောက်မှာ မတူတဲ့ ဂိုဏ်းတွေ ရှိတယ်။ China 244,130,000 ၂၄၄ သန်းကျော်၊ Thailand 64,419,840 ၆၄ သန်းကျော်၊ Myanmar 48,415,960 ၄၈ သန်း ၄ သိန်းကျော်၊ Japan 45,820,000 ၄၅ သန်း၊ Vietnam 14,380,000 ၁၄ သန်းကျော်၊ Sri Lanka 14,222,844 ၁၄ သန်းကျော်၊ Cambodia 13,701,660 ၁၃ သန်းကျော်၊ South Korea 11,050,000 ၁၁ သန်းကျော်၊ Taiwan 8,000,000 ၈ သန်း၊ Laos 4,092,000 ၄ သန်းကျော်၊ Malaysia 5,620,483 ၅ သန်း ၆ သိန်း၊ Singapore 1,725,510 ၁ သန်း ၇ သိန်းကျော်၊ Mongolia 1,520,760 ၁ သန်းခွဲ၊ Bhutan 563,000 ၅ သိန်းကျော်၊ ဗုဒ္ဓဘာသာအမည်နဲ့ ကဲ့ရဲ့ခြင်းခံရတဲ့သတင်း အများဆုံးထွက်တဲ့ နိုင်ငံတခုလည်းရှိပါသတဲ့။ ကမ္ဘာမှာ မြန်မာစကားပြောသူဦးရေ စုစုပေါင်း ၃၂ သန်းလို့ဆိုပါတယ်။ မြန်မာစာ မြန်မာစကားအလွဲအမှားဆုံး နိုင်ငံတခုလည်းရှိပါသတဲ့။ ကန်တော့။ ဆောရီး။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉

စကားဝိုင်းသေးသေး

Image
မနှစ်က ဒီလိုရက် စကားဝိုင်းသေးသေး မုံရွာအိမ်က မန်ကျည်းပင်လေးအောက်မှာ။ ကိုယ့်တိုင်းပြည်ကို ပြန်လာတဲ့ခရီးမှာ တွေ့စရာလူတွေများ၊ သွားစရာနေရာတွေ မနည်းပါ။ နားထောင်စရာစကားတွေ မကုန်နိုင်သေးတော့။ ကွင်းဆက်လေးတွေ တခုပြီးတခု လိုက်ဆက်နေရတယ်။ ကျွန်တော့်ကို ဘယ်လိုလာဖမ်းသလဲတော့ ရေးထားပြီးပြီ။ မဖမ်းခင် ဘယ်လိုတွေ၊ ဖမ်းလို့ လွတ်သွားတဲ့နောက် ဘာတွေဖြစ်ခဲ့သလဲ အကုန်အစုံ မသိသေးပါ။ တရက်ထက်တရက် ကွင်းဆက်တွေ ဆက်မိလာတယ်။ တွေ့ချင်သူတွေ မကုန်သေးပါ။ သိစရာတွေ မစုံသေးပါ။ ကူညီဖေးမသူတွေကို အကုန် မသိသေးတာ စိတ်မကောင်းပါ။ တချို့အဖြစ်အပျက်တွေက မှတ်တမ်းစာရေးဖို့ မသင့်တာတွေ။ မိသားစုအတွင်းသာ ပြောပြလို့ရတာမျိုး။ တချို့ကား အလွန်ကောင်းခဲ့ကြ၏။ တချို့ကား ထင်မှတ် တွေးယူနိုင်တာထက် ဆိုးကြ၏။ ဤကား နိုင်ငံရေးတည်း။ မန်ကျည်းပင်အောက်က ယပ်တောင်တချောင်းစီနဲ့ ပြောနေကြတဲ့မိသားစုစကားဝိုင်းကား မပြီးသေး။ အိပ်ချင်ပြီ။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂ဝ၁၈ ၃၁-၅-၂ဝ၁၉ ဝတ်စုံနိုင်ငံရေး စတစ်အင်္ကျီနဲ့ တိုက်ပုံမဝတ်လိုက်ရတော့ အအိုက်သက်သာတယ်လို့ ရေးတာကို သဘောမပေါက်တဲ့ကွန်မင့်ဖတ်ရတယ်။ ကျွန်တော်ခရီးထွက်လာတာ တလနည်းနည်းကျော်လာပြီ။ ဓါတ်ပုံတွေလည်းရ

အခြေပြမျဉ်း

Image
မုံရွာကမြန်မာစာ သိန်းတရာတန်တယ် အောက်မှာ ကွန်မင့်ပေါင်း ၆၀ တိတိရတယ်။ ကွန်မင့်ပေးကြသူတွေ ကျေးဇူး။ မနှစ်ကထက် အပြုသဘော ပိုများ။ အမှန်လက်ခံသူတွေလည်း ပိုများ။ ၁၀၀% တော့ မမျှော်လင့်ပါ။ ကျွန်တော်ရေးနေတာ တ နဲ့ တစ်တမျိုးတည်းသာမကပါ။ ကျန်းမာရေးမေးခွန်းတွေထဲက လွဲတာမှန်သမျှကို ရေးပါတယ်။ ရေးသမျှ အကိုးအကား အထောက်အထားတွေနဲ့ပါ။ ၂၀၁၉ ခုနှစ်ထဲရောက်ကတည်းက မှန်အောင်ရေးသားသူတွေ သိသိသာသာများလာပါတယ်။ မြန်မာစာအတွက် အားတက်မိပါတယ်။ ရေးတော့အမှန်ဆိုတာတို့ ရေတွက်လို့ရရင် တစ်တို့ကိုလည်း ၄-၅-၁၀ ပုဒ်ရေးပြီးသား။ နောက်ထုတ်က အမှန်ဆိုတာ ကိုလည်း ရေးပါတယ်။ သဘောမပေါက်သူတွေ အများကြီးကျန်ပါဦးမယ်။ တိုးတက်မှုပြဂရပ်ဆိုတာ အားတက်စရာ ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ ၃၀-၅-၂၀၁၉

ပညာတိုက်ပွဲ

Image
မင်္ဂလာပါ ဆရာ။ အဲဒီစာအုပ်ထဲမှာ တစ် တွေနဲ့တွေ့လို့ ဆရာ့ဆီကို ပို့ပေးတာပါ။ တစ်တွေကတော့ ဘယ်မှ လိုက်ရှာစရာမလို။ ရှောင်မလွတ်။ ဘယ်ခုနှစ်မှာ ဘယ်သူကထုတ်သလဲ သိရမယ်။ ကေဒသမအကြိမ်လို့တွေ့ပါတယ်ဆရာ။ ဧ ကို သဝေထိုးနဲ့ ရေးထားတာတွေ့ပါတယ်။ ၁၉၈၁ နောက်ထုတ်တွေက ပေါ်လစီအရ ပြင်ထားတာတွေသာ ဖြစ်ပါတယ်။ ကျေးဇူး။ တိုက်ဆိုင်မှုဆိုတာ မကြာခဏကြုံတယ်။ မနှစ်က ဒီနေ့မှာ ကွန်မင့်တခု ရတယ်။ ဆရာ အရင်တခါလို ခိုးကူးကော်ပီစာအုပ်ပဲ ဖြစ်မယ်ထင်တယ်ဆရာ။ သက်သက်မဲ့ ဉာဏ်နီဉာဏ်နက်နဲ့ အမှားကိုရေး ပညာရေးပဲ ညံ့လာသယောင်များ လုပ်လေးသလားလို့ဆရာ။ ဟုတ်မလား ထင်မိတယ်။ အဲလိုကျောင်းသုံးစာအုပ်မှာ သွက်သွက်ခါ မှားနေတာတွေ မနည်းမနောတွေ့ရတယ်။ မြန်မာ့ပညာရေးကို မှောင်ခိုနည်းနဲ့ ဖျက်ဆီးနေတာ။ အဆိပ်သောက်မိသူ ဘယ်လောက်များလဲ မသိ။ တကယ်တော့ ကျွန်တော်တို့ မညံ့ကြပါ။ လူတွေကို ညံ့စေချင်တဲ့ တာဝန်ရှိသူတွေကသာ ညံ့တာ။ ကိုယ့်ကလေးတွေကိုသာ သွန်သင်ကြပါ။ ကိုယ့်တိုင်းပြည်နဲ့ စာကို မြှင့်တင်ကြပါ။ ပညာတိုက်ပွဲမှာ ပါကြပါ။ မြန်မာစာသတ်ပုံတွေ ပြောင်းခိုင်းတဲ့မှတ်တမ်းကို ဖတ်စေချင်တယ်။ တတွေကို စမသတ်ပဲ နိဒါန်းမှာ ရေးထားတယ်။ အဲဒီစာအုပ်လည်း ထုတ်ပြီးရော တစ်တော့တာ အခုထိပါ။ ဒေါက်တာတင့်ဆွေ ၃၀-၅-၂

Like ဘုရားစောင်းတန်း

Image
မနှစ်က အလည်ပြန်တော့ ဘုရားစုံလောက် ရောက်တယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပုဂံ၊ ဘုတလင်၊ ညောင်ကန်၊ ဝန်ဘို၊ ပဲခူး၊ ပြည်၊ ပခုက္ကူ။ ဘုရားတွေရောက်တိုင်း ကောင်းမှုစာတွေပါ လိုက်ဖတ်တယ်။ မုံရွာတောင်ဘုရားကြီးစောင်းတန်းလည်းလျှောက်ခဲ့တယ်။ သီတင်းကျွတ်ဘုရားကြီးပွဲရက်တွေဆိုရင် ဒီစောင်းတန်းမှာ ဆိုင်တွေအပြည့် လူတွေအပြည့်။ ငယ်ငယ်လေးက နှစ်တိုင်းရောက်ခဲ့တယ်။ အရုပ်ဆိုင်တွေပေါတယ်။ ဓါတ်ပုံရိုက်ရင် သတ်ပုံမှားရေးထားတဲ့နေရာတွေကို ရှောင်တယ်။ မှန်တာတွေကို တမင်တကာလိုက်ရှာတယ်။ လိုက်ခ် လုပ်ခဲ့တယ်။ တောင်ဘုရားနဲ့ မြောက်ဘုရား မုံရွာမြို့က တောင်ဘုရားနဲ့ မြောက်ဘုရားကို မနှစ်က ဒီလိုနေ့မှာဖူးကြတယ်။ ကျောင်းသားဘဝမှာ မြောက်ဘုရားကပိုနီးလို့ အရောက်များပြီး။ မုံရွာဆေးရုံမှာတာဝန်ကျတော့ တောင်ဘုရားနား အိမ်ငှားနေရလို့ တောင်ဘုရားနဲ့ပိုနီးပြန်ရော။ မုံရွာမြို့ မြောက်ဘုရားထဲမှာ အောင်မြေနင်းရတယ်တဲ့။ အမှတ်ပေး စာမေးပွဲတော့ဖြေထားတာမရှိပါ။ ဘုရားရောက်ကာရှိသေး ဖေ့စ်ဘွတ်နဲ့တွေ့ရော။ ချောင်းဦးသားတယောက်နဲ့ ဓါတ်ပုံရိုက်ရတယ်။ လူသိများတယ်လို့ ကြွားရင် ရွှေမန်းတင်မောင်နဲ့ ခိုင်းနှိုင်းလိုက် ကျော်ဟိန်းနဲ့ ခိုင်းနှိုင်းလိုက်။ တကယ်တော့ ကျွန်တော်က ရ

ရေကျိုငပိ နှင့် ရေ နှင့် ရည်

Image
ပို့စ်တခု တွေ့တယ်။ မိုးရာသီနဲ့ လိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ ရှုးရှုးရှဲရှဲ ငါးငပိရည်ချက်ပြုလုပ်နည်း တဲ့။ ရေ နဲ့ ရည် သုံးကြတာ ရောထွေးနေကြတယ်။ ရေကျိုငပိလို့ အစကခေါ်ပါတယ်။ ရေချို မဟုတ်။ ၁။ တချို့က ထန်းရည်ရပြီ တမြူလောက်ဗျို့။ တချို့က ထန်းရေရပြီတဲ့။ ရည်နဲ့ ရေ ဒေသအလိုက် အခေါ်အဝေါ်တော့ ကွဲပြားနေတယ်ဆရာ။ ၂။ ဆရာ အရည်ပြားနဲ့ပတ်သက်ပြီး မေးလို့ရလားခင်ဗျ စကားရေလုပွဲလို့ ရေးထားတဲ့စာမျက်နှာတခု တွေ့တယ်။ စကားရည်လုပွဲလို့ ရေးရပါမယ်။ တကိုယ်ရေသန့်ရှင်းရေး ကိုလည်း လွဲရေးတတ်ကြတယ်။ ငပိကိုလည်း ငါးပိလို့မှားရေးကြတယ်။ ငပိဆိုတာ ငါးတမျိုးတည်းကသာလုပ်ရတာ မဟုတ်ပါ။ ရေ ကြက်သရေ (ကျက်သရေ) မရေမရာမလုပ်နဲ့ သားရေနယ်လုပ်ငန်း အသားအရေ အသရေဖျက် အရေပြားရောဂါ ရေကင်းသံ ရေကစား ရေကာတာ ရေကျက်အေး ရေကျိုငါးပိ ရေခန်းခြောက် ရေခပ်ပါ ရေခအုံးပင် ရေခဲခြစ် ရေချမ်းစင် ရေချိုးပါ ရေငတ်ပြေ ရေငန် ရေချို ရေငုပ်သင်္ဘော ရေစင်းစင်းသေ ရေစိမ်း ရေစီးကမ်းပြို ရေစုန်ရေဆန် ရေဆွတ် ရေညှိ ရေတံခွန် ရေတံလျှောက် ရေတွက်သည် ရေတွင်းရေကန် ရေတာရှည်မြို့ ရေတိမ်နစ်သည် ရေတိမ်ရောဂါ ရေတကောင်း ရေဒီယို ရေနံ့သာရွာ ရေနံကြီး (ရေနံချေး) ရေ

Skelton အရိုးစု

Image
သတင်းတွေဖတ်ပြီး ရေးချင်လာတယ်။ သူများတွေ မသိအောင် ဝှက်ထားနည်းတွေ အမျိုးမျိုးရှိတယ်။ ကျွန်တော်ငယ်ငယ်က စုံထောက်ဝတ္တုတွေ အတော်ဖတ်ခဲ့တယ်။ ဦးစံရှား၊ တင်မောင်ဆွေနဲ့ ဘာသာပြန်တွေ။ တပုဒ်ထဲက ရေးထားတာကို မှတ်မိနေတယ်။ လူသတ်ပြီး အရိုးစုကို ဧည့်ခန်းထဲမှာ ထားသတဲ့။ လက်တွေ့ဘဝမှာလည်း ဖမ်းမမိတဲ့တရားခံစာရင်းက တယောက်ပြီးတယောက် တိုးလာနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှိခင်ကနဲ့ အတည်ပြုပြီး ဘာမှမထူးပါဘူး။ မြင်လောက်သောနေရာတွင် ဝှက်ထားလိုက်သည်။ ဒေါက်တာတင့်ဆွေ ၃၀-၅-၂၀၁၉

တခါက တဘဝ

Image
တခါက တဘဝ။ ဆရာကျန်းမာ ပျော်ရွှင်ပါစေ။ သက်သေခံပစ္စည်းပို့ပေးတယ်။ ကျေးဇူး။ ပညာဆိုတာ တရားရုံးမှစစ်ရတာမျိုးမဟုတ်။ မဲနဲ့ရွေးရတာလည်းမဟုတ်။ ပညာကို ပညာနဲ့သာဆန်းစစ်ရတယ်။ ရာထူး အာဏာနဲ့ လုပ်တာ မသင့်ပါ။ သတ်ပုံပြင်အဖွဲ့ကြီးဖွဲ့ကတည်းက မှားခိုင်းထားတာ။ ဒေါက်တာတင့်ဆွေ ၃၀-၅-၂၀၁၉

Labor ကလေးမွေးတော့မယ်ဆိုတာ

Image
(ကန်တော့) မင်္ဂလာပါ ဆရာရှင့် ကျွန်မအသက် ၂၈ နှစ်ပါ ကိုယ်ဝန်က ၃၆ ပတ်နဲ့ ၂ ရက်ပါ ခွဲမွေးဖို့ Og အပ်ထားပါတယ် အမ်ထရာဆောင်း due date က 26-6-2019 ပါ Og က 1ရက်နေ့ ရက်ချိန်းမှ ခွဲမယ့် dateပေးမှာပါ။ ကလေးက တဦးမိန်းကလေးပါ။ မိန်းကလေးဆိုပေမဲ့ နေရထိုင်ရသွက်ပါတယ်။ ဒါကြောင့် အိမ်အလုပ်တွေ လုပ်ပါတယ်။ သိပ်ပီးအငြိမ်မနေပါဘူး။ လမ်းလည်းလျှောက်ပါတယ်။ အခု ဗိုက်နာသလိုလိုရှိနေလို့ပါ လှုပ်ရှားတာများလို့ စောမွေးချင်တာလား ဆရာ။ ဗိုက်နာတာ ဘယ်လိုလက္ခဏာမျိုးလည်း သိချင်လို့ပါ ဆရာ ကျေးဇူးတင်ပါတယ် ဆရာ အာထရာဆောင်း (အာထွာဆောင်း) လို့ ရေးရတယ်။ သိပ်ပြီးလို့ ရေးရတယ်။ သားဦးလို့ရေးရတယ်။ မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အနေအထိုင် မကွာပါ။ အနည်းဆုံး ၃၇ ပတ်ရှိမှ ဖွံ့ဖြိုးမှုစုံတယ်။ ကလေးမွေးချင်လာရင် ဗိုက်နာမယ်။ တခုခုဆင်းမယ်။ တခုခုဆိုတာ ရေလိုအရည်နဲ့ အချွဲပါတဲ့သွေး။ ကိုယ်ဝန်ဆောင်တိုင်း ဖြစ်စဉ်တွေက ထပ်တူမကျတတ်ပါ။ ကလေးမွေးတာကို ၃ ဆင့် ခွဲတယ်။ ပဌမအဆင့်ဆိုတာက မွေးချင်လို့ ဗိုက်စနာချိန်ကနေ သားအိမ်အဝ လုံးဝ ကျယ်လာတဲ့အထိကို ခေါ်တယ်။ မွေးချင်လို့ ဗိုက်နာတယ်ဆိုတာ နာလိုက် ရပ်လိုက်ဖြစ်တယ်၊ တိုးတိုး နာလာရမယ်၊ နာချိန် ကြာလာပြီး၊ နားချိန် တိုတိုလ

Lady Godiva Syndrome လေဒီ ဂိုဒီဗာ ဆင်ဒရုမ်း

Image
(ကန်တော့) လွန်ခဲ့တဲ့ ၃ နှစ်တိတိက လူမှုရေးကွန်ရက်မှာ ရှယ်တာတွေများလှတဲ့သတင်းတခုရှိတယ်။ အဆင့်အတန်းခွဲခြားမှုကို ဆန့်ကျင်သည့် ကိုယ်တုံးလုံး ကမ္ဘာပတ်စက်ဘီးစီးအသင်း မြန်မာနိုင်ငံသို့ရောက်ရှိမည် တဲ့။ ဆရာရှင့် Exhibitionism is one of the behaviors in a group of sexual problems called paraphilias အကြောင်း သိချင်ပါတယ်။ သမီးတို့က English လို မဖတ်တတ်လို့ပါ။ ကိုယ့်ဟာကို သူများပြချင်သူဆိုတာ စိတ်အခြေအနေတခုဖြစ်ပါတယ်။ မြန်မာပြည်ကို ယဉ်ကျေးတာတွေသာ လာပါစေသတည်း။ Lady Godiva syndrome ကိုယ့်ဟာကို သူများပြချင်သူ https://doctortintswe.blogspot.com/2016/06/lady-godiva-syndrome.html ဒေါက်တာတင့်ဆွေ ၃ဝ-၅-၂ဝ၁၆ ၃ဝ-၅-၂ဝ၁၉

Depression ဒီပရက်ရှင်း

Image
အင်္ဂလိပ်စာသင် တခြားကျောင်းတခုက သင်ခန်းစာ။ အမေရိကမှာဆိုတော့ စီးပွါးရေးကျဆင်းမှုကြီးအကြောင်း ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီပရက်ရှင်းဆိုတာနဲ့ စိတ်ကျရောဂါကိုသာ တန်းစဉ်းစားတယ်။ ဘူမိဗေဒသမားတွေက မြေကြီး နိမ့်ကျသွားတာလို့ ပြောကြမယ်။ မိုးလေဝသပညာရှင်တွေအတွက်တော့ လေဖိအားနည်းရပ်ဝန်း။ Great Depression ခေါ် ကမ္ဘာ့အကြီးဆုံး စီးပွါးရေးကျဆင်းမှုကြီး ၁၉၂၉ ကနေ ၁၉၃၉ အထိဖြစ်တဲ့တာ သမိုင်းဝင်တယ်။ ဝေါလ်စထိရိ စတော့ဈေးကွက် ပျက်တာကနေစတယ်။ အမေရိကန် ၁၅ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြတယ်။ မကြာခင် ဒုတိယကမ္ဘာစစ်ဖြစ်တယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၅-၂ဝ၁၉

ကလေး

Image
ကလေးကို ခလေးလို့ရေးနေကြတယ်။ သူငယ်တန်းသင်ပုန်းကြီးမှာ က ကလေးငယ် ချစ်စဖွယ်လို့ ပါတယ်။ မိန်းကလေးလို့ ရေးသင့်တယ်။ ခလေးနဲ့ မိန်းခလေးက အမှားကြီးတော့မဟုတ်ပါ။ ကလေးဆေးရုံဆိုင်းဘုတ်တွေကို ကြည့်ပါ။ ကလေးအထူးကုဆရာဝန်တွေ ရှိတယ်။ ခင်နှင်းယု စာအုပ်တွေကို တင်ပြပါတယ်။ ဒေါက်တာတင့်ဆွေ