လိုက်ခဲ့ပြီ မောင်

ဖရင်းတယောက်က တင်ထားတယ်။

ချစ်၍ခေါ်သည် လိုက်တော်မူခဲ့
မပျောင်းနွဲ့ ရှင့် သွားတဲ့ခြေလှမ်း
ဆိပ်ကမ်းကိုကျော် သင်္ဘောပေါ်ထိ
ချစ်ဖေါ်မောင့်လက် ဆွဲခါတက်မည်
ဟိုဘက်နိဗ္ဗာန်ကမ်းသို့ တိုင် တဲ့။

အဲတာမြင်တော့ တွံတေးသိန်းတန်သီချင်းကို သတိရလို့ ရေးလိုက်တယ်။

စိုး သင်္ဘောပေါ်တက်ခဲ့မယ်နော်

သဘောင်္ဆိပ်ဆိုရင် ဖဆပလ ခေတ်ကအဖြစ်လည်း သတိရတယ်။ သမတကြီး (အဲဒီခေတ်က သမ္မတလို့ ရေးတာ နည်းတယ်) ဧရာဝတီတိုင်းကို တိုင်းခန်းလှည့်စဉ်က ဖဆပလ စည်းရုံးရေးမှူးတွေက ကျကျနနကြိုဆိုဘို့ ပြင်ဆင်ကြတယ်။ အသံကောင်းသူတယောက်ကို လော်စပီကမိုက်ခွက် တာဝန်ပေးတယ်။ ဝမ်းသာကျေနပ်ပြီးသကာလ သူပြောဆိုရမှာကို ရက်သတ္တတပတ်ကြာ လေ့ကျင့်ပါတယ်။

လူထုကြီးခင်ဗျား သမတကြီး ကြွချီလာပါပြီ။

နိုင်ငံတော်သမတကြီး သဘောင်္ဆိပ်ကမ်းကပ်ပြီ။ အောင်စည်တော်ကြီးလည်း တီးဖို့ အဆင်သင့်။ ကုန်းဘောင်ထိုးအပြီး တာဝန်ပေးထားသူက အသံနေအသံထားနဲ့ ဆော်သြလိုက်ပါတယ်။

သမတကြီးခင်ဗျား လူထုကြီး ကြွချီလာပါပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၁၉
Photo by Thiha Tun ကျေးဇူး

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး