အခေါ်အဝေါ် ဝေါဟာရ

ကျွန်တော်က အခေါ်အဝေါ်ကို သိပ်သတိထားသူဖြစ်တယ်။ ကျွန်တော်တည်းအိမ် ညီက ဆေးရုံအုပ်ကြီးလုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာလို့ သူ့ကို ဆရာကြီးလို့ခေါ်ကြတယ်။ ကျွန်တော်ကတော့ သူ့ကို ဆရာလေးလို့ခေါ်တယ်။

အမျိုးတွေထဲမှာ ကျွန်တော့်ကို အကိုလေးလို့ခေါ်လေ့ရှိတယ်။ ညီတွေ နှမတွေရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေကပါ အကိုလေးလို့ပဲ ခေါ်ကြတယ်။

မနှစ်က ဒီလိုနေ့မှာ အငယ်ဆုံးနှမရဲ့သူငယ်ချင်းနဲ့ သူ့ခင်ပွန်းတို့ မန္တလေး ဦးလေးဘုန်းကြီးကျောင်းမှာ လာတွေ့ကြတယ်။ နှမလိုပဲ သူ့သူငယ်ချင်းကလည်း အကိုလေးလို့ခေါ်တယ်။

ဘာမသိ ညာမသိ အမျိုးစပ်ခေါ်တာကိုတော့ မကြိုက်ပါ။ အခုထပ်ပြီး အဘရောဂါစာပို့လိုက်ရတယ်။ ကျွန်တော့်စာ တခါမှ ဖတ်ဖူးပုံမရသူဖြစ်မယ်။

ဝေါဟာရကို နိုင်ငံရေးလုပ်တာ မကြိုက်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၈
၂၅-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး