မြန်မာစာမှာ တယ့် မရှိပါ

အဆင်ပြေတဲ့အခါ (တဲ့)လို့ရေးတာ အမှန်ဆိုတာရယ် (တယ့်)လို့ ထွင်ပြီးရေးတာ အမှားဆိုတာလေး ပို့စ်တင်စေချင်ပါတယ်ခင်ဗျာ

တဲ့
တဲ့တိုး (ဒဲ့ဒိုး) ပြောပါ
တဲ့တိုးပြော
အဲ့တဲ့တဲ့
တောက်တဲ့
တော်တလဲ့ရွာ

တည့်
တည့်မတ်
တည့်တည့်ပြောမှ ရိပ်မိသည်
ဗဟိုတည့်တည့်
လက်တည့်သည်
နေမွန်းတည့်

တယ်
ခါတယ်သည်
ချိုးတယ်သည်
ချိုတယ်လူးနွား
တယ်တိန်ညင်
တယ်ကြက်
တယ်ကောင်းပါလား
တယ်တော်ပါလား
ထမင်းအိုးတယ်သည်
ဦးတင့်တယ်နတ်
စာရေးဆရာ တင့်တယ်

မြန်မာစာမှာ တယ့် မရှိပါ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂၀၁၉

Comments