မေလမှာ ဝါဆိုပန်းခူးခြင်း

ကွန်မင့်တခုရတယ်။ ပြည်သူကကြိုဆိုတဲ့ပန်းက အနီရောင်ဆိုတာတော့ သိတယ် ဘာပန်းလဲဆိုတာတော့မသဲကွဲဘူး ကျွန်တော့်အထင် အဲဒီအချိန်တုန်းက စိန်ပန်းအနီတွေ ပွင့်တဲ့အချိန် မို့ စိန်ပန်းနီတွေပဲထင်တယ် တဲ့။

ငယ်ငယ်က ဝါဆိုပန်းခူးကြတယ်ဆိုတာကို သိပ်နားမလည်။ ဘာပန်းကိုခူးကြတာလဲ။ တယောက်တမျိုး၊ ပန်းတွေက အမျိုးမျိုးပါလား။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲစည်းရုံးရေးခရီးတွေ ပုလဲမြို့နယ်က ရွာတိုင်းစေ့သွားလာခဲ့ကြတယ်။ တခြားမြို့နယ်တွေလည်း ရောက်တယ်။ တချို့ရွာတွေက ပန်းတွေနဲ့ကြိုကြတယ်။ ပန်းတွေက အမျိုးမျိုး။ နှင်းဆီပန်း၊ ငုပန်း၊ စိန်ပန်း၊ စပယ်ပန်း၊ စုံနေတာပဲ။ ပန်းပွင့်၊ ပန်းစည်း၊ ပန်းကုံး။ မေလဆိုတာ နယုန်လ။

တရွာကိုသွားကြတော့ ကြိုတဲ့ရွာသူရွာသားတွေက ရွာအဝင်မှာ ပန်းကိုယ်စီနဲ့ တန်းစီစောင့်နေကြတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း တန်းစီပြီး ရွာဝင်ကြတယ်။ ပန်းတွေကိုလည်းမြင်နေရပြီ။ ထူးထူးခြားခြား ဖွားဘက်တော် ပန်းကိုင်းတခုက အရှည်ဆုံး။ ဘယ်သူနဲ့ ညားမလဲ စဉ်းစားတာ စည်းရုံးရေးမှူးတယောက် ရသွားတယ်။ မနှစ်က အလည်ပြန်တော့ သူနဲ့တွေ့ပါတယ်။ နေကောင်းပါစေ။ ဖွားဘက်တော်ပန်းဆိုတာ ပန်းဖြူရောင်နဲ့ တောချယ်ရီ။

ရွေးကောက်ပွဲပန်းဆိုတာ တောပန်း။ ဝါဆိုပန်းလိုပဲ။ အမျိုးစုံတယ်။ အရောင်စုံတယ်။ ပန်းအားလုံးဟာ မြတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး