မြန်မာဝတ္တု တမိုးသောက်ပါစေသတည်း









ဒဂုန်ရွှေမျှားက ထူးတစ်ထွေလို့ မရေးခဲ့။
စစ်ကိုင်း ဦးဘိုးသင်းက ဖာတစ်လုံးခေါင်းကျားလို့ မရေးခဲ့။
သုခက နှစ်ကိုယ့်တစ်စိတ်လို့ မရေးခဲ့။
နတ်နွယ်က တစ်ကွေ့တော့ တွေ့ကြဦးမည်လို့ မရေးခဲ့။
စောဦးက တစ်မိုးသောက်သော်လို့ မရေးခဲ့။
လေးမြင့်က ရွှေတစ်လှည်း ဖွဲတစ်ဆုပ်လို့ မရေးခဲ့။

မြန်မာဝတ္တု တမိုးသောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၁၉
မြန်မာဝတ္တုအညွှန်း မလိခ Book Plaza Collection ကျေးဇူး။

တရွေ့ရွေ့သွားနေပုံ

မဟာပညာဗလ ပဌမကျော်ဦးကြီးဖေရေးသားတဲ့ ငါးရာ့ငါးဆယ် နိပါတ်တော်စကားပြေ

အမောင်နှင့် ပေါင်းဖေါ်နေရလျှင် ငါသွားသတ်မည်ဆို၍ အမယ်အိုသည် ပုဆိန်ငယ်ဖြင့် သားဖြစ်သူအားသတ်ရန် တရွေ့ရွေ့သွားနေပုံ

စစ်အစိုရတက်ကတည်းက တစ်ရွေ့ရွေ့လို့သာရေးခိုင်းထားတယ်။ မြန်မာစာသည် တမုဟုတ်ခြင်း ပြောင်းခဲ့သည်တကား။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၁၉
Book Plaza Collection ကျေးဇူး။

ဘဂ္ဂဒက်မြို့မှ သူခိုးအာမက်

သခင်ဘသောင်းဘာသာပြန်ခဲ့တာပါ။

ဇိုဗိတ်သည် အာမက်ကြောင့် ရုတ်ရက် အိပ်ယာမှ နိုးသွားသည်
ဇိုဗိတ်မှာ တဖြည်းဖြည်းနှင့် သေခါနီးနေပြီ

စစ်အစိုးရတက်ပြီးထုတ် သတ်ပုံစာအုပ်တွေမှာ တစ်တွေနဲ့သာ။ မြန်မာစာ ဇိုဗိတ်အဖြစ်နှင့် တူနေပါသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၁၉
Book Plaza Collection ကျေးဇူး။

တနေ့ရှုခင်း

ဒဂုန်ခင်ခင်လေး ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်

တနေ့ရှုခင်း
ကျွန်းတလျှောက်မှာတော့

စစ်အစိုးရနောက် ပေါ်ပေါက်လာကြတဲ့ မြန်မာစာပါမေက္ခတွေကတော့ ဒဂုန်ခင်ခင်လေး သတ်ပုံမှားသတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၁၉
Book Plaza Collection ကျေးဇူး။

သဇင်မြိုင်
တက္ကသိုလ်မောင်မောင်ခင်

တနှစ်ကုန် တနှစ်ကူးပြန်တော့
နားကပ်ကလေး တလက်လက်
တစိတ်တည်းထား တသားတည်းဖြစ်
မြန်မာမုံ့

နားကပ်ကလေး တစ်လက်လက် ဖြစ်နေရှာတဲ့ မြန်မာစာ တစိတ်တည်းထား တသားတည်းဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၁၉
Book Plaza Collection ကျေးဇူး။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး