ဘုန်းကြီးကျောင်းက စာအုပ်တွေ



မနှစ်က ဒီလိုရက်မှာ မန္တလေးက ဦးလေးဆရာတော်ကျောင်းရောက်တယ်။ ကျွန်တော်မရှိခင်မှာ ကွယ်လွန်သွားကြတဲ့ ကျွန်တော့်မိဘတွေကို ရည်စူးပြီး အမျိုးတွေစုပြီး ဆွမ်းကပ်ကြမယ်။ ကနေ့တော့ ဘုန်းကြီးကျွေးတဲ့ထမင်း စားခဲ့တယ်။ ဟင်းခွက်တွေအများကြီးထဲက ခရမ်းသီးချက်၊ ငရုပ်သီးထောင်းနဲ့ ငဖန့်ဝိုင်းငါးပိကောင်ကြော်ကို ရွေးစားခဲ့တယ်။

ဦးလေးဆရာတော်က ပါဠိ-မြန်မာ အဘိဓါန်ပြုအဖွဲ့ကဖြစ်တယ်။ သတ်ပုံအကြောင်းလည်း လျှောက်ထားဖြစ်တယ်။ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်စာတွေကို သတ်ပုံပြင်ရေးထုတ်နေကြောင်းလျှောက်တော့ ဦးလေးဘုန်းကြီးက အံ့သြနေတယ်။

ကျွန်တော်က အဲလိုအသိုင်းအဝိုင်းနဲ့ အဲလိုသတ်ပုံမှန်စာတွေကိုဖတ်ပြီး ကြီးလာခဲ့သူဖြစ်ပါတယ်။ ခုခေတ် မြန်မာစာဆရာတွေက ဘယ်ကျောင်းထွက်တွေဆိုတာ စဉ်းစားသာကြည့်ပေတော့။
သစ်ပင်တပင်ကို

မနှစ်က ဒီလိုနေ့မှာ မန္တလေး ဦးလေးဘုန်းကြီးကျောင်းရောက်တယ်။ မြန်မာစာသတ်ပုံမှန်နဲ့ရေးထားတဲ့စာအုပ်တွေ အများကြီးတွေ့ခဲ့တယ်။ မျက်စိနောက်မှာစိုးလို့ နည်းနည်းလေးသာ တင်ပြမယ်။

ဤသို့ မြတ်စွာဘုရားသည် သစ်ပင်တပင်ကိုပြရာ၌ အမြစ်ကို၎င်း ပင်စည်ကို၎င်း အသီးအပွင့်တို့ကို၎င်း ကိုင်၍ပြသကဲ့သို့

မြတ်စွာဘုရားသည် သစ်ပင်တစ်ပင်ကို မပြခဲ့ချေ။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၈
၂၅-၅-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး