အမှားတွေကို မူကြိုကတည်းက မျိုးစေ့ချပေးနေသူတွေ ပုရွက်ဆိတ်ဘေးက ဝေးပါစေ

ပုံအတွက် ကျေးဇူး။

၁။ ဘဝဆိုတာ အစဉ်ပြေသလို လှော်ခတ်သွားလာနေကြရတာပါ

အဆင်ပြေသလိုလို့ ရေးရတယ်။ အစဉ်ပြေလို့ပြောရင် စကားမပီရာကျတယ်။ ဆောရီး။

၂။ မြန်မာစားစရာလေးတွေရတော့ အစဉ်ပြေတာပေါ့

အဆင်ပြေလို့ ရေးရတယ်။ အစဉ်ဆိုတာ စဉ်ဆက်မပြတ်၊ အစဉ်သဖြင့်မှာသာ သုံးရတယ်။ အစဉ်ပြေလို့ပြောရင် စကားမပီရာကျတယ်။ ဆောရီး။

စဉ် = ကြိယာ = စီတန်းသည်၊
စဉ် = သမ္ဗန္ဓ = ပြုဆဲ ဖြစ်ဆဲကိုပြသောစကားလုံး၊

စဉ်
ကွန်းစဉ်တိုင်
စဉ်တိုက်
စဉ်တိုက် ဆက်တိုက်
စဉ်နက္ခတ်
စီစဉ်သည်
တံစဉ် (တစဉ်)
ပျက်အစဉ် ပြင်ခဏ
ဖိတ်စဉ်သည်
မင်းစဉ်မင်းဆက်
လွင့်စဉ်
သွားစဉ် လာစဉ်
အစဉ်မပြတ်
အစဉ်မသင့် (အစီအစဉ် မသင့်၊ အဆင်မသင့် မဟုတ်)
အစဉ်အလာ
အစီအစဉ်
နေ့စဉ်မှတ်တမ်း

စင်
ကင်းစင်
စင်စစ်
စင်ကြယ်
စင်ပြိုင်
စင်ရော်ငှက်
စင်္ကြံလျှောက်
စာအုပ်စင်
ထမ်းစင်
ပစ္စင်ရင်တား
ဗူးစင်
မစင်ကျင်ကြီး
ယက်ကန်းစင်
ဖြူစင်သော
အပျိုစင်
ရေအိုးစင်

ဆင်
ဆင့်ပါးစပ် နှမ်းပက်
ဆင်ကမှာ ကျောက်ဆည် နာမည်ကြီးတယ်
ဆင်ကျီစားရာ ဆိတ်မခံသာ
ဆင်စွယ်မှန် ပိုးမစား
ဆင်ဆာဖြတ်သည်
ဆင်တုံးမနွယ်
ဆင်တူယိုးမှား
ဆင်တူဝတ်ထားကြသည်
ဆင်ဒီကိတ်
ဆင်နားရွက်တံခါး
ဆင်ပိန်တော့ ကျွဲ
ဆင်ဖိုးထက် ချွန်းဖိုးကကြီး
ဆင်ကြံကြံ
ဆင်ခြင်စူးစမ်းသည်
ဆင်ခြင်တုံတရား
ဆင်ဖြူမျက်နှာ ဆင်မည်း မကြည့်ဝံ့
ဆင်ဖြူတော်မှီပြီး ကြံစုပ်
ဆင်မြန်း
ဆင်ရာတိမ်မိုး
ဆင်လိမ် (ငါးဖမ်းမြှုံး)
ဆင်ဝင်
ဆင်ဝန်မင်း
ဆင်သတ္တဝါ
ဆင်သွားရင် လမ်းဖြစ်
ဆင်အံငှက်ပျော
ဆင်ဦးစီး
ဆင်ချေးတုံးဆပ်ပြာ
ဆင်ခြေကန်
ဆင်ခြေဆင်လက်
ဆင်ခြေဖုံး
ဆင်ခြေလဲ
ဆင်ခြေထောက်
ဆင်ခြေလျှော
ဆင်ပြောင်ကြီး အမြီးကျမှတစ်
ဆင်ဝှေ့ရန်ရှောင်
ဆင်သေကို ဆိတ်သားရေနဲ့မဖုံးနဲ့
ဆင်နွှဲသည်
တန်းဆာဆင်သည်
ငြမ်းဆင်သည်
လယ်ပြင်မှာ ဆင်သွားသလို
အဆင်သင့်
အဆင်ပြေ
အမှုဆင်သည်

နာဠာဂီရိဆင်ကြီးနဲ့ ဆန္ဒန်ဆင်မင်းတို့ကိုတော့ စင်မင်းလို့ မရေးကြကောင်းပါရဲ့။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အစဉ်သဖြင့် အဆင်ပြေကြပါစေ။

အမှားတွေကို မူကြိုကတည်းက မျိုးစေ့ချပေးနေသူတွေ ပုရွက်ဆိတ်ဘေးက ဝေးပါစေ။

ဒေါက်တာတင့်ဆွေ

နောက်တခုတွေ့ပြန်ပြီဆရာ ကျွန်မ မူကြိုအတွက်စာအုပ်ဝယ်မလို့လုပ်တော့ အဲ့လိုလေးပါလာတယ်။ ဖိတ်စင် စင်မိ မဟုတ်လားဆရာ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး