အရမ်းတော်သောလူမျိုး

၁။ ဆရာစာတွေကအလိုကြီး ဖတ်လို့မရဘူး

ဖြေနေရတာ တကယ်ကိုမောပြီ။ ကိုယ့်ဖုန်းကနေ မြန်မာစာဖတ်နည်း သင်ယူထားစေလိုပါတယ်။

၂။ GP နဲႋMsc ကို ၡင်းပြပါေပးပါဆရာ

မဖတ်တတ်။ ဆောရီး။

အဲလိုဖြစ်တာတွေ နေ့တိုင်းနေ့တိုင်းတွေ့ရတယ်။ ဘားမိစ်ဖေါင့် ပေါ်ကာစ  အဲလောက်မဆိုးသေး။ မြန်မာဖေါင့်တွေနဲ့ ယူနီ ယူနက်တွေ ပေါ်လာတော့ အဲလိုဖြစ်ကုန်တယ်။ ယူစိမ်းဆိုတာ လာဦးမယ်။

မြန်မာပြည်က မြန်မာလူမျိုးတွေရဲ့ နည်းပညာကို မြန်မာလူမျိုးတချို့အတွက် အဆင်ပြေပြီး မြန်မာလူမျိုးတချို့အတွက် အဆင်မပြေ။

ကျွန်တော်တို့ အတော်ကို တော်ကြပြီး အရမ်းကို မတူညီကြပါတကား။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး