Don't cry for me Brexit ဘရစ်ဇစ်ရယ် ငိုပါနဲ့ကွယ်

ဗြိတိန်ဝန်ကြီးချုပ်မေ နှုတ်ထွက်တော့မယ်တဲ့။ လန်ဒန်မှာနေတဲ့သူငယ်ချင်းဆီ ရေးလိုက်တယ်။ ဘရစ်ဇစ်ရယ် ငါ့အတွက် ငိုမနေပါနဲ့ လို့။ အီးယူထဲကနေ ဗြိတိန်နှုတ်ထွက်ရေး အဆင်မပြေသေးပါ။

Don’t Cry For Me, Argentina ဆိုတဲ့စကား မျက်မှောက်သမိုင်းမှာ ထင်ရှားတယ်။ အတော်များများကတော့ နာမည်ကြီး အဆိုတော် Madonna မဒေါ်နာဆိုတဲ့သီချင်းသာ သိကြမယ်။ စကားရဲ့မူလပိုင်ရှင်က ဗြိတိန်ဝန်ကြီးချုပ် Margaret Thatcher မာဂရက်သက်ချာဖြစ်ပါတယ်။

မဒေါ်နာဆိုတဲ့သီချင်းက ၁၉၉၆ ခုမှာထွက်တယ်။ Falklands War ဖေါကလန်စစ်ပွဲက ၁၉၈၂ နွေရာသီမှာဖြစ်ခဲ့တယ်။ ဧပြီလ ၂ ရက်နေ့မှာ ဗြိတိန်ပိုပ် ဖေါ့ကလန်ကျွန်းကို အာဂျင်တီးနားတပ်တွေက ဝင်တိုက်တာကနေစတယ်။ ၅ ရက်နေ့မှာ ဗြိတိန်က စစ်သင်္ဘောတွေ စစ်လေယာဉ်တွေလွှတ်တယ်။ ၇၄ ရက်ကြာစစ်ဖြစ်တယ်။ ၁၄-၆-၁၉၈၂ မှာ အာဂျင်တီးနားတပ် လက်နက်ချရတယ်။ အာဂျင်တီးနာစစ်သည် ၆၄၉ ယောက်နဲ့ ဗြိတိန်စစ်သား ၂၅၅ ယောက်သေဆုံးခဲ့ကြရတယ်။ အရပ်သား ၃ ယောက်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး