Home remedies for fire ant stings ပုရွက်ဆိတ်ကိုက်ရင်
ကျွန်တော့်ကိုမေးတာတော့
မဟုတ်ပါ။ ပို့စ်တင်ပြီး ဖြေချင်သူဖြေပေးပါလို့ မေးတာ။ ပရွက်ဆိပ်အနီ
ကိုက်ရင် ဖြေဆေး လေးတော့ သိချင်ပါ့ တဲ့။ ဖြေကြတယ်။ အမျိုးမျိုး။
ကွန်မင့်ပေါင်း အခုထိ ၄၅ ခု။
ကမ္ဘာပေါ်မှာ ရက်ရောမှုအများဆုံးတိုင်းပြည်လို့ရေးတာ မနှစ်လောက် ဖတ်ရတယ်။ ကမ္ဘာ့ကျန်းမာရေးစံနစ်အဆင့် ၁၉၀ ဖြစ်ခဲ့တာ ၂၀၀၀ ခုနှစ်ကတည်းက။ ကျွန်တော်တို့ မြို့နယ်ဆရာဝန်လုပ်စဉ်က လူတိုင်းကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ ဆောင်ပုဒ်နဲ့ ကြိုးစားပမ်းစားလုပ်ခဲ့ကြရတယ်။
Fire ant ကို ကျွန်တော်တို့က Ant လို့ခပ်လွယ်လွယ်ခေါ်တယ်။ မြန်မာလို ပုရွက်ဆိတ်သတ်ပုံ မှားရေးကြတယ်။ ပုရွက်ဆိတ် အမျိုးအစားတွေများတယ်။ အမေရိကမှာ Solenopsis invicta နဲ့ Solenopsis richteri တွေများတယ်။ မြန်မာပြည်မှာ များတာ မသိသေးပါ။
Fire ant venom ပုရွက်ဆိတ်အဆိပ်ထဲမှာ ပရိုတင်းပေါင်း ၄၆ မျိုးပါတယ်။ ပုရွက်ဆိတ်ကိုက်ခံရရင် ဘယ်လိုတွေဖြစ်သလဲ မရေးတော့ပါ။ လူတိုင်း အကိုက်ခံရဘူးကြတယ်။
ပုရွက်ဆိတ်ကိုက်ရင်
၁။ အအေးကပ်ပါ။ ရရင်ရေခဲ။ မိနစ် ၂၀ လောက်ကြာ။
၂။ Hydrocortisone cream ဟိုက်ဒရိုကော်တီဇုန်း ခရင်မ် လိမ်းပါ။
၃။ Antihistamine အင်တီဟစ်တမင်း ခေါ် အလာဂျီဆေးတခုခု သောက်ပါ။
၎။ Triple antibiotic ointment ဗက်တီးရီးယားဝင်လို့ အနာမဖြစ်အောင် ပဋိဇီဝလိမ်းဆေးလိမ်းပါ။
လက်ဆောင်ပေးရင် အစုတ်အပြဲ မပါတာ။ ကန်တော့ရင် ပိုးဖေါက်မပါတာ။ ဆေးနည်းပေးရင် ပိုးမွှားမပါတာ ဖြစ်ရတယ်။ ယူတဲ့သူကလည်း ဘာလာလာ ဘာရရ မျက်စိမှိတ်မယူရပါ။ ပုရွက်ဆိတ်ကိုက်ခံထားရတဲ့ အဆင့်အတန်း ၁၉၀ အထက် တက်နိုင်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၉

Comments
Post a Comment