အမှန်ပြန်ဖြစ်ပြီလား

အသစ်ထွက်တဲ့ သင်ရိုးစာအုပ်ပုံပါဆရာ။ အတန်းနဲ့ Grade အမှန်ပြန်ဖြစ်သွားပြီ။

ဟုတ်။ ညတုန်းက ဆယ်တန်းကျောင်းသားမိဘတဦးက တင်ထားတယ်။ ဘာသာစုံ တစုံဝယ်လာတာ တချို့မှာ Grade 10 တချို့က Grade 9 တဲ့။

ဟုတ်တယ်ဆရာ။ စနစ်သစ်စပြောင်းတာ ၃နှစ်ပဲရှိသေးလို့ ဖတ်စာအုပ်က ၂မျိုးဖြစ်နေတာ။ တူမလေးက စနစ်သစ်သင်ရိုးနဲ့ စတက်ဖြစ်လို့ အကိုတို့ဆီကနေ ပုံရိုက်ပြီးပြခိုင်းတာ။

ကျွန်တော့်ဆီမှာ မှာလို့ လှမ်းပို့ပေးတဲ့ စာအုပ်တွေရှိတယ်။ အဟောင်းတွေလို့ ပြောချင်ပြောလို့ရမယ်။ ၂၀၁၅-၂၀၁၆ တဲ့။

သမိုင်းဆိုတာ မဖျာက်ရ မပြင်ရပါ။ ကျောင်းသုံးစာအုပ်ထဲ အမှားတွေရိုက်တာ သမိုင်း။ စာမေးပွဲမေးခွန်း လွဲတာလည်း သမိုင်း။ မှန်နေတဲ့သတ်ပုံကို ပြင်တာလည်း သမိုင်း။

တချို့ကပြောကြတယ်။ အစိုးရထုတ်က မမှားပါ အပြင်မှာ ခိုးရိုက်တာတွေကသာ မှားတာပါတဲ့။ အမှားရိုက်သူ တာဝန်ရှိတယ်။ အမှားတွေ သင်ပေးနေသူ ဆရာဆရာမတွေမှာ တာဝန်ရှိတယ်။ မိဘတွေထဲမှာ အမှားကို အမှားလို့သိသူ ဘယ်လောက်သာရှိသလဲ မသိ။ အမှားတွေရိုက်ထုတ်တာကို အရေးမယူသူတွေမှာ တာဝန်ရှိတယ်။

အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တာ သမိုင်း။ ဂျပန့်ကျွန်ဖြစ်ခဲ့တာ သမိုင်း။ စစ်အစိုးရကျွန်ဖြစ်ခဲ့တာ သမိုင်း။ ကျွန်စံနစ်မကြိုက်လို့ ကျွန်တော်လို့ မရေးဘူးဆိုသူတွေက ရှိသေး။

ကျောင်းသုံးစာအုပ်တွေထဲ သတ်ပုံလွဲတာတွေ၊ ဂန္တဝင်ကဗျာတွေကို မှားရေးတာတွေအပြင် ရုပ်ပြပုံတွေ မြန်မာပြည်က မဟုတ်တဲ့ လူပုံတွေကပါသေးတယ်။ ကျွန်တော်တို့မှာ ကိုယ့်လူမျိုးပုံရှားသလား။

မှားခဲ့တာတွေ မှားနေတာတွေ အမှန်ပြန်ဖြစ်ပြီလား။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ